BREAKING
September 19, 2024

မွန်

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သံကလောင်ရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်

Dawei Watch

April 14, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပျံလွန်တော်မူသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။ သံကလောင်းကျေးရွာ ကျောင်းထိုင်ဆရာတော်သည် ဒါယကာတစ်ဦးနှင့်အတူ ကားဖြင့် ကျောင်းမှ ထွက်လာစဉ်မှ တရနာကျေးရွာအဝင် ကျွန်းကုန်းနေရာအရောက်တွင် စစ်ကောင်စီတပ်တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သက်တော် ၆၀ ဝန်းကျင်ရှိ သံကလောင်ရွာ ကျောင်းထိုင်ဆရာတော် အရှင်ဝါယာမ ပျံလွန်တော်မူသွားခဲ့ပြီး ဆရာတော်နှင့်အတူ ပါလာသည့် ဒါယကာလည်း ကျည်ဆန်ထိမှန်ခဲ့သည်။ “ဆရာတော်နဲ့ ဒါယကာတစ်ယောက်နဲ့က ကားနဲ့ ကျောင်းကနေ ထွက်လာတာ တရနာမရောက်ခင် လမ်းမှာပဲ ပစ်ခံရတယ်။ အဲနေရာက စစ်တပ်တွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျောင်းထိုင်ဆရာတော်နှင့်ဒါယကာတို့ ပစ်ခတ်ခံရသည့် နေရာတဝိုက်မှာ […]

မလွှဲတောင်အနီး ကိုးမိုင်ရွာတွင်တိုက်ပွဲဖြစ်၍ ဒေသခံများတိမ်းရှောင်

Dawei Watch

April 12, 2024

မလွှဲတောင် ရေးမြို့နယ်အပိုင်းရှိ ကိုးမိုင်ရွာပတ်ဝန်းကျင်တွင် ယနေ့(ဧပြီ၁၂) မနက် ၈ နာရီမှစ၍ နေ့လယ်၂နာရီဝန်းကျင် အထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများကပြောသည်။ “ ပစ်သံကတော့ကြားရတာ တော်တော်ကျယ်တယ်။ ရွာသားတွေကတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေဦးစားပေးပြီးကိုယ့်အစီအစဥ်နဲ့ကိုယ် ပြောင်းနေကြတာပဲ” ဟု ကိုးမိုင်ရွာ အမျိုးသမီးတစ်ဦးက ပြောသည်။ ဧပြီလ ၁၁ ရက်ညတွင် မလွှဲတောင်ဂိတ် ကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ယနေ့မနက်တွင် ကိုးမိုင်ရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၂၉၉ ခြေလျင်တပ်ရင်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်သည့် မွန်နှင့်တနင်္သာရီမဟာမိတ်တော်လှန်ရေး အင်အားစုများက အတည်ပြုပြောဆိုသည်။ သို့သော် တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကို သတင်းမထုတ်ပြန်သေးသဖြင့် ထိခိုက်ကျဆုံးမှုများကို အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများ ပြန်လည်ပစ်ခတ်သည့်အပြင် လေယာဥ်ပစ်ကူဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့်တော်လှန်ရေးအင်အားစုများထံကသိရသည်။ “ တိုက်ပွဲနဲ့ မဆိုင်တဲ့ […]

စစ်ရှောင်များကို ကူညီနေသည့် မွန်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦး ဖမ်းဆီးခံရ

Dawei Watch

April 11, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စစ်ဘေးရှောင်များအရေးကူညီပေးနေသည့် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးကို စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးသွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဒေါက်တာ အောင်နိုင်ဦးသည် ဧပြီလ ၁၀ရက် နံနက် ၉ နာရီခန့်က ကျိုက်မရောမြိုနယ် ဂျိုင်းမြစ်ဒေသရှိ စစ်ဘေးရှောင်များကို အကူအညီပေးရန် သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ကျိုက်မရောဘက်က စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုတွေ သွားပေးတဲ့ အချိန်မှာ မော်လမြိုင် စက်မှုဇုန်နေရာမှာ စစ်တပ်က ဖမ်းဆီးလိုက်တယ်။ ဘာကြောင့် ဖမ်းတာလဲဆိုကတော့ မသိသေးဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ဒေါက်တာအောင်နိုင်ဦးကို ပြန်လွှတ်ပေးရန်အတွက် သံဃာတော်များနှင့် မွန်ခေါင်းဆောင်တို့က စစ်ကောင်စီနှင့် သွားရောက် ညိုနှိုင်းနေသော် ညနေပိုင်းအချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း […]

ဓမ္မသရွာကို စစ်ကောင်စီက နေ့စဉ်ပစ်ခတ်တိုက်ခိုက်သဖြင့် မီးထပ်လောင်

Dawei Watch

April 9, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာထဲကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေပြီး နေအိမ်မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ကစပြီး ဓမ္မသရွာထဲကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းဖြင့် ပစ်ခတ်ခဲ့ သည့်အပြင် မော်လမြိုင် အရှေ့တောင်တိုင်းနှင့် ဇာသပြင်ကျေးရွာရှိ စစ်ကောင်စီတပ်တို့ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းသို့ ပစ်ခတ်မှုများကြောင့် နေအိမ် မီးထပ်မံ မီးလောင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ပစ်နေတာက နေ့တိုင်းပါပဲ။ လေယာဉ်နဲ့လည်း ပစ်တယ်။ ရေတပ်ကလည်း ပစ်တယ်။ မနေ့ည (ဧပြီ ၈) ကဆိုရင်လည်း ညနေကတည်း ပစ်နေတာ ည ၉ နာရီလောက်ထိကို အလုံးကြီးသံတွေ […]

မွန်တွင် တစ်ရက်အတွင်း အမျိုးသားသုံးဦး ပစ်သတ်ခံရ

Dawei Watch

April 9, 2024

မွန်ပြည်နယ်တွင် တစ်ရက်အတွင်း အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးအပါအဝင် အမျိုးသားသုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၇ ရက်နေ့ ည ၈ နာရီဝန်းကျင်က မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ဦးထိန်ဝင်း (ခေါ်) ဦးမော့တို့ သားအဖနေအိမ်တွင်ရှိနေစဉ် သေနတ်သမားတို့က လာရောက်ပစ်ခတ်သဖြင့် သေဆုံးကြောင်း ကမာဝက်မြို့ခံတစ်ဦးက ပြောသည်။ “သူ (ဦးမော့) က ရွာမှာ လောင်းကစားဝိုင်းတွေ ဖွင့်တယ်။ ကြက်ဝိုင်း၊ ဖဲဝိုင်းတွေ ဖွင့်တယ်။ တခြားတော့ သူ့အကြောင်း သိပ်မသိဘူး။ သူပစ်ခံရတဲ့အချိန်မှာ သူ့အမျိုးသမီးက တရားစခန်းဝင်နေတာ” ဟု ၎င်းက ပြောဆိုသည်။ ဦးထိန်ဝင်း (ခေါ်) ဦးမော့ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က […]

ဂျိုင်းမြစ်ထဲတွင် ပျောက်နေသည့် မြို့ရွှေထားဝယ် ကားသမား၏ ရုပ်အလောင်းပြန်တွေ့

Dawei Watch

April 7, 2024

ကရင်ပြည်နယ် ၊ ဘားအံမြို့နယ် ၊ ဒူရိန်ရွာ ၊ ဒူရိန်ဆိပ်ကမ်း တွင်ဂျိုင်းမြစ်ထဲ ကားထိုးကျကာ ပျောက်ဆုံးနေသည့် မြို့ရွှေထားဝယ်ယာဥ်လိုင်း က ယာဥ်မောင်းအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဘားအံမြို့၊ လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။ ရေနစ်ပြီး တစ်ရက်ကျော်အကြာတွင် ဒူရိန်ဆိပ်ကမ်းနှင့် တစ်မိုင်အကွာတွင်ရှိသည့် ဒေါဖျာဆိပ်ကမ်း၌ ပြန်ပေါ်လာခြင်းဖြစ်ကြောင်း ဘားအံမြို့ ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ ပြန်ကြာရေးတာဝန်ခံကပြောသည်။ “ ရုပ်အလောင်းကို ဘားအံဆေးရုံပို့ပြီး မိသားစုခေါ်ပေးထားပါတယ်။ ကားသမားမိသားစုတွေနဲ့က ရေနစ်တဲ့နေ့ကတည်းက အဆက်သွယ်ရပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါယာဥ်မောင်းသည် ပဲခူးမြို့၊နန်းတော်ရာရပ်ကွက်ကဖြစ်ပြီး ပဲခူး နှင့် မြဝတီပြေးဆွဲသည့် မြို့ရွှေထားဝယ်ယာဥ်လိုင်းက ယာဥ်မောင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ ဧပြီလ ၅ ရက် […]