BREAKING
April 20, 2025

ပြည်တွင်းသတင်း

ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်သဖြင့် စစ်ရဟတ်ယာဉ်ထိခိုက်ပျက်စီးမှုရုပ်သံ NUG ထုတ်ပြန်

Dawei Watch

August 9, 2024

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် စစ်ကောင်စီတပ်၏ Mi-17 ထောက်ပို့ရဟတ်ယာဉ်ကို ဗုံးချတိုက်ခိုက်ခဲ့သည့် ရုပ်သံ မှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၉ရက်တွင် ထုတ်ပြန်သည်။ အဆိုပါရဟတ်ယာဥ်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၆ရက် ညနေပိုင်းက မြေပြင်၌ ပစ္စည်းချပြီး ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီ တပ်သားများကို တင်ဆောင်နေစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။ ရဟတ်ယာဉ် အမြီးပိုင်းနှင့် လူတင်နေသော အနောက်တံခါးပေါက်အနီးသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ရဟတ်ယာဉ် ထိခိုက်ပျက်စီးသည့်အပြင် စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းက အရာရှိအပါအဝင် ခုနစ်ဦး နေရာတွင်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ရဟတ်ယာဥ်မှူးတစ်ဦး အပါအဝင် ၁၇ ဦး […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 3, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၈ ရက်မှ ဩဂုတ်လ ၃ ရက်အထိ ကျပ်ငွေတန်ဖိုး ထိုးဆင်း ဒေါ်လာ၊ ဘတ်အပါအဝင် နိုင်ငံခြားငွေလဲနှုန်းနဲ့ ရွှေစျေးတွေ ဆက်တိုက်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုး ထိုးဆင်းနေပါတယ်။ ထိုင်းငွေ တစ်ဘတ်ကို ကျပ်ငွေ ၁၄၀နဲ့ ၁၅၀ ကြား စျေးပေါက်နေပြီး ထိုင်းဘတ်ငွေ ၆၉၀ ကျော်ဆိုရင် မြန်မာကျပ်ငွေ တစ်သိန်းအထိဖြစ်လာပါတယ်။ အမေရိကန်ဒေါ်လာကလည်း တစ်ဒေါ်လာကို ၅၅၀၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာပါတယ်။ အခေါက်ရွှေတစ်ကျပ်သားဆိုရင်လည်း ကျပ် ၆၅သိန်း အထက်မှာ စျေးပေါက်နေပါတယ်။ ကျပ်ငွေတန်ဖိုးထိုးဆင်းနေတာကြောင့် ကုန်စျေးနှုန်းတွေလည်း လိုက်တက်တဲ့ဒဏ်ကိုလည်း ပြည်သူတွေ ခံစားနေကြရပါတယ်။ နိုင်ငံအတွင်း စစ်ရေးတွေပြင်းထန်နေပြီး မန္တလေးအနားအထိ ရောက်လာတာ၊ နိုင်ငံရေးမတည်ငြိမ်တာကြောင့် […]

စစ်ကောင်စီက အရေးယူခဲ့သည့် ဟွန်ဒီငွေလွှဲလုပ်ငန်းရှင်များတွင် တနင်္သာရီတိုင်းသားသုံးဦးပါဝင်

Dawei Watch

August 3, 2024

စစ်ကောင်စီက အရေးယူခဲ့သည်ဆိုသည့် ဟွန်ဒီငွေလွှဲလုပ်ငန်းရှင် ကိုးဆယ်ကျော်တွင် တနင်္သာရီတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူသုံးဦး ပါဝင်နေသည်။ နိုင်ငံခြားငွေကြေးကစားနေသူများ၊ ဟွန်ဒီ(တရားမဝင် ငွေလွှဲ)လုပ်ငန်းလုပ်သူများနှင့် ဒီဂျစ်တယ်ငွေကြေး အရောင်းအဝယ်လုပ်သူ ၉၃ ဦးကို အရေးယူခဲ့ကြောင်း ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခြင်းဖြစ်သည်။ စစ်ကောင်စီက ထုတ်ပြန်ထားသည့် အရေးယူခံရသူ ၉၃ ဦးအနက် တနင်္သာရီတိုင်းမှတ်ပုံတင် (၆/) ကိုင်ထားသူသုံးဦး ပါဝင်နေသည်ကို တွေ့ရသည်။ ကော့သောင်းမြို့နယ်၏ ကသန(နိုင်) ကိုင်ဆောင်ထားသူတစ်ဦး၊မြိတ်မြို့နယ် မမန(နိုင်) တစ်ဦးနှင့် ကရသူရိ ကရရ(နိုင်) ကိုင်ဆောင်ထားသူတစ်ဦးတို့ ပါဝင်နေခြင်းဖြစ်သည်။ ၎င်းတို့သည် တရားဝင်လိုင်စင် မရှိဘဲ လုပ်ဆောင်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ဥပဒေပါ ပြဌာန်းချက်များအတိုင်း အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။ နိုင်ငံခြားငွေကြေး ရရှိရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် စစ်ကောင်စီက ထိုကဲ့သို့ […]

မိုးမိတ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းယူထားကြောင်း တအာင်းတပ်ပြော

