ဘင်္ဂလားဒေ့ရှ်နယ်စပ်က နယ်ခြားစောင့်စခန်းတစ်ခုကို AA ထပ်မံသိမ်းယူ၊ ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသူ နှစ်ရာအထက်ရှိလာ
Dawei Watch
February 7, 2024မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ) စခန်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သိမ်းယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။ တောင်ပြို (လက်ဝဲ) နှင့် တောင်ပြို (လက်ယာ) စခန်းများကို AA က ဖေဖော်ဝါရီလ ၄ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့တွင် တောင်ပြို (လက်ယာ) စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း AA က ဆိုသည်။ စတင်တိုက်ခိုက်သည့်နေ့တွင် နယ်ခြားစောင့်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါး လက်နက်များဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြကြောင်း AA က ထုတ်ပြန်ထားသည်။ တိုက်ပွဲ သုံးရက်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာနှင့် အထက်ရှိနေပြီဖြစ်ကြောင်းလည်း AA က ဆိုသည်။ တောင်ပြိုလက်ဝဲသည် […]