BREAKING
September 16, 2024

မွန်

လိုင်စင်မဲ့ ငါးဖမ်းလှေများအား ထိရောက်စွာ အရေးယူမည်

diz_admin

February 10, 2020

မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ လိုင်စင်မဲ့ ငါးဖမ်းလှေများကို ထိရောက် စွာ အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပ ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက်အစည်း အဝေး၌ ရေးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးချစ်တင်၏ မေးမြန်းမှု အပေါ် ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ကမ်းနီးရော ကမ်းဝေးရော ပြဿနာတွေ အများကြီး ရှိပါတယ်။ ဒီကိစ္စ အားလုံးကို ကျွန်တော်တို့ ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်း ကော်မတီက ပင်လယ်ပြင်က အချက် အလက် အခြေအနေအမှန်ကို ကောက်ယူ ပါတယ်”ဟု ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။ မွန်ပြည်နယ်ရေပိုင်နက်အတွင်း […]

မွန်အမျိုးသားနေ့အခမ်းအနား ကျပ်သိန်း ၁၃၀၀ ခန့် သုံးမည်

diz_admin

February 5, 2020

တပို့တွဲလပြည့်ကျော် ၁ ရက် (ဖေဖော်ဝါရီလ ၉ ရက်)တွင် ကျရောက် သည့် ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ငွေကျပ်သိန်း ၁၃၀၀ ခန့် အကုန်ကျခံ ကျင်းပမည်ဟု ကျင်းပ ရေးကော်မတီထံမှ သိရသည်။ အဆိုပါ အခမ်းအနားကို နှစ်စဉ် နှစ်တိုင်း တစ်မြို့နယ်စီ အလှည့်ကျ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ကျရောက် သည့် ၇၃ ကြိမ်မြောက် ဗဟိုအခမ်းအနား ကို မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင် တွင် ကျင်းပသွားမည် ဖြစ်သည်။ ယင်းအခမ်းအနားအတွက် မွန်ပြည် နယ်အစိုးရက ကျပ်သိန်း ၄၅၀ ထောက်ပံ့ ပြီး ကျန်သည့် ကျန်ကျငွေများကို ထောက်ပံ့သူ ရှာခြင်း၊ ဆိုင်ခန်းငှားရမ်းခ နှင့် ကံစမ်းမဲလက်မှတ် ရောင်းရငွေ […]

ရေးမြို့ အာဇာနည်ဗိမာန် ဖျက်ဆီး ခံရ

diz_admin

February 5, 2020

မွန်ပြည်နယ် ရေးမြို့ရှိ အာဇာနည် ဗိမာန်သည် ဇန်နဝါရီ ၂၉ ရက်နေ့ ည ပိုင်းခန့်က ဖျက်ဆီးခံခဲ့ရသည်။ အဆိုပါ အာဇာနည်ဗိမာန်သည် ရေးမြို့ဘောလုံးကွင်းဝင်းထဲတွင် တည် ဆောက်ထားပြီး ပတ်ဝန်းကျင်တွင် လူ နေအိမ်မရှိဘဲ ဘုန်းကြီးကျောင်းတစ်ကျောင်းသာ တည်ရှိသည်။ လက်ရှိတွင် မည်သူမည်ဝါက ဖျက်ဆီးသည်ကို မသိရသေးကြောင်း ရေးမြို့ခံ အချို့ထံမှ သိရသည်။ အဆိုပါ အာဇာနည်ဗိမာန်တွင် ယမန်နှစ်ကလည်း အာဇာနည်နေ့ မတိုင်မီ တိုင်လုံးတချို့ ဖျက်ဆီးခံခဲ့ရဖူးကြောင်း ရေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောသည်။ “ညက တစ်ခါ ဖျက်ဆီးခံရပြန်ပြီ။ ဒီတိုင်လုံးတွေဟာ သံချောင်းတွေသုံးပြီး ကွန်ကရစ်နဲ့ အခိုင်အမာလုပ်ထားတာမို့ လက်ချည်း သက်သက်နဲ့ ဖျက်လို့ မရနိုင်သလို လူတစ်ဦးနှစ်ဦးလောက်နဲ့လည်း တခဏအတွင်း မလုပ်နိုင်ပါဘူး။ ကျွန်တော်ကတော့ ဒါဟာ […]

ကျိုက်မရော အတ္ထရံမြစ်ကမ်း တစ်လျှေက် မြေအက်ကွဲ နိမ့်ကျနေ၊ ကွင်းဆင်းစိစစ်ပေးရန် ဒေသခံများ တောင်းဆို

diz_admin

February 5, 2020

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတ္ထရံမြစ်ကမ်းတစ်လျှောက် မြေအက် ကွဲနိမ့်ကျဖြစ်ပေါ်နေမှုကို ကွင်းဆင်းလေ့လာ စိစစ်ပေးရန် ဒေသခံတို့က မွန် ပြည်နယ်လွှတ်တော်ထံ စာတင်တောင်း ဆိုလိုက်ကြောင်း သိရသည်။ လက်ရှိတွင် အတ္ထရံမြစ်ကမ်းတစ် လျှောက်ရှိ မယ်ကရို၊ ကော့ဒွန်၊ ကော့ပနော၊ ကွမ်းငန်းကျေးရွာတို့တွင် မြေအက်ကွဲ နိမ့်ကျမှုကြောင့် မြစ်ကမ်းတစ်လျှောက်ရှိ စေတီတော်တစ်ဆူနှင့် စေတီတော်ဝင်း အတွင်းရှိ သာသနိကအဆောက်အအုံများ နှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှု ရှိနေကြောင်း သိရသည်။ အဆိုပါ အခြေအနေမှ အချိန်မီ ကာကွယ်နိုင်ရန် ဒေသခံများက ဇန်နဝါရီ ၂၇ ရက်က လွှတ်တော်သို့ စာတင် တောင်းဆိုထားကြခြင်း ဖြစ်သည်။ ယင်းသို့ မြေအက်ကွဲ နိမ့်ကျမှုသည် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းကတည်းက သိသိသာသာတွေ့လာရပြီး တစ်ရက်ထက် တစ်ရက် ပိုဖြစ်လာကြောင်း ကျိုက်မရော မြို့နယ် […]

ကျိုက်မရောရှိ ရှေးဟောင်းသမိုင်းဝင် ခရုံဂူ ပြုပြင်မွမ်းမံမည်

diz_admin

January 29, 2020

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ သဘာ၀ထုံးကျောက်လိုဏ်ဂူတစ်ခုဖြစ် သည့် ခရုံဂူကို ပြုပြင်မွမ်းမံမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(မော်လမြိုင်ဌာနခွဲ)ထံမှ သိရသည်။ သဘာ၀ထုံးကျောက်လိုဏ်ဂူအမျိုး အစားဖြစ်သည့် ခရုံဂူကို ၁၉၇၅ ခုနှစ် မှစကာ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်ဦးစီးဌာနတို့က ထိန်းသိမ်းထားသည်။ နှစ်ကာလကြာမြင့်လာပြီး ပြုပြင်ထိန်းသိမ်းမှုအားနည်းသောကြောင့် ခရုံဂူအတွင်းရှိ ရှေးဟောင်းဘုရားဆင်းတု တော်များ ပျက်စီးယိုယွင်းလာနေသည့် အပြင် ဂူအတွင်း အပြင်ဝန်းကျင်တွင်လည်း သန့်ရှင်းမှုမရှိကြောင်း ဒေသခံနှင့် ဂေါပကအဖွဲ့တို့ထံမှ သိရသည်။ “ဂူရဲ့ သဘာ၀အရ လင်းနို့တွေ ခိုအောင်းမယ်။ စွတ်စိုထိုင်းမှိုင်းမှုတွေ ရှိမယ်ဆိုတဲ့အတွက်ကြောင့် ဆင်းတုတော်တွေမှာ ချေးညှော်ကပ်ငြိမှုတွေများလာ တဲ့အတွက်ကြောင့် ကြည်ညိုဖွယ်အဆင်း ဖြစ်အောင် ပြန်လည်ပြုပြင်မွမ်းမံရမယ့် အနေအထားမျိုး ရှိပါတယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ)တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဟန်က […]

ယာဉ်တိုက်မှုထက်ဝက်ကျော် ဆိုင်ကယ်ကြောင့်

diz_admin

January 29, 2020

မွန်ပြည်နယ်အတွင်း ဖြစ်ပွားသော ယာဉ်တိုက်မှုဖြစ်စဉ်များအနက် ၅၉ ရာခိုင်နှုန်းသည် မော်တော်ဆိုင်ကယ်များကြောင့် ဖြစ်ကြောင်း အမှတ်(၁၂) ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး(မွန်)ထံမှ သိရသည်။ မော်တော်ဆိုင်ကယ်မောင်းနှင်သူအများစုသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အသိပညာအားနည်းခြင်းနှင့် စည်းကမ်းမလိုက်နာ ခြင်းကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားမှု ပိုများလာကြောင်း အထက်ပါရုံးမှ ဒုရဲမှူးထွန်းထွန်းက ပြောသည်။ “ဆိုင်ကယ်ဆိုတာက ကီလို ၄၀၊ ၅၀ လောက်ပဲမောင်းတာ အကောင်းဆုံးပါ။ ကိုယ့်ရှေ့မှာ တစ်ခုခုကို ရုတ်တရက် ဖြစ်လာရင် ဘရိတ်အုပ်နိုင်ဖို့ ခက်တယ်။ အခုတော့ အရှိန်နဲ့ မောင်းတယ်။ လမ်းပြည့် မောင်းတယ်။ မီးနီ ဖြတ်မောင်းတယ်။ ဦးထုပ်လည်း မဆောင်းဘူး။ နောက် မူးပြီး မောင်းတယ်။ လူပိုတင်မောင်းနေတာတွေ ကြောင့်ဖြစ်တယ်။ ယာဉ်စည်း ကမ်းနားမလည်တာ ယာဉ်စည်းကမ်း မလိုက်နာတာတွေကြောင့် […]