မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ကိစ္စ ဘက်လိုက်မှုရှိနေဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဝေဖန်
diz_admin
February 25, 2020မွန်ပြည်နယ်အစိုးရအဖွဲ့၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့် ချထားမှုတွင် မရိုးသားဘဲ ဘက်လိုက်မှုများ ရှိနေသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌက ပြောသည်။ ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအနက်မှ ဧက ၂၄၀၀၀ ကျော်ကို ပြည်နယ်အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်နှင့် ဗဟိုကော်မတီက လုပ်ကိုင်ခွင့်ချ ပေးထားသည်။ ယင်းအနက် ကျိုက်ထိုမြို့နယ်တွင် ဧက ၉၀၀၀ ကျော်၊ ကျိုက်မရောမြို့နယ်တွင် ဧက ၅၀၀၀ ကျော် အများဆုံးချပေး ထားပြီး လုပ်ကိုင်ခွင့် ရရှိထားသူ အများစု သည်လည်း လုပ်ငန်းရှင်များသာ ဖြစ်နေ သည်ဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။ “စာရင်းဇယားတော့ တော်တော် ကွဲလွဲနေတယ်။ ခွင့်ပြုဆောင်ရွက်ခဲ့တဲ့ ပကတိအနေအထား ကလည်း ပြောရရင် […]