BREAKING
September 19, 2024

မွန်

ရေးတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

July 8, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်းကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး ဇူလိုင်လ ၇ ရက် ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယမန်နေ့ ည ၈နာရီဝန်းကျင်က မော့ကနင်းကျေးရွာ ကားဆိပ်ပိုင်းတွင်နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ဒေါ်နှင်းယုလှိုင်ဆိုသည့် အမျိုးသမီးသည် နေအိမ်တွင် ရှိနေချိန် သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် လာရောက်ကာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဒေါ်နှင်းယုလှိုင်သည် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးကြောင်း ဒေသခံတို့ကဆိုသည်။ “သေနတ်သမားတွေက နေအိမ်ထဲအထိကို ဝင်ပစ်သွားတာ။ အဲဒီအမျိုးသမီးကတော့ ပွဲချင်းပြီး သေသွားတယ်။ အဲဒီဖြစ်စဉ် ဖြစ်ပြီးတော့ စစ်တပ်တွေ ရဲတွေလာစစ်ဆေးတာမျိုး လုပ်တာရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒေါ်နှင်းယုလှိုင်သည် စစ်ကောင်စီတပ်၊ […]

ဂျိုင်းမြစ်ဒေသတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေဟု MSFC ထုတ်ပြန်

Dawei Watch

July 5, 2024

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင် စစ်ကောင်စီတပ်က နည်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးများကိုနှောင့်ယှက်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်းအပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများလည်း လုပ်ဆောင်နေဟု ထုတ်ပြန်ချက်ကဆိုသည်။ နေရပ်ပြန်လာကြသည့် ဒေသခံအမျိုးသမီးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထမင်းဟင်းချက်ပြုတ်ရန် အဓမ္မစေခိုင်းခြင်း၊ ညအချိန်မတော် အိမ်တံခါးခေါက်ပြီး နှောင့်ယှက်ခြင်း၊ လမ်းသွားလမ်းလာ လူငယ်အမျိုးသမီးများကို နှောင့်ယှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေသည်ဟု MSFC ကဆိုသည်။ “ထုတ်ပြန်ထားသလိုပါပဲ ညနေပိုင်းလောက်ဆို ဂိတ်လိုမျိုးလုပ်ပြီးတော့ လူသွားလူလာတွေကို သူတို့ (စစ်တပ်) စစ်ဆေးတဲ့အခါမှာ အမျိုးသမီးတွေကို နှောက်ယှက်တယ်။ နောက်ပြီး အမျိုးသမီးတွေကို ထမင်းဟင်းချက်ခိုင်းတယ်။ အဲဒီမှာလည်း လိင်ပိုင်းဆိုင်ရာ […]

ကျိုက်မရော ပျားတောင်ဒေသခံထောင်ချီ ထပ်မံထွက်ပြေးရ

Dawei Watch

July 4, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင် စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာနေသည့် အပြင် လက်နက်ကြီးများဖြင့်လည်း နေ့တိုင်းနီးပါး ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပျားတောင်ဒေသသို့ ဇူလိုင်လဆန်းပိုင်းကစကာ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံတို့က ပြောသည်။ ယင်းအပြင် စံပယ်ဂူတံတားအနီးရှိ စံပယ်ဂူတောရဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း ပျားတောင်ဒေသတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပျားတောင်ဒေသမှာ စစ်တပ်တွေ ဝင်လာနေတာရှိတယ်။ အရေအတွက်တော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး။ စစ်ကြောင်းတွေ ဝင်လာနေတာတော့ ဟုတ်တယ်။ နောက်ပြီး လက်နက်ကြီးနဲ့ ပစ်နေတောကလည်း နေ့တိုင်းရှိနေတော့ ရှောင်ကုန်ကြတာ။ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြလို့လေ” ဟု ပျားတောင်ဒေသခံတစ်ဦးက ပြောသည်။ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းနှင့် လက်နက်ကြီးဖြင့် […]

မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင်ကျော်ရှိလာ

Dawei Watch

July 2, 2024

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ များပြားနေပြီး ဇူလိုင်လဆန်းပိုင်းအထိ ရောဂါဖြစ်ပွားသူ တစ်ထောင်ကျော် ရှိကြောင်း ကျန်းမာရေးဝန်ထမ်းတို့ထံမှ သိရသည်။ ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ရောဂါမှာ ဇန်နဝါရီလမှ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လဆန်းပိုင်းခန့်မှစကာ ရောဂါဖြစ်ပွားမှု များလာကြောင်း ၎င်းတို့က ပြောသည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားသူအများစုသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ပြီး မိုးရွာသွန်းမှုများသည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့တွင် ပိုပြီး အဖြစ်များလာနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းတို့က ဆိုသည်။ “သွေးလွန်တုပ်ကွေးက မိုးများလာတဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်ပေါ့၊ ဒီလတွေမှာ ပိုအဖြစ်များပါတယ်။ သတိထားရမယ့် ကာလ ဖြစ်တယ်။ အထူးသဖြင့် ကလေးတွေကို ပိုပြီး ဂရုစိုက်ရပါမယ်။ ဒီကာလမှာ ကလေးတွေ နေမကောင်းဖြစ်လာရင် ဆေးရုံ၊ ဆေးခန်းပြဖို့ လိုပါတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။ ပြည်နယ်အတွင်း၌ […]

ရေးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

Dawei Watch

June 28, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာ၌ စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၁၀ နှစ်အောက်ကလေး နှစ်ဦးအပါအဝင် မိသားစုဝင် လေးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇွန်လ ၂၇ ရက် ညနေ ၆ နာရီဝန်းကျင်က ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၇ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ လက်နက်ကြီးကျည်သည် နှစ်ကရင်ကျေးရွာ၊ ဘူတာရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ပေါ်ရှိ မိသားစု လေးဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ သူတို့ (စစ်ကောင်စီတပ်) က ရမ်းပစ်တာလေ။ ရမ်းပစ်တော့ ကျချင်တဲ့နေရာမှာကျ။ အိမ်ပေါ်ကျရင်တော့ လူထိ […]

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကျိုက်ထိုဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

Dawei Watch

June 27, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ် နေမှုကြောင့် ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံနှင့် အကူအညီပေး နေသူ တို့ထံမှ သိရသည်။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၀ က လူနေကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံတို့က ဆိုသည်။ “ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာက နေ့တိုင်းလိုလိုပါပဲ။ အခုဆို ရွာမှာ ဘယ်သူမှလည်း မနေရဲကြတော့ဘူး။ အကုန်ထွက်ပြေးနေရတယ်။ ဘာတိုက်ပွဲ ဘာမှမရှိဘဲနဲ့ကို ရွာထဲကို တမင်သက်သက် ပစ်နေတာ” ဟု ကျိုက်ထို ဒေသခံတစ်ဦးက ပြောသည်။ ဇွန်လ ၁၄ ရက်တွင် အမြောက်တပ်ရင်း ၃၁၀ က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် […]