ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံအမှတ် ၅၄ ကို လေလံတင်ရောင်းချရန် စစ်ကောင်စီတရားရုံးအမိန့်ချ
Dawei Watch
January 25, 2024မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ နေအိမ်ကို လေလံတင်ရောင်းချရန် စစ်ကောင်စီ၏ ကမာရွတ်မြို့နယ် တရားရုံးက ယနေ့ ဇန်နဝါရီလ ၂၅ရက်တွင် အမိန့်ချလိုက်သည်။ ကြမ်းခင်းစျေး ကျပ်သိန်းပေါင်း သုံးသန်း တစ်သိန်း ငါးသောင်းကျပ်သတ်မှတ်ပြီး လာမည့် မတ်လ ၂၀ ရက်တွင် လေလံတင်ရောင်းချရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြကြသည်။ ခြံအမှတ် ၅၄ နေအိမ်ရှေ့တွင်ပင် လေလံတင်ရောင်းချရန် အမိန့်ချခဲ့ကြောင်းလည်း တရားရုံးနှင့် နီးစပ်သူတို့ကို ကိုးကားကာ ဘီဘီစီမြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဒေါ်ခင်ကြည် အမည်ပေါက်သည့် အဆိုပါခြံကို လေလံတင်ရောင်းချပြီး မောင်နှမနှစ်ဦး တစ်ယောက်ထက်ဝက်စီ ခွဲယူရန် သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက အထူးအယူခံလျှောက်ထားမှုကို ယင်းတောင်းဆိုချက်အတိုင်းပင် စစ်ကောင်စီ၏ ပြည်ထောင်စုတရားလွှတ်တော် […]