BREAKING
September 7, 2024

မွန်

မွန်တွင် စက်သုံးဆီပြတ်လပ်၊ ဆီရရန် ကား ဆိုင်ကယ် ရာနှင့်ချီတန်းစီစောင့်ရ

Dawei Watch

August 14, 2024

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်နေပြီး ဆီရရှိရန် ကား၊ ဆိုင်ကယ်ရာနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း ဆီတန်းစီစောင့်ဆိုင်းနေသူတို့က ပြောသည်။ ဩဂုတ်လ ၁၃ ရက်ကစပြီး စက်သုံးဆီ အရောင်းဆိုင်အများစုက ပိတ်ထားပြီး ယနေ့ ဩဂုတ်လ ၁၄ ရက်တွင်လည်း အရောင်းဆိုင်အချို့သာ ဆီရောင်းချပေးနေသည့်အတွက် ကားတန်း၊ ဆိုင်ကယ်တန်း ရာနှင့်ချီ တန်းစီနေကြရကြောင်း ၎င်းတို့က ဆိုသည်။ “ရောင်းပေးနေတဲ့ဆိုင်တွေမှာဆိုရင် ကားတွေတန်းစီနေတာ မျက်စိတဆုံးပါပဲ။ တချို့ဆို မိုးမလင်းခင်ကတည်းက ဆီဆိုင်ရှေ့မှာ တန်းစီနေကြတယ်။ မနက် ၆ နာရီလောက် တန်းစီတဲ့လူတွေက ၉ နာရီ ၁၀ နာရီထိုးလည်း မရသေးဘူးဆိုတော့ စဉ်းစားကြည့်ပေါ့” ဟု သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။ မွန်ပြည်နယ်တွင် စက်သုံးဆီကို ရန်ကုန်မြို့မှတစ်ဆင့် တင်သွင်းဖြန့်ဖြူးရောင်းချကြသည်။ ယခုကာလတွင် စက်သုံးဆီ မဝင်တော့သဖြင့် ဆီပြတ်လပ်ခြင်းဖြစ်ပြီး ဆီလက်ကျန်ရှိသည့် […]

ဘီးလင်းမြို့ဝင်ဂိတ် ပစ်ခတ်ခံရပြီး ဝန်ထမ်းငါးဦးဒဏ်ရာရ

Dawei Watch

August 13, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့ မြို့အဝင်ဘီးခွန်ကောက်ခံရေးဂိတ် ပစ်ခတ်ခံရပြီး အမျိုးသမီးနှစ်ဦးအပါအဝင် ဝန်ထမ်းငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက် ည ၇ နာရီဝန်းကျင်တွင် ဘီးလင်းဘက်မှ ကျိုက်ထိုဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီးပေါ်ရှိ သေနတ်သမားတို့က ဘီးခွန်ကောက်ခံရေးဂိတ်ကို ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဘီးခွန်ကောက်ခံရေးဂိတ်ရှိ ဝန်ထမ်း အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားသုံးဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပစ်ခတ်ခံရတဲ့ဂိတ်ကတော့ မြို့ဝင်ကြေးကောက်ခံတဲ့ဂိတ်၊ စစ်သားတွေ ဘာတွေတော့ မရှိဘူး။ ဒါပေမဲ့ အဲဒီဂိတ်အနားမှာ တော့ စစ်တပ်ဂိတ်ရှိတယ်။ မှားပစ်သွားတာလားတော့ မသိဘူး။ အဲဒီမှာက ငွေကောက်တဲ့ဂိတ်က ဝန်ထမ်းတွေပဲရှိတော့ သူတို့ပဲ ထိသွားတယ်လေ” ဟု ၎င်းက ပြောသည်။ ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးကို မန္တလာမိသားစုကုမ္ပဏီက […]

ရေးဘီလူးအဖွဲ့က တပ်ဖွဲ့ဝင်နှစ်ဦးထွက်ပြေး

Dawei Watch

August 13, 2024

ရေးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ က တပ်ဖွဲ့ဝင်နှစ်ဦး ဩဂုတ်လ ၁၁ ရက်က ထွက်ပြေးသွားကြောင်း ယင်းတပ်ဖွဲ့ထံကသိရသည်။ ထွက်ပြေးသွားသူနှစ်ဦးသည် စစ်ကိုင်းတိုင်း၊ ကော့လင်းမြို့နယ်က ကိုအောင်မင်းပိုင်နှင့် မကွေးမြို့က ကိုစိုးတို့ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြုပေးသည်။ “ကင်းစောင့်နေရင်း ရှေ့တန်းမှာ ထွက်ပြေးသွားကြတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါထွက်ပြေးသူနှစ်ဦးသည် ရေးဘီလူးအဖွဲ့တွင် အသွင်ယူနေသည့် စစ်ကောင်စီတပ်ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီး စာရေးတို့ ဖြစ်ကြပြီး မိခင်တပ်ရင်းများကို ပြန်ရောက်နေပြီဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြနေကြသည်။ ယင်းဖော်ပြချက်နှင့် ပတ်သက်၍ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “စစ်ကောင်စီတပ်ဖွဲ့ဝင်လား၊ ဒလန်လာလုပ်တာလား အတိအကျတော့မသိရဘူးပေါ့ဗျာ။ ဒါပေမဲ့ သူဟာသူ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တပ်ဖွဲ့ရဲ့သင်တန်းကိုတက်ပြီး ရှေ့တန်းကို ထွက်ရတယ်။ အခုလို ရှေ့တန်းရောက်ပြီးမှ ထွက်ပြေးတာက သစ္စာဖောက်တာပါပဲ။ တယ်လီဂရမ်တွေမှာ ဝေဖန်နေ၊ […]

ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်၊ ရွာသား ၁၀ဦးထက်မနည်းကို စစ်ကောင်စီစစ်ကြောင်းဖမ်းခေါ်

Dawei Watch

August 9, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများနှင့် NMSP-AD တို့ထံမှ သိရသည်။ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၁၀၆၊ ခမရ ၅၈၈ တပ်ရင်းက အင်အား ၁၂၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် မြို့ဟောင်းကျေးရွာဘက်သို့ ဝင်ရောက်လာချိန် NMSP-AD ၊ YPDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် ဩဂုတ်လ ၈ ရက် ညနေ ၃ နာရီတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်းNMSP-AD ထံမှ သိရသည်။ နှစ်ဖက်တိုက်ပွဲသည် ည ၉ နာရီခွဲထိ ဖြစ်ပွားခဲ့ပြီး ယနေ့ ဩဂုတ်လ ၉ ရက် နံနက်ပိုင်းတွင်လည်း ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ […]

စစ်ရေးတင်းမာနေသည့် ရေး-သံဖြူဇရပ်လမ်းပိုင်း ညဘက်မသွားလာရန်ကန့်သတ်

Dawei Watch

August 7, 2024

မွန်ပြည်နယ်၊ ရေးနှင့် သံဖြူဇရပ်မြို့ကြား တိုက်ပွဲနေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည့် ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတွင် ညနေ ၆ နာရီမှ နံနက် ၆နာရီအတွင်း ဖြတ်သန်းမသွားလာကြရန် တော်လှန်ရေးအင်အားတို့က ကန့်သတ်ထားသည်။ ကန့်သတ်ထားချိန်အတွင်း ဖြတ်သန်းသွားလာသည့် မည်သည့်ယာဉ်ကိုမဆို ပစ်ခတ်မည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံလက်မှတ်ထိုးထားသည့် ထုတ်ပြန်ချက်တစ်ရပ်ကို ဩဂုတ်လ ၅ ရက်က ထုတ်ပြန်သည်။ အရေးပေါ် သွားလာရမည့် လူနာတင်ယာဉ်များအနေဖြင့် ၈၀ ကီလိုမီတာထက် ပိုမမောင်းနှင်ရန်၊ မှန်ပြတင်းချပြီး မောင်းရန်၊ ယာဉ်ကိုယ်ထည်အတွင်း မီးဖွင့်မောင်းရန်နှင့် ဥဩအသံဖွင့်မောင်းရန် ထုတ်ပြန်ထားသည်။ ဩဂုတ်လ ၅ ရက် ည ၇ နာရီခန့်က သံဖြူဇရပ်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသည့် ကွန်တိန်နာယာဉ် ငါးစီး ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာလမ်းဝ မရောက်မီ သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် […]

ရေဘေးသင့် ကျိုက်မရောဒေသခံများ အကူအညီလိုအပ်နေ

Dawei Watch

August 2, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ တစ်ပတ်ကျော်ကြာလာသည့်အတွက် အစားအသောက်နှင့် ဆေးဝါး အကူအညီလိုအပ်လာသည်ဟု ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းပြီး အတ္ထရံမြစ်ရေ တိုးလာခြင်းကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး ကျိုက်မရောမြို့အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် ကျိုက်မရောမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရှင်စောပု၊ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရန်မျိုးအောင်နှင့် ချောင်းနှစ်ခွ၊ ငပြေမ၊ မယ်ကရို၊ နှီးတုံ၊ ကွာငန်၊ လှကဇိုင်း၊ ကျိုက်ပရန်၊ ဘိန်းဗျော၊ ဦးလေး၊ ကော့ဝမ်း၊ ကြခတ်ကုန်းအစရှိသည့် ရပ်ကွက်၊ ကျေးရွာ ၂၀ ထက်မနည်းတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်။ ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ တစ်ပတ်ကျော်ရှိလာပြီးဖြစ်သလို လတ်တလောတွင်လည်း ရေပြန်မကျပဲ ရေဆက်တိုးနေသည့် အနေအထားရှိသည်ဟု ဒေသခံတို့က ပြောသည်။ “တစ်ပတ် ၁၀ […]