ပင်လည်ဘူးမြို့ကို သိမ်းယူထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းပကဖ ထုတ်ပြန်
Dawei Watch
October 9, 2024စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချပြီး ထွက်ခွာသွားသဖြင့် မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ အောက်တိုဘာလ ၉ရက်တွင် ထုတ်ပြန်သည်။ ပင်လည်ဘူးမြို့ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်တွင် ပဉ္စမအကြိမ်မြောက်အဖြစ် စတင်တိုက်ခိုက်ခဲ့ပြီး ၅၃ ရက်အကြာ အောက်တိုဘာလ ၈ရက်တွင် မြို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အောက်တိုဘာလ ၇ရက်ညတွင် ရဲစခန်းနှင့် ပင်လည်ဘူးသို့ စစ်ကူရောက်ရှိနေသည့် ဘဏ်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် ဒဏ်ရာရရှိသူများသလို မိသားစုဝင်များတွင်လည်း ရိက္ခာပြတ်လပ်ခြင်းတို့ကြောင့် လက်နက်ချထွက်ခွာခွင့် တောင်းခံခဲ့ကြောင်း စစ်ကိုင်းတိုင်း ပကဖက ထုတ်ပြန်သည်။ ယင်းသို့တောင်းခံမှုကို ခွင့်ပြုလိုက်သဖြင့် အောက်တိုဘာလ ၈ရက် နံနက်ပိုင်းတွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဆိုသည်။ လက်နက်ချသူများကို ဝန်းသိုမြို့သို့ […]