တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
January 6, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်နေ့အထိ နိုင်ကျဉ်းအနည်းငယ်ပဲပါတဲ့ စစ်ကောင်စီလွတ်ငြိမ်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ကိုးထောင်ကျော်ကို လွှတ်ပေးရာမှာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်ပဲ ပါဝင်ပါတယ်။ ဇန်နဝါရီလ ၄ရက်နေ့မှာ ကျရောက်တဲ့ ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို လွှတ်ပေးခဲ့တာပါ။ ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲပါတယ်လို့ လွတ်ငြိမ်းခွင့်ပေးတဲ့နေ့မှာပဲ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမဲ့ ကိန်းဂဏန်းဖော်ပြတာမျိုးတော့ မရှိပါဘူး။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကတော့ အကျဉ်းထောင် ၂၈ ခုကနေ နိုင်ငံရေး […]