မောင်တောတွင် သိုလှောင်ရုံ ဖောက်ထွင်းလုယက် မီးရှို့ခံရမှု WFP အပြင်းအထန်ရှုတ်ချ
Dawei Watch
June 25, 2024ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ သိုလှောင်ရုံသည် ဇွန်လ ၂၂ရက်က ဖောက်ထွင်းလုယက်မီးရှို့ခံခဲ့ရပြီး ယင်းလုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချကြောင်း WFP က ယနေ့ ဇွန်လ ၂၅ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။ စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယက်ခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောင်အအုံများကို ဖျက်ဆီးခြင်း သည် WFP ၏ ကူညီထောင်ပံ့ရေး ကြိုးပမ်းမှုကို ထိခိုက်ပျက်ယွင်းစေသဖြင့် ယင်းလုပ်ရပ်ကို ချက်ချင်းရပ်တန့် ရမည်ဖြစ်ကြောင်း ဖော်ပြသည်။ ပဋိပက္ခတွင် ပါဝင်ပတ်သက်သည့်အဖွဲ့များ အားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန်လည်း WFP က တောင်းဆိုထားသည်။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် အဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး အကူအညီ အရေးတကြီးလိုအပ်နေသူများထံ အရေးပေါ်ကယ်ဆယ်ရေးအကူအညီများကို ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ […]