BREAKING
September 16, 2024

မွန်

မွန်တွင် လူစုလူဝေးလုပ်သူကို စတင် အရေးယူ

diz_admin

April 9, 2020

လူစုလူဝေးဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းကို စတင်တရားစွဲဆိုလိုက်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဧပြီလ ၁ ရက်က တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ “မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ကျွန်တော်က ဒီဟာနဲ့ ပတ်သက်ပြီး ဥပဒေအရာရှိနဲ့ ညှိနှိုင်းပြီးတော့မှ ဘယ်ဥပဒေနဲ့ငြိလဲပေါ့။ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က) နဲ့ ငြိစွန်းမှုရှိတဲ့အတွက် ဒါကို ၃၀(က)နဲ့ တရားစွဲဆိုဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်”ဟု ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကပြောသည်။ ဘုရားထီးတော်တင်ပင့်ဆောင်သည့်ကိစ္စကို ကျေးရွာခံအချို့တို့မှ မတ် လ ၂၉ ရက်က ရပ်ကျေးအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့မှုအပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မဖြစ်ပွားစေရေးအတွက် […]

သတ်မှတ်နေရာတွင် မနေသည့် ပြည်ပပြန်များကို အရေးယူမည်

diz_admin

April 9, 2020

ပြည်ပမှ ပြန်လည်ဝင်ရောက်သူများအနေနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်သတ်မှတ်ထားသည့် သီးခြားနေရာတွင်မနေပါက အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ပြောဆို လိုက်သည်။ မတ်လ ၂၂ ရက် နောက်ပိုင်း ပြည်ပမှပြန်လည်ဝင်ရောက်လာသူများသည် မြို့နယ်အလိုက် သီးခြားသတ်မှတ် ထားသည့်နေရာ (Community Based Facility Quarantine) တွင် ၁၄ ရက်ကြာ စောင့်ကြည့်မှုခံယူရန် မွန်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၂၈ ရက်က အမိန့်ကြေညာချက်ထုတ်ပြန်ထားသည်။ “ဒီအမိန့်ညွှန်ကြားချက်ကို ပူးပေါင်းပါဝင်ခြင်းမရှိဘူး။ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့ အမိန့်ကြေညာချက်မှာပါတဲ့ ဥပဒေ ၃ ခု ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ အဲဒီဥပဒေတစ်ရပ်ရပ်နဲ့ ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမယ်”ဟု မွန် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ မတ်လ ၂၉ ရက်ထိ ကောက်ယူရရှိထားသည့်စာရင်းအရ […]

မွန်၊ တနင်္သာရီ နောက်ဆုံးရ သတင်းများ (ဧပြီ ၁၊ ၂၀၂၀၊ ညနေ ၆ နာရီ)

diz_admin

April 1, 2020

ဘုရားထီးပင့် လူစုလူဝေးလုပ်သူကို စတင်အရေးယူ ဘုရားထီးပင့်၍ လူစုလူဝေး ဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဒေသခံတစ်ဦးကို စတင် တရားစွဲဆိုလိုက်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး မပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည့် အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ကျိုက်မရောမြို့ နယ်အုပ်ချုပ်ရေးမှူးမှ ဧပြီလ ၁ ရက်နေ့က တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ ဘုရားထီးတော်တင်ပင့်ဆောင်သည့်ကိစ္စကို ကျေးရွာခံအချို့တို့မှ မတ်လ ၂၉ ရက်နေ့က ရပ်ကျေးအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့မှုအပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်ရုံးမှ လူစုလူဝေးဖြင့် ဆောင်ရွက်သည့်ကိစ္စများ မပြုလုပ်ရန် ညွှန်ကြားထားသည့်အတွက် လူစုလူဝေးဖြင့် ဆောင်ရွက်၍မရကြောင်း တားမြစ်ခဲ့သည်။ သို့သော် မတ်လ ၃၀ […]

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေး မွန်ပါတီတွေလည်း ပြင်ဆင်ထား

diz_admin

March 30, 2020

လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မွန်နိုင်ငံရေးပါတီဖြစ်သည့် မွန်ညီညွတ်ရေးပါတီနှင့် မွန်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီတို့ကလည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြသည်။ မွန်ညီညွတ်ရေးပါတီအနေနှင့် ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေး ကော်မတီတစ်ရပ် ကို မတ်လ ၂၅ ရက်ကဖွဲ့စည်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် ပညာပေးလုပ်ငန်း၊ သတင်းအချက်အလက်စုဆောင်း ဖြန့်ဝေရေးလုပ်ငန်းအပြင် လူနာအရန်စောင့်ကြည့်ရေးစခန်းထားရှိရန်လည်း ပြင်ဆင်လုပ်ဆောင်နေသည်ဟု ပါတီခေါင်းဆောင်ထံမှ သိရသည်။ “တကယ်လို့ လူနာများလာရင် ဆေးရုံမှာအခက်အခဲဖြစ်လာရင် ထားဖို့ပေါ့။ အရန်နေရာ စီစဉ်သွားဖို့ ရှိတယ်”ဟု မွန်ညီညွတ်ရေး ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမက ပြောသည်။ လူနာအရံစောင့်ကြည့်ရေးစခန်းကို မော်လမြိုင်၊ သံဖြူဇရပ်နှင့် ရေးမြို့တို့တွင် ထားရှိရင် လျာထားပြင်ဆင်လျက်ရှိပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းများ ရရှိနိုင်ရန်လည်း ပြင်ဆင်လျက်ရှိသည်ဟု မွန်ညီညွတ်ရေးပါတီက ပြောသည်။ ထိုအတူ မွန်လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီကလည်း ကိုရိုနာဗိုင်းရပ်စ်နှင့် […]

ပြည်ပမှ ပြန်လာသူများကို သီးသန့်ထား စောင့်ကြည့်ရန် မွန်ပြည်နယ်အစိုးရ စီစဉ်

diz_admin

March 30, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေသည့် နိုင်ငံများမှ ပြန်လာသူများကို သီးသန့် သတ်မှတ်ထားသည့်နေရာတွင် ၁၄ ရက်ကြာစောင့်ကြည့်မှု (facility quarantine)လုပ်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေသည်။ ပြည်ပမှ မွန်ပြည်နယ်သို့ ပြန်လာသူများကို နေအိမ်တွင် ၁၄ ရက်ကြာ သီးသန့်နေထိုင် စောင့်ကြည့်မှု (home quarantine) ပြုလုပ်နေသော်လည်း လိုက်နာမှုအားနည်းခြင်းကြောင့် နောက်ထပ်ထပ်မံရောက်ရှိလာသူများကို သီးသန့်သတ်မှတ်ထားသည့် နေရာတွင် ၁၄ ရက်ကြာစောင့်ကြည့်မှု ပြောင်းလဲပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် မတ်လ၂၆ ရက်နေ့ကကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်လိုက်သည်။ “အခုက home quarantine သည်မအောင်မြင်ဘူး။ သိကြတဲ့အတိုင်းပဲ တချို့ကမလိုက်နာဘူးပေါ့။ အချို့ကျတော့ လိုက်နာတယ်။ ရွာကလက်မခံဘူး။ အဲတော့ (မတ်လ ၂၆) ဝန်ကြီးချုပ်နဲ့ အစည်းအဝေးမှာ home quarantineကို […]

မွန်ပြည်နယ်တစ်ခုလုံးအတွက် ခြောက်လစာ ဆန်အလုံအလောက်ရှိ

diz_admin

March 30, 2020

မွန်ပြည်နယ်တွင် ဆန်တန်ချိန်လေးသောင်းခန့်ရှိနေပြီး ပြည်နယ်တစ်ခုလုံးအတွက် အလုံအလောက်ရှိနေသည်ဟု မွန်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှူးက ပြောသည်။ လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ပြည်နယ်အတွင်း ဆန်အလုအယက်ဝယ်ယူနေခြင်းနှင့် ဆန်ပြတ်လပ်မည်ကို စိုးရိမ်မှုရှိနေကြသည့် အပေါ် မွန်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ “ဆန်အနေနဲ့က ရယူထားတဲ့ စာရင်းအရ ဆန်ရောင်းဝယ်တဲ့ပွဲရုံတွေနဲ့ ဆန်စက်လုပ်ငန်းရှင်များအသင်းမှာ လက်ရှိတန်ချိန် လေးသောင်းလောက်ရှိနေတယ်။ မွန်ပြည်နယ်မှာ ဆန်တန်ချိန် လေးသောင်းလောက်ရှိနေတော့ ဖူလုံမှုရှိတဲ့အပြင် ပိုတောင်ပိုနေတဲ့ အနေအထား ပါ”ဟု ဦးခင်အောင်သွင်က ပြောသည်။ မွန်ပြည်နယ်အတွင်း လက်ရှိရှိနေသည့် ဆန်တန်ချိန်လေးသောင်းသည် တစ်ပြည်နယ်လုံးအတွက် အနည်းဆုံး ၆ခန့်ထိလုံလောက်နိုင်သည်ဟုလည်း မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောသည်။ ၎င်းပြင် နိုင်ငံတော်မှာလည်း အရန်ဆန်များရှိပြီး လိုအပ်လျှင် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြပြီး အရန်ဆန်များမှထပ်ဆင့်သိုလှောင်ပြီး […]