တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
December 28, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ မင်းတပ်နဲ့ ကန်ပက်လက်ကို ချင်းညီနောင်သိမ်းယူ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ချင်းညီနောင် (CB) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။ မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို နိုဝင်ဘာလ ၉ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လဝက်ခန့်အကြာ ဒီဇင်ဘာလ ၂၁ရက်မှာ မြို့နယ်တစ်ခုလုံးကိုသိမ်းယူထိန်းချုပ်နိုင်ခဲ့တာလို့ ချင်းညီနောင်က ထုတ်ပြန်ပါတယ်။ မြို့သိမ်း တိုက်ပွဲမှာ အာရက္ခတပ်တော် AA က စစ်လက်နက်ခဲယမ်း၊ စစ်ကူနဲ့ စစ်ရေးအကြံဉာဏ်တွေပေးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့သလို ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။ မြို့သိမ်းယူပြီး နောက်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ကန်ပက်လက်မြို့သိမ်းစစ်ဆင်ရေးကို ဒီဇင်ဘာလ […]