စစ်သင်္ဘောတစ်စင်းကို AA ထပ်မံသိမ်းယူ၊ ခုနစ်ရက်အတွင်း စစ်သင်္ဘောငါးစင်းအထိတိုက်ခိုက်သိမ်းယူခံရ
Dawei Watch
February 14, 2024ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်က စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စင်းကို ထပ်မံတိုက်ခိုက် သိမ်းယူလိုက်ပြီး ခုနစ်ရက်အတွင်း တိုက်ခိုက်နစ်မြှုပ်သိမ်းယူခဲ့သည့် စစ်သင်္ဘော ငါးစင်းအထိရှိလာကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်တို့တွင် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲတွင် စစ်သင်္ဘောနှစ်စင်း၊ ဇက်သင်္ဘောတစ်စင်းတို့ကို တိုက်ခိုက်ခဲ့သဖြင့် မီးလောင်ပျက်စီးကာ နစ်မြှုပ်သွားကြောင်း ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မင်းပြားမြို့နယ် ပုလဲပေါက်ရွာအနီး စစ်သင်္ဘောတစ်စင်းကို တိုက်ခိုက်နစ်မြှုပ်နိုင်ခဲ့ကြောင်း AA က ဆိုသည်။ ယင်းအပြင် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မင်းပြားမြို့နယ် သက်ပုန်းရွာအနီးတွင် စစ်သင်္ဘောနောက်တစ်စင်းကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၇ရက်မှ ၁၃ ရက်အထိ […]