BREAKING
September 16, 2024

မွန်

မွန်ပြည်နယ်မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ

diz_admin

May 11, 2020

မွန်ပြည်နယ်မှ တစ်ဦးတည်းသော ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (လူနာ အမှတ် ၂၇)သည် ယခုအခါ စစ်ဆေးမှုရလဒ်အရ ရောဂါပိုးမတွေ့ရှိတော့သည့်အတွက် ဧပြီလ ၇ ရက်နေ့က ဆေးရုံမှဆင်းခွင့်ရသည်။ လူနာအမှတ် ