BREAKING
September 19, 2024

မွန်

မွန်ပါတီ အမတ်လောင်း အမျိုးသမီးနှင့် လူငယ်များကို ဦးစားပေးမည်

diz_admin

January 29, 2020

၂၀၂၀ ခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်များအား ဦးစားပေး ရွေးချယ်သွားမည်ဟု မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်တို့က ပြောကြားသည်။ မွန်ညီညွတ်ရေးပါတီတွင် အမျိုးသမီးနှင့် လူငယ်ကို ဦးစားပေးသည့် မူဝါဒရှိပြီး ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်လျှောက်တင်လာသည့်အရေ အတွက်ပေါ် မူတည်ပြီး ဦးစားပေးရွေးချယ်သွားမည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။ “ကျွန်တော်တို့ကတော့ ဖိတ်ခေါ် ထားတယ်”ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။ မွန်ညီညွတ်ရေးပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို စိစစ်ရွေး ချယ်နိုင်ရေးအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ (ဗဟို)ကို အဖွဲ့ဝင် ၁၆ ဦးတို့နှင့် ဇန်နဝါရီလ ၁၂၊ ၁၃ ရက်တို့တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဖွဲ့စည်းခဲ့ပြီ ဖြစ်သည်။ […]

မွန်တွင် ငှက်ဖျားကြောင့် သေဆုံး သူမရှိတော့

diz_admin

January 21, 2020

မွန်ပြည်နယ်အတွင်း ငှက်ဖျား ရောဂါဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက် တစ်နှစ် လျော့ကျလာပြီး ယခုအခါ သေဆုံးသူ မရှိတော့သည်အထိ ရောဂါ ဖြစ်ပွားမှု ကျဆင်းလာသည်ဟု မွန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ပြောသည်။ မွန်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၅၀၅၂ ဦးရှိခဲ့ ပြီး သေဆုံးသူ ၆၆ ဦးထိရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်ထိတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၈၂၈ ဦးသာ ရှိပြီး သေဆုံးသူ မရှိတော့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။ “ကျဆင်းလာတယ်ဆိုပေမယ့် ဒေသတွင်း ကူးစက်တဲ့လူနာ မရှိအောင် ဆိုတဲ့ ရည်မှန်းချက် ရောက်အောင်လုပ် ဖို့က တွန်းအားပေးဆောင်ရွက်ဖို့တော့ လိုသေးတယ်” ဟု ပြည်နယ် […]

မွန်ပြည်သစ်ပါတီ တပ်တည်နေရာ အနီးမှ တပ်မတော် ပြန်ဆုတ်

diz_admin

January 21, 2020

မွန်ပြည်သစ်ပါတီ၏ ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့နယ် ဂျပန် ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီ အခြေစိုက်တပ်စခန်းအနီး ဝင်ရောက် နေရာယူထားသည့် တပ်မတော်မှ ပြန် လည်ဆုတ်ခွာသွားပြီဟု မွန်ပြည်သစ် ပါတီထံမှ သိရသည်။ မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းခန့်က ဂျပန်ရေတွင်း ကျေးရွာရှိ မွန်ပြည်သစ် ပါတီအခြေစိုက်တပ်စခန်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး အဆိုပါ မွန်ပြည်သစ် ပါတီတပ်စခန်းနေရာကို တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက် နေရာယူထားခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မွန် ပြည်သစ်ပါတီနှင့် တပ်မတော်ခေါင်း ဆောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက် မွန်ပြည်သစ်ပါတီ ဂျပန်ရေတွင်း စခန်းမှ တပ်မတော် ဆုတ်ခွာသွားခဲ့သော် လည်း အဆိုပါဂိတ်နှင့် […]

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာရွေးချယ်ခံရ

diz_admin

January 14, 2020

မွန်ပြည်သစ် ပါတီ ၁၀ ကြိမ်မြောက် ညီလာခံတွင် ပါတီခေါင်းဆောင်အပြောင်း အလဲရှိပြီး ယခင်ပါတီ ဒုဥက္ကဋ္ဌဖြစ်သည့် နိုင်ဟံသာက ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ် ခံရသည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။ ယခင် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ သည် နိုင်ထောမွန်ဖြစ်ပြီး ကျန်းမာရေး အခြေအနေကြောင့် ပါတီမှ အနားယူကာ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအနေဖြင့် ဆက် လက်တာဝန်ထမ်းဆောင်မည် ဖြစ်သည်။ ဒီဇင်ဘာ ၂၅ ရက်မှစပြီး ပါတီ ဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျား ဒေသတွင် ကျင်းပခဲ့သည့် မွန်ပြည် သစ်ပါတီ ၁၀ ကြိမ်မြောက် ညီလာခံတွင် ပါတီဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ စစ်ရေးကော်မတီနှင့် ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ စစ်ဦးစီးချုပ်၊ ခရိုင်၊ မြို့နယ် အစရှိသည့် အဆင့်ဆင့်သော […]

မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါး ပြဿနာကိုအရှိန်မြှင့် ကိုင်တွယ် သွားမည်

diz_admin

January 14, 2020

မွန်ပြည်သူလူထုများအကြား အထူး သဖြင့် လူငယ်များအကြား ကျယ်ပြန့်စွာ ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး ပြဿနာကို အရှိန်မြှင့် ကိုင်တွယ်သွားမည်ဟု မွန် ပြည်သစ်ပါတီက ထုတ်ပြန်လိုက်သည်။ လူငယ်များအကြား မူးယစ်ဆေးဝါး ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်မှာ မွန် အမျိုးသားများအတွက် မွန်ဒေသအတွက် အန္တရာယ်ရှိနေပြီး အဆိုပါမူးယစ်ဆေးဝါး အန္တရာယ် ကင်းရှင်းသွားအောင် အမျိုးသား ရေး တာဝန်တစ်ရပ်အနေဖြင့် တားဆီးသွားရမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်ထိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် ပါတီ ညီလာခံအပြီး ဇန်နဝါရီလ ၈ ရက်က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ထိုကဲ့သို့ […]

တိုင်းရင်းသားပါတီများ မဟာမိတ် တပ်ပေါင်းစုတစ်ခုတည်းဖြစ်ရေး ကြိုးပမ်းမည်

diz_admin

January 14, 2020

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများအတွက် မဟာမိတ်တပ်ပေါင်းစုတစ်ခု တည်းဖြစ်ရေးကို ကြိုးပမ်းသွားမည်ဟု ပြည်နယ် ၅ ခုက ပေါင်းစည်း တိုင်းရင်းသားနိုင်ငံရေးပါတီ ခေါင်းဆောင်တို့က ပြောသည်။ လက်ရှိတွင် တိုင်းရင်းသားနိုင်ငံရေး ပါတီ ၁၅ ပါတီ ပါဝင်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ ၂၂ ပါတီပါဝင်သည့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBFဆိုပြီး တိုင်းရင်းသားပါတီများ မဟာမိတ် တပ်ပေါင်းစု ၂ ခု ဖြစ်နေသည်။ တိုင်းရင်းသားပါတီများအကြား မဟာမိတ်တပ်ပေါင်းစု ၂ ခု ဖြစ်နေ သည့်အချက်သည် တိုင်းရင်းသားပါတီ များအတွက် အဓိက အားနည်းချက်ဖြစ် သည်ဟု ကချင်၊ ချင်း၊ ကယား၊ ကရင် နှင့် မွန် […]