အကျိုးစီးပွားဆက်စပ်သည့် အိမ်နီးချင်းနိုင်ငံအချို့၏ကူညီမှုဖြင့် စစ်ကောင်စီ အာဏာကိုဖက်တွယ်ထားဟု AA စစ်ဦးစီးချုပ်ပြော
Dawei Watch
April 11, 2024စစ်ကောင်စီသည် စစ်လက်နက်အင်အား၊ ရေတပ်၊ လေတပ်နှင့် အကျိုးစီးပွားချင်း ဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံအချို့၏ ကူညီပံ့ပိုးမှုများဖြင့် အာဏာကို ဆက်လက်ဖက်တွယ်ထားကြောင်း ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။ ဧပြီလ ၁၀ ရက်က AA တပ် တည်ထောင်မှု ၁၅နှစ်ပြည့် အခမ်းအနား မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် အာဏာသိမ်းမှုနောက်ပိုင်းတွင် ဗမာလူမျိုးများ၏ ပြင်းထန်သည့်ဆန့်ကျင်မှု၊ လက်နက်ကိုင်တော်လှန် မှု၊ တိုင်းရင်းသားပေါင်းစုံ၏ တစ်ပြိုင်နက်တည်းဆန့်ကျင်မှု၊ နိုင်ငံရေး စစ်ရေး စီးပွားရေး အကျပ်အတည်းများအပြင် မြန်မာစစ်တပ် တစ်ခါမျှမကြုံဖူးသည့် အထွေထွေအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်းလည်း ဆိုသည်။ ရခိုင်တွင် ရည်မှန်းချက် ပြီးမြောက်ရန်အတွက် စစ်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အပြင်းထန်ဆုံးနှင့် အလျင်အမြန်ဆုံး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။ […]