ရခိုင် ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ
Dawei Watch
January 17, 2024ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရန်ကုန်-စစ်တွေသွား ကားလမ်းဘေးက ကန်စောက်တောင်အောက်တွင်ရှိသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ် ၅၃၉ တစ်ခုလုံး တပ်ဖွဲ့ဝင် သုံးရာနီးပါး လက်နက်ချကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။ အဆိုပါတပ်ရင်းကို ရက္ခိုင့်တပ်တော် AA က ဘက်ပေါင်းစုံက ပိတ်ဆို့ တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ ၁၆ ရက်တွင် အလံဖြူထောင်ကာ လက်နက်ချခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဗျူဟာမှူးနှင့် တပ်ရင်းမှုးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါး လက်နက်ချခြင်းဖြစ်ပြီး ကလေးငယ်များအပါအဝင် မိသားစုဝင် ရာနှင့်ချီလည်းပါဝင်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြိုးဖြင့် တုပ်နှောင်ပြီး AA တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရှိရသည်။ ကလေးငယ်များနှင့် […]