BREAKING
September 19, 2024

မွန်

ရေးမြို့မ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ရေးဘီလူးအဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်

Dawei Watch

June 26, 2024

ရေးမြို့နယ် ၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ ယနေ့ (ဇွန် ၂၆)​တွင် ရေးဘီလူးအဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ အလင်းဝင်လာသည့် ရဲသည် ကိုယ်ပိုင်နံပါတ် ၂၈၃၂၆၉ ကိုင်ဆောင်သူ ဒုတပ်ကြပ် ရဲထက်ပိုင် ဖြစ်ပြီး ၎င်းနှင့်အတူ AK 47 သေနတ်တစ်လက်၊ ၇ ဒသမ ၆၂ ကျည်ဘောက်နှစ်ခု တို့ယူဆောင်လာခဲ့သည်ဟု ရေးဘီလူးအဖွဲ့ထံကသိရသည်။ ယင်း ဒုတပ်ကြပ်မှာ လက်နက်နှင့်အတူ အလင်းဝင်သဖြင့် အဖွဲ့၏မူအရ ကျပ်သိန်း၃၀ ချီးမြှင့်ပေးအပ်ခဲ့သည်ဟု ရေးဘီလူး‌အဖွဲ့ခေါင်းဆောင်ကဆိုသည်။ “သူ့ကို ဘယ်လိုထားရှိမလဲဆိုတော့ ရွေးချယ်မှု သုံးခုရှိတယ် ။ နိုင်ငံခြားသွားလို့ရမယ် ။ ခိုလှုံအဖြစ် နေလို့ရမယ် ။ တော်လှန်ရေးထဲမှာ တစ်ပိုင်တစ်နိုင် ဆောင်ရွက်လို့ရမယ် ။ ဒီအချက်သုံးချက်ထဲက သူရွေးချယ်တဲ့အတိုင်း စီစဉ်ဆောင်ရွက်ပေးမှာ […]

မော်လမြိုင်တက္ကသိုလ် သိင်္ဂီဆောင် တိုက်ခန်းလေးခန်းမီးလောင်

Dawei Watch

June 16, 2024

မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းရှိ သိင်္ဂီဆောင်တွင် မီးလောင်မှုဖြစ်ပွားပြီး တိုက်ခန်းလေးခန်း ပျက်စီးကြောင်း မော်လမြိုင် rescue လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ဇွန်လ ၁၅ ရက် ညသန်းခေါင်ယံ ၁၂ နာရီ ၄၀မိနစ် (ယနေ့ နံနက်အစောပိုင်း) တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး နာရီဝက်ကျော်အကြာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ သိင်္ဂီဆောင် ဝန်ထမ်းလိုင်းခန်းတစ်ခုတွင် လျှပ်စစ်မီးဖို အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင် rescue လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ မီးစတင်လောင်ကျွမ်းသည့် တိုက်ခန်းအတွင်းပိုင်း မီးလောင်ခဲ့ပြီး နံဘေးရှိ တိုက်ခန်းတွဲ ၃ ခန်း မျက်နှာကျက်အပိုင်းများ မီးလောင်ပျက်စီးခဲ့ကြောင်းသွားရောက်ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။ မီးလောင်မှုတွင် လူထိခိုက်သေဆုံးမှု မရှိကြောင်းလည်း အဆိုပါအသင်းများထံမှ သိရသည်။

စစ်ကောင်စီတပ်ကားကို NMSP-AD ကြားဖြတ်တိုက်ခိုက်၊ အရာခံဗိုလ်တစ်ဦးသေဆုံးဟုဆို‌

Dawei Watch

June 10, 2024

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသည့်ကားကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက် ရေး) NMSP-AD က ကြားဖြတ်တိုက်ခိုက်သောကြောင့် အရာခံဗိုလ်တစ်ဦး သေဆုံးကြောင်း NMSP-AD နှင့် ဒေသခံတို့ထံမှ သိရသည်။ ဇွန်လ ၉ရက် ညနေ ၃ နာရီခွဲခန့်က ရောင်းဒေါင်းကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် စီးနင်းလာသည့် ဟိုက်ဂျက်ကားကို NMSP-AD တို့က စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NMSP-AD ထံမှ သိရသည်။ ဒေသခံတစ်ဦးကလည်း “ညနေပိုင်းဆို နေ့တိုင်းပဲ ကားနဲ့လာပြီး ရွာတွေမှာ (စစ်ကောင်စီတပ်က) စစ်သားတွေ လိုက်ချတယ်။ ကင်းလာချတယ်ပေါ့။ မနေ့က ညနေမှာတော့ ရောင်းဒေါင်းနဲ့ နှီးပဒေါ (ရွာ) ကြား ရောင်းဒေါင်းအပိုင်ပေါ့၊ အဲဒီမှာ ပစ်ခတ်ခံရတာ။ တွေ့တဲ့လူတွေက လမ်းမှာ စစ်သားတစ်ယောက်တော့ […]

