ရန်ကုန်တွင် ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်၊ တစ်ရက်အတွင်း လူတစ်ရာကျော်ဆေးရုံတက်ရ
Dawei Watch
July 11, 2024ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး ၂၄ နာရီအတွင်း အဆိုပါရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသရသည့် တစ်ရာကျော်ရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဇူလိုင်လ ၉ရက် ည ၆နာရီမှ ဇူလိုင်လ ၁၀ ရက် ည ၆နာရီအထိ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသရသည့် လူနာသစ် ၁၁၅ဦးရှိပြီး ယင်းအနက် ၂၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ သူများဖြစ်ကြောင်း ဖော်ပြသည်။ ယင်းမတိုင်မီ ဇူလိုင်လ ၉ရက် နံနက် ၆နာရီမှ ည ၆နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသရသူ ၆၄ဦးရှိခဲ့ပြီး ယင်းအနက် ခုနစ်ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသူများဖြစ်ကြောင်း ဖော်ပြသည်။ ဇူလိုင်လ ၈ရက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရသူ ၆၀ဦးရှိခဲ့ပြီး ယင်းအနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော […]