BREAKING
September 16, 2024

မွန်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်တွင် မြို့နယ်ငါးခုရှိ အနိမ့်ပိုင်းနေရာအချို့ ရေစဝင်

Dawei Watch

July 24, 2024

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ငါးခုက အနိမ့်ပိုင်းနေရာအချို့တွင် ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းမှ စတင်ကာရေစဝင်နေကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက် ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်မြို့နယ်အတွင်းက အနိမ့်ပိုင်းကျေးရွာ၊ ရပ်ကွက်တို့တွင် ရေစတင်ဝင်ရောက်နေကြောင်း ၎င်းတို့က ပြောသည်။ သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကျောင်းပိုင်း၊ စက်သစ်ပိုင်း၊ အောင်ချမ်းသာရပ်ကွက်၊ ဆည်မြောင်းပိုင်းအစရှိသည့် အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေစဝင်နေကြောင်း မြို့ခံတို့က ဆိုသည်။ “မိုးကောင်းနေတာ မနေ့ကတည်းက။ အခုလည်း ရွာနေတုန်းပဲ။ တချို့နေရာမှာတော့ ရေစဝင်နေပြီ။ ညနေ ပင်လယ်ဒီရေ တက်ချိန်နဲ့ဆိုရင် ရေက ထပ်တက်လာဖို့ပဲရှိတယ်” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် မိုးသည်းထန်စွာရွာသွန်းပြီး […]

ကျိုက်ထိုတွင် လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

Dawei Watch

July 23, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် နှစ်ဖက်ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က သိမ်ဇရပ်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထိုပစ်ခတ်မှုအတွင်း သိမ်ဇရပ်နယ်မြေရဲစခန်းအနီး ရွာလေးပိုင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးအနီးတွင် လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းသို့ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၄ နှစ်အရွယ် ဦးကိုလေး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဦးကိုလေး၏ဇနီး ဒေါ်ကြည်ကြည်ဝင်းနှင့်အိမ်နီးနားချင်း ဒေါ်ရင်ဝေလွင်တို့နှစ်ဦးလည် ကျည်စထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ “ဘယ်ကနေ ပစ်လာမှန်းမသိတဲ့ လက်နက်ကြီးတစ်လုံးက ဦးကိုလေးအိမ်နားမှာ ကျသွားတယ်။ လက်နက်ကြီးထိပြီး ဦးကိုလေးကတော့ ဆုံးသွားတယ်။ […]

မွန်ရှိ ဆင်ရွာရေတံခွန်တွင်ပြုတ်ကျသည့် မိန်းကလေးရုပ်အလောင်း ပြန်ဆယ်ယူရရှိ

Dawei Watch

July 22, 2024

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာရေတံခွန်တွင် ဇူလိုင်လ ၂၁ ရက်က ရေထဲပြုတ်ကျသေဆုံးခဲ့သည့် အသက် ၁၅နှစ်အရွယ် မိန်းကလေး၏ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူရရှိကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် ရေထဲပြုတ်ကျကာ ကျောက်တုံးအကြားညှပ်ပြီး သေဆုံးနေခြင်းဖြစ်ကြောင်း နယ်မြေခံ ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။ ဆင်ရွာရေတံခွန်တွင် မိုးဦးကာလမှစ၍ ရက်သတ္တပတ်တိုင်း ရေလာကစားသူ အများအပြားလာရောက်လေ့ရှိပြီး ယခုပြုတ်ကျသည့်ဖြစ်စဉ်သည် လူများသဖြင့် တိုးဝှေ့ရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူရာတွင် ရေစီးသန်နေသဖြင့် ဆယ်ယူ၍ မရသောကြောင့် မျောပါမသွားစေရန် ဇူလိုင်လ ၂၁ ရက် ညနေပိုင်း၌ လက်ကို ကြိုးဖြင့်ချည်နှောင်ကာ ထားခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။ ယနေ့ ဇူလိုင် ၂၂ […]

ချောင်းဆုံတွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် စစ်ကောင်စီ စတင်လုပ်ဆောင်

Dawei Watch

July 18, 2024

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရက စတင်လုပ်ဆောင်နေပြီး မြေနေရာများ အဓမ္မ လိုက်လံဝယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။ ချောင်းဆုံတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းအကောင်အထည်ဖော်မည့် အကြောင်းကို စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဇွန်လ ၂၄ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ စစ်ကောင်စီက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ချောင်းဆုံမြို့နယ်၊ ကလွီကျေးရွာနှင့် ဒရယ်ကျေးရွာကြားတွင် အကောင်အထည်ဖော်ရန် လျာထားသည်။ ကျောက်မီးသွေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် လက်ရှိတွင် မွန်ပြည်နယ်အာဏာပိုင်များနှင့် နီးစပ်သူတို့က မြေများကို အတင်းအဓမ္မ လိုက်လံဝယ်ယူနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူတို့က (မြေဝယ်သူ) ဒီမြေကို ဝယ်မယ် ရောင်းမလား။ မရောင်းဘူးလား ရောင်းရင်တော့ သူတို့‌ ပေးသလောက်ကိုယူ […]

သံဖြူဇရပ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

Dawei Watch

July 16, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခမ်းကြီးကျေးရွာအနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က သံဖြူဇရပ်-ရေးကားလမ်း၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်သော်ကျေးရွာဘက်မှ စခမ်းကြီးကျေးရွာဘက်သို့ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးကို စခမ်းကြီးကျေးရွာအနီးအရောက်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားနှစ်ဦးသည် အခင်းဖြစ်ရပ်နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အဲဒီနေရာမှာ ကင်းစောင့်နေတဲ့ စစ်သားတွေရှိတယ်။ သူတို့ကနေ အဲဒီဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ပစ်ထည့် လိုက်တာ။ နှစ်ဦးစလုံး သေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ရုပ်အလောင်းတို့ကို ညပိုင်းတွင်မှသာ ဒေသခံတို့က သွားရောက်ယူဆောင်ခဲ့ကြောင်း […]

ရေးတွင် စစ်ကောင်စီတပ်နှင့် NMSP-AD ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

Dawei Watch

July 10, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွမ်ကျိုက်ကျေးရွာအနီးတွင် ဇူလိုင်လ ၉ရက် ညနေက စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ NMSP-AD ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၁၀၆ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် ယမန်‌နေ့ ညနေ ၅ နာရီခွဲခန့်က နယ်မြေရှင်းလင်းရန်ထွက်လာချိန် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ကို မွန်ပြည်သစ်ပါတီ NMSP-AD နှင့် ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NMSP-AD ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။ နှစ်ဖက်ပစ်ခတ်မှု ၂ နာရီခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “တိုက်ပွဲက ၂ နာရီလောက်ကြာတယ်။ ရန်သူဘက်က […]