ဖမ်းဆီးခံရသည့် လမိုင်းလူငယ်ပရဟိတ ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်ငါးဦး ပြန်လွတ်

Dawei Watch

June 7, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည့် လမိုင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်သုံးဦးတို့ ဇွန်လ ၆ရက် ညနေပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူတို့ ထံမှ သိရသည်။ လမိုင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်သုံးဦးတို့ကို ရေးအခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၈၈ တပ်ရင်းက မေလ ၂၉ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ “မနေ့က ညနေပိုင်းမှာ သူတို့ ပြန်လွတ်လာတယ်။ သူတို့ကို အဲဒီ ၅၈၈ တပ်ရင်းမှာပဲ ထားထားတယ်လေ။ ဖမ်းထားတဲ့ အချိန်မှာ ကောင်းကောင်းမွန်မွန်ပဲ ထားထားတယ်လို့ပြောတယ်” ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသည့် စစ်ကောင်စီ ခမရ-၅၈၈ တပ်ရင်းက အရာရှိတစ်ဦးကို လမိုင်းလူငယ်ပရဟိတအသင်းက လမိုင်းဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ […]

လမိုင်းပရဟိတအဖွဲ့၏ ဥက္ကဋ္ဌအပါအဝင်ငါးဦးကို စစ်ကောင်စီတပ်ဖမ်းဆီးထားပြီး ကိုးရက်ကြာအထိ ပြန်မလွတ်သေး

Dawei Watch

June 6, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့က လမိုင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင်ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံတို့က ပြောသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသည့် ရေးအခြေစိုက်စစ်ကောင်စီ ခမရ-၅၈၈ တပ်ရင်းက အရာရှိတစ်ဦးကို လမိုင်းလူငယ် ပရဟိတအသင်းက မေလ ၂၉ ရက်တွင် လမိုင်းဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်စဉ် ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့တို့က ပိတ်ဆို့စစ်ဆေးခဲ့ပြီး အဆိုပါ စစ်တပ်အရာရှိကို ဖမ်းဆီးသွားခဲ့သည်။ ထိုဖြစ်စဉ်ဖြစ်ပြီးနောက် အဆိုပါနေ့တွင်ပင် လူနာပို့ဆောင်ခဲ့သည့် လမိုင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင် သုံးဦးတို့ကို ခမရ- ၅၈၈ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ခမရ ၅၈၈ က ဒဏ်ရာရထားတဲ့ အရာရှိကို လမိုင်းလူငယ်ပရဟိတက မော်လမြိုင်ကို ပို့ဖို့အသွား လမ်းမှာ တော်လှန်ရေး […]

ရေးတွင် စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ကလေးသုံးဦးအပါအဝင် မိသားစုဝင်ငါးဦးဒဏ်ရာရ

Dawei Watch

June 6, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ မော့ကနင်ကျေးရွာတွင် ဇွန်လ ၅ ရက်ညက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးသုံးဦး အပါအဝင် မိသားစုဝင်ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ-၁၀၆ တပ်ရင်းက ဇွန်လ ၅ ရက် ည ၉ နာရီခွဲကျော်ကစပြီး မော့ကနင် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ဇွန်လ ၆ရက် နံနက် ၁ နာရီဝန်းမှသာ လက်နက်ကြီးပစ်ခတ်သံ တိတ်သွားကြောင်း ၎င်းတို့က ဆိုသည်။ လက်နက်ကြီးကျည်တစ်လုံးမှာ မော့ကနင်းကျေးရွာ၊ ကားဆိပ်ရပ်ရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ၁၀နှစ်အောက် ကလေး သုံးဦးနှင့် မိဘနှစ်ဦး ကျည်စထိမှန်ဒဏ်ရာများရပြီး နေအိမ်လည်းပျက်စီးကြောင်း ဒေသခံတစ်ဦးက […]