Dawei Watch

August 1, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းယူထားပြီး ဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီး ၃၇ မြောက်နေ့ဖြစ်သည့် ဇူလိုင်လ ၃၁ ရက်တွင် မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းဖြစ်သည့် စစ်ဆင်ကွက်ကဲမှုဌာနချုပ် စကခ (၂၁)၊ ခြေလျင်တပ်ရင်း ခလရ (၃၄၈) မိုးမိတ်ဗျူဟာကုန်းတို့အား သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အထက်ပါ ဗျူဟာကုန်းနှင့် ဒိုးပင်ရွာတို့တွင် စစ်ကောင်စီတပ် Y12 ဖြင့် ဗုံး ၅၉ လုံး လာရောက်ကြဲချခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၁၀၂၇ စစ်ဆင်ရေးတစ်ကျော့ပြန်စတင်ပြီးနောက် နောင်ချိုမြို့နယ်ကို တအာင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ဇူလိုင်လ ၁၁ရက်တွင် သိမ်းယူနိုင်ခဲ့သည်။ တစ်ကျော့ပြန်တိုက်ပွဲ ၃၆ ရက်အတွင်း […]

မတ္တရာတွင် စစ်ကောင်စီတပ်စခန်း ၃၅ခုကို သိမ်းယူထားကြောင်း MDY-PDF ပြော

Dawei Watch

July 31, 2024

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၃၅ခုကို သိမ်းယူထားပြီးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။ ငါးလုံးပြွန်ကျေးရွာ တပ်စခန်း၊ တောင်ကန်ကျေးရွာ တပ်စခန်း၊ အောင်သပြေကျေးရွာ တပ်စခန်း၊ အောင်သပြေကားကွင်း တပ်စခန်း၊ မြို့ကုန်းရွာ တပ်စခန်း၊ ထန်းပင်ကုန်းရွာ တပ်စခန်းနှင့် ဘိုကုန်းရွာ တပ်စခန်းတို့ကို ထပ်မံ သိမ်းယူရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ MDY-PDF ဇူလိုင်လ ၁၆ရက်က မတ္တရာမြို့နယ် စစ်ရေးသတင်းထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်စခန်း ၂၈ ခု သိမ်းယူထားသည်ဟု ဖော်ပြခဲ့သဖြင့် ယင်းနောက်ပိုင်းတွင် အထက်ပါ စခန်း ခုနစ်ကို ထပ်မံသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။ မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းလည်း ဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ […]

အရေးပေါ်ကာလ ၆လ ထပ်တိုးရန် စစ်ခေါင်းဆောင် ကိုယ်တိုင်အဆိုပြုပြီး ကိုယ်တိုင်ဆုံးဖြတ်

Dawei Watch

July 31, 2024

အရေးပေါ်ကာလကို ခြောက်ကြိမ်မြောက်အဖြစ် ထပ်မံခြောက်လသက်တမ်း တိုးလိုက်ကြောင်း နိုင်ငံ၏ထိပ်ပိုင်းရာထူးများကို တစ်ဦးတည်း ရယူထားသည့် စစ်ခေါင်းဆောင်က ကြေညာလိုက်သည်။ ကာလုံဟုခေါ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ကျင်းပကာ သက်တမ်း ထပ်တိုးလိုက်ခြင်း ဖြစ်သည်။ သမ္မတက ဦးဆောင်ခေါ်ယူကျင်းပရသည့် ကာလုံအစည်းအဝေးကို အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်က ဒုသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတတင်မြှောက်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် တင်မြှောက်ခဲ့သည့် သမ္မတ၊ ဒုသမ္မတ သုံးဦးစလုံး မပါဝင်ဘဲ ကျင်းပခြင်း ဖြစ်သည်။ ယင်းအပြင် ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေကြောင့် တာဝန်လွှဲပြောင်းသည်ဆိုကာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတရာထူး ရယူပြီးနောက် ပထမဆုံးအကြိမ် ကာလုံအစည်းအဝေး ခေါ်ယူခြင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ယာယီသမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ စစ်ကောင်စီဥက္ကဋ္ဌ၊ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 27, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်အထိ လားရှိုး ရမခနဲ့ မိုးကုတ်မြို့ကို မြောက်ပိုင်းအဖွဲ့နဲ့ပူးပေါင်းတပ်တွေသိမ်းယူ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နဲ့ ပတ္တမြားမြေ မိုးကုတ်မြို့တို့ကို မြောက်ပိုင်းမဟာမိတ် တပ်တွေနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူလိုက်ပါတယ်။ ရက်ပေါင်း ၂၀ကျော် တိုက်ခိုက်ပြီးနောက် လားရှိုး ရမခကို ဇူလိုင် ၂၅ ရက် မနက်မှာ သိမ်းယူနိုင်ခဲ့တာလို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။ လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ရယူထားပြီလို့ဆိုပြီး မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို လိုက်လံ ရှင်းလင်းနေတယ်လို့လည်း ကြေညာထားပါတယ်။ လားရှိုး ရမခကို သိမ်းယူတာဟာ အာဏာသိမ်းပြီးနောက်မှာ တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဆုံးအကြိမ် […]

လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် သိမ်းယူ

Dawei Watch

July 25, 2024

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၄နာရီတွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။ စတင်တိုက်ခိုက်ပြီး ၂၃ ရက်အကြာတွင် လားရှိုးမြို့ လုံးဝလွတ်မြောက်ပြီဖြစ်ပြီး တော်လှန်ရေးလှုပ်ရှားမှု၏ သမိုးဝင် အောင်ပွဲတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လားရှိုးတွင် ပစ်ခတ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဒေသတွင်းနှင့် ပြည်တွင်း သတင်းအချို့တွင် ဖော်ပြသည်။ လားရှိုး ရမခကို သိမ်းယူခြင်းမှာ တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဆုံးအကြိမ် သိမ်းယူနိုင်ခြင်းလည်း ဖြစ်လာသည်။ ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီးနောက် နောင်ချို၊ မိုးကုတ်မြို့တို့ကို တအာင်းတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့က သိမ်းယူနိုင်ခဲ့ပြီး စဉ့်ကူးမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်တို့က သိမ်းယူထားသည်။ Photo […]