မိုးကုတ်မြို့ကို တအာင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ထိန်းချုပ်
Dawei Watch
July 24, 2024မန္တလေးတိုင်း မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းယူပြီး မြို့ကို ထိန်းချုပ်ထားကြောင်း တအာင်းတပ်မတော် (TNLA) က ယနေ့ ဇူလိုင်လ ၂၄ရက်တွင် ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေးတစ်ကျော့ပြန်စတင်သည့် ၃၀ ရက်မြောက်နေ့ဖြစ်သော ယနေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၅နာရီတွင် မိုးကောင်းမြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မိုးကုတ်မြို့ကို တအာင်းတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မိုးကုတ်ဗျူဟာ) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တို့ ပူးပေါင်းတပ်တို့က ဇွန်လ နောက်ဆုံးပတ်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနှင့် ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။ ယနေ့တွင် မိုးမိတ်မြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းတစ်ခုဖြစ်သည့် မိုးမိတ်ဗျူဟာကုန်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ […]