ရှမ်းမြောက်တွင် ယာယီအပစ်ရပ်ရန် သဘောတူဟုဆို
Dawei Watch
January 12, 2024တရုတ်ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ရှမ်းမြောက်ဒေသတွင် ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရကြောင်း ဆွေးနွေးပွဲတက်ရောက်သူတို့ကို ကိုးကားကာ ပြည်တွင်းသတင်း အချို့တွင် ဖော်ပြသည်။ စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ တရုတ်နိုင်ငံကူမင်းမြို့တွင် တတိယအကြိမ်အဖြစ် ဇန်နဝါရီလ ၉ရက်နေ့မှ ၁၁ ရက်အထိ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။ ရှမ်းမြောက်ဒေသတွင် ရောက်ရှိနေသည့်နေရာ၌ အပစ်အခတ်ရပ်စဲကြရန် ဆွေးနွေးပွဲ နောက်ဆုံးရပ်တွင် သဘောတူညီကြခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။ ဆွေးနွေးပွဲသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA က ဖုန်ခွန်း၊ ကျင်းရှင်၊ တအာင်းတပ် (TNLA) က ဗိုလ်မှူးချုပ် တာဘုန်းကျော်၊ ရခိုင်တပ် (AA) က ဒေါက်တာညိုထွန်းအောင်တို့ ဦးဆောင်တက်ရောက်ခဲ့သည်။ စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NMSC) က ဒုဗိုလ်ချုပ်ကြီးမင်းနိုင်ဦးဆောင်တက်ရောက်ခဲ့ပြီး တရုတ်ဘက်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. […]