မွန်ပါတီ အမတ်လောင်း အမျိုးသမီးနှင့် လူငယ်များကို ဦးစားပေးမည်
diz_admin
January 29, 2020၂၀၂၀ ခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်များအား ဦးစားပေး ရွေးချယ်သွားမည်ဟု မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်တို့က ပြောကြားသည်။ မွန်ညီညွတ်ရေးပါတီတွင် အမျိုးသမီးနှင့် လူငယ်ကို ဦးစားပေးသည့် မူဝါဒရှိပြီး ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်လျှောက်တင်လာသည့်အရေ အတွက်ပေါ် မူတည်ပြီး ဦးစားပေးရွေးချယ်သွားမည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။ “ကျွန်တော်တို့ကတော့ ဖိတ်ခေါ် ထားတယ်”ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။ မွန်ညီညွတ်ရေးပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို စိစစ်ရွေး ချယ်နိုင်ရေးအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ (ဗဟို)ကို အဖွဲ့ဝင် ၁၆ ဦးတို့နှင့် ဇန်နဝါရီလ ၁၂၊ ၁၃ ရက်တို့တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဖွဲ့စည်းခဲ့ပြီ ဖြစ်သည်။ […]