စဉ့်ကူးတွင် လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ကလေးများအပါအဝင် ၂၇ဦးသေဆုံးကြောင်း MDY-PDF ပြော
Dawei Watch
March 14, 2025မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ စျေးဆိုင်တန်းများကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူ ၂၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယနေ့ မတ်လ ၁၄ ရက် ညနေ မွန်းလွဲ ၃နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ကလေးငယ် ခြောက်ဦးအပါအဝင် ၂၇ဦး သေဆုံးကာ ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မတ်လ ၄ ရက်တွင်လည်း လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။ စဉ့်ကူးမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် သိမ်းယူပြီး ထိန်းချုပ်ထားသည့် မြို့နယ်ဖြစ်သည်။ […]