ငလျင်ကြောင့် မန္တလေးတွင် သေဆုံးသူ ခုနစ်ရာနီးပါး၊ ဒဏ်ရာရသူ ၁၆၀၀ ကျော်ရှိလာ
Dawei Watch
March 29, 2025အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု များပြားခဲ့သည့် ဒေသများအနက် မန္တလေးတစ်ခုတည်းတွင် သေဆုံးသူ ၆၉၄ဦး၊ ဒဏ်ရာရသူ ၁၆၇၀ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ မန္တလေးသို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက်ပြီးနောက် သတင်းထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြသည်။ လက်ရှိတွင် ပျောက်ဆုံးသူ ၆၈ဦးရှိနေပြီး သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးမှု အသေးစိတ် စာရင်းကို ဆက်လက်ကောက်ယူနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ မတ်လ ၂၈ ရက်ညတွင် စစ်ကောင်စီထုတ်ပြန်ချက်အရ နေပြည်တော်တွင် သေဆုံးသူ ၉၆ ဦး၊ စစ်ကိုင်းမြို့တွင် သေဆုံးသူ ၁၈ဦးရှိခဲ့သည်ဆိုသဖြင့် သေဆုံးသူ စုစုပေါင်း ၈၀၈ ဦးအထိ ရှိလာပြီဖြစ်သည်။ မတ်လ ၂၈ရက်က ရစ်(ခ်)တာစကေး ၇ဒသမ ၇အဆင့်ရှိ အင်အားအလွန်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင် ၁၃ ကြိမ်အထိ […]