သင်္ကြန်ကာလ ကျုံဒိုးတွင် လေယာဉ်ဖြင့်ဆက်တိုက်ဗုံးကြဲ၊ ကိုယ်ဝန်ဆောင်တစ်ဦးအပါ သေဆုံးသူ ကိုးဦးထက်မနည်းရှိလာ
Dawei Watch
April 18, 2025ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးအနားတဝိုက်တွင် သင်္ကြန်ကာလအတွင်း လေကြောင်းဖြင့် တိုက်ခိုက် ခံရမှုများကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ကိုးဦးထက်မနည်း သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရကြောင်း ဒေသခံနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ အချက်အလက်များအရ သိရသည်။ ကျုံဒိုးမြို့အနီးအနားတဝိုက်ရှိ ကျေးရွာများထဲကို စစ်ကောင်စီတပ်က ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ကစပြီး နေ့စဉ်ရက်ဆက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဧပြီလ ၁၈ရက်တွင် ကျုံဒိုးမြို့၊ သလွဲထော်ကျေးရွာကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်သောကြောင့် အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးအပါအဝင် သုံးဦးထက်မနည်း ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။ “ရွာတွေကို ပတ်ပြီး နေ့တိုင်း ဗုံးကြဲနေတယ်။ သင်္ကြန်အကြတ်နေ့ကနေ ဒီနေ့အထိပဲ။ ဒီမနက် (ဧပြီ ၁၈) […]