BREAKING
September 7, 2024

မွန်

ရေဖြူမြို့နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ထပ်ဖြစ်

diz_admin

March 12, 2020

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် မျောက်ချောကျေးရွာအနီးတွင် မြေ မြှုပ်မိုင်းပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည် ဟု ဒေသခံနှင့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တာဝန်ရှိသူများထံမှ သိရ သည်။ ဖေဖော်ဝါရီ ၂၉ ရက် ညနေ ၃ နာရီ ဝန်းကျင်က ရေဖြူမြို့နယ် မျောက်ချော ကျေးရွာနေ ကိုစိုးဝင်းဆိုသူက ခြံမီးလောင် နေသည်ကို သွားငြိမ်းသတ်ရန် ဆိုင်ကယ် ဖြင့် ခြံသို့အသွား လမ်းတွင် မြေမြှုပ်မိုင်း နင်းမိခြင်းဖြစ်ကြောင်း မွန်ပြည်သစ် ပါတီ ထားဝယ်ခရိုင်တာဝန်ရှိများထံမှ သိရသည်။ အဆိုပါ မြေမြှုပ်မိုင်း နင်းမိပြီး ပေါက်ကွဲမှုကြောင့် ကိုစိုးဝင်းစီးနင်းလာ သည့်မော်တော်ဆိုင်ကယ်ပျက်စီးသွားပြီး ၎င်း၏ လက်တွင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိသွားသည်ဟု သိရသည်။ “အခုဖြစ်တဲ့နေရာက အလယ်စခန်း နဲ့ နည်းနည်းဝေးတဲ့ မျောက်ချောရွာအနားမှာ ဖြစ်သွားတာ။ ခြံမီးလောင်နေတာကို မီးငြိမ်းဖို့ […]

ကုန်ပစ္စည်းများတွင် မြန်မာလိုမဖော်ပြက ထောင် ၂ နှစ်အထိ ချတော့မည်

diz_admin

March 11, 2020

ကုန်ပစ္စည်းများတွင် မြန်မာဘာသာ ဖြင့် မဖော်ပြပါက ထောင်နှစ်နှစ်ချမှတ် တော့မည်ဖြစ်သည်။ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများဖြစ်သည့် သုံးစွဲပုံ အညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုး ကျိုး အစရှိသည့် ကုန်အမှတ်တံဆိပ်သတ် မှတ်ချက်များကို မြန်မာဘာသာဖြင့် ဖော်ပြရမည်သည်။ စားသုံးသူကာကွယ်ရေးဥပဒေအရ မတ်လ ၁၆ ရက်တွင် စတင်အသက်ဝင် မည်ဖြစ်ပြီး အဆိုပါစည်းကမ်းချက်များ ကို မလိုက်နာပါက ၂ နှစ်ထက်မပို သည့်ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ဝ ထက်မပိုသည့်ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ ကုန်အညွှန်းအမှတ်အသားကို မြန်မာ ဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်း အမျိုးအမည် ၈ မျိုးတွင် အစားအသောက် များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံး အဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးသုံး ပစ္စည်းများ၊ […]

မွန်လူငယ်များ ရွေးကောက်ပွဲတွင် မဲပေးရန် ယခင်ထက် စိတ်ဝင်စား

diz_admin

March 3, 2020

မွန်လူငယ်များအကြား ၂၀၂၀ ခုနှစ် အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် မဲပေးရန် ယခင်ထက် စိတ်ဝင်စား နေကြသည်ဟု မွန်လူငယ်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနေသည့် မွန်လူငယ်များထံမှ သိရသည်။ အဆိုပါ သုံးသပ်ချက်သည် ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းစဉ်များ လုပ်ရင်း တွေ့ရှိသည်များကို သုံးသပ်ခြင်းဖြစ်ပြီး သီးခြား သုတေသနပြုထားသည့် တွေ့ရှိချက် မဟုတ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် စိတ်ဝင်စားမှု ပိုများစေသည့် အကြောင်း ရင်းများအနက် မွန်တစ်ပါတီတည်း ဖြစ်သွားသည့် အခြေအနေကလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း မွန်လူငယ် အဖွဲ့အစည်းများက ပြောသည်။ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ ပိုမိုရရှိလာခြင်းနှင့် နိုင်ငံရေးအပေါ် စိတ်ဝင်စားလာခြင်း ကြောင့်လည်း မွန်လူငယ်များ မဲပေးရန် စိတ်ဝင်စားလာကြခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးဆင်း နေသည့် ရေးမြို့နယ် မွန်လူငယ်ကွန်ရက် […]

ရက် ၉၀ နေရုံဖြင့် မဲပေးခွင့်ပြုသည့်ကိစ္စ တိုင်းရင်းသားပါတီများကို ဂရုမစိုက်သည့်သဘောဟု မွန်ညီညွတ်ရေးပါတီ ဝေဖန်

diz_admin

March 3, 2020

လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒ နယ်ပြင်ပရောက်သူများအနေဖြင့် အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲပေးခွင့်ပြုသည့်ကိစ္စသည် တိုင်းရင်းသားပါတီများကို ဂရုမစိုက်သည့်သဘောဟု မွန်ညီညွတ်ရေး ပါတီက ဝေဖန်ပြောဆိုလိုက်သည်။ မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)တွင် ပါရှိသော “အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း” ဆိုသည့်စကားရပ်ကို “အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင် ချက်အား ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်က မဲခွဲအတည်ပြု လိုက်သည်။ အဆိုပါကိစ္စသည် တိုင်းရင်းသား ပါတီတို့က ကန့်ကွက်နေသည့်ကြားမှပင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က တရားဝင်နိုင်ငံရေးပါတီတို့နှင့် တစ်စုံ တစ်ရာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း မရှိ ဘဲ ရွေးကောက်ပွဲနည်းဥပဒေကို ပြင်ဆင်ကာ လွှတ်တော်ကိုတင်လိုက်ခြင်းသည် […]

မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ကိစ္စ ဘက်လိုက်မှုရှိနေဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဝေဖန်

diz_admin

February 25, 2020

မွန်ပြည်နယ်အစိုးရအဖွဲ့၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့် ချထားမှုတွင် မရိုးသားဘဲ ဘက်လိုက်မှုများ ရှိနေသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌက ပြောသည်။ ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအနက်မှ ဧက ၂၄၀၀၀ ကျော်ကို ပြည်နယ်အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်နှင့် ဗဟိုကော်မတီက လုပ်ကိုင်ခွင့်ချ ပေးထားသည်။ ယင်းအနက် ကျိုက်ထိုမြို့နယ်တွင် ဧက ၉၀၀၀ ကျော်၊ ကျိုက်မရောမြို့နယ်တွင် ဧက ၅၀၀၀ ကျော် အများဆုံးချပေး ထားပြီး လုပ်ကိုင်ခွင့် ရရှိထားသူ အများစု သည်လည်း လုပ်ငန်းရှင်များသာ ဖြစ်နေ သည်ဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။ “စာရင်းဇယားတော့ တော်တော် ကွဲလွဲနေတယ်။ ခွင့်ပြုဆောင်ရွက်ခဲ့တဲ့ ပကတိအနေအထား ကလည်း ပြောရရင် […]

ရေလုပ်သားများ လူကုန်ကူးမခံရရေးစီမံရန် မွန်လွှတ်တော် တိုက်တွန်း

diz_admin

February 25, 2020

မွန်ပြည်နယ် ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ငန်းခွင်များရှိ ရေလုပ်သား များ လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ မရှိစေရေး စီမံဆောင် ရွက်ပေးရန် မွန်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း တိုက်တွန်းလိုက်သည်။ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ် မြောက် ပုံမှန်အစည်းအဝေး တွင် ရေလုပ်သားများနှင့် ဆက်စပ်သည့် လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များမရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံဆောင်ရွက်သွားရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ထောက်ခံဆွေးနွေးခဲ့ကာ အဆိုကို ကန့်ကွက်သူမရှိ လွှတ်တော်က ဖေဖော်ဝါရီ ၁၈ ရက်က အတည်ပြုလိုက်သည်။ မွန်ပြည်နယ် ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ကွက် […]