မြောက်ဦးမြို့က တပ်ရင်းတစ်ခုကို AA သိမ်းယူ၊ သုံးရက်အတွင်းသိမ်းယူသည့်တပ်ရင်း သုံးခုအထိရှိလာ
Dawei Watch
February 1, 2024ရခိုင်ပြည်နယ် မြောက်ဦးမြို့အခြေစိုက် တပ်ရင်းသုံးခုအနက် ခြေမြန်တပ်ရင်း ခမရ ၅၄၀ ကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။ ခမရ ၅၄၀ တပ်ရင်းတစ်ခုလုံးကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြောက်ဦးတွင် ကျန်ရှိနေသေးသည့် ခမရ (၃၇၇) ၊ ခမရ (၃၇၈) တပ်ရင်းနှစ်ရင်းအပြင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေသော စခန်းတိုင်းကိုလည်း အပြီးသတ်သိမ်းယူနိုင်ရန် ဆက်လက်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။ ဇန်နဝါရီလ ၂၈ ရက်က မင်းပြားမြို့ရှိ ခမရ ၃၈၀ တပ်ရင်း၊ ဇန်နဝါရီလ ၃၀ ရက်က ကျောက်တော်မြို့ရှိ ခမရ ၃၇၄ တို့ကို သိမ်းယူပြီးနောက် […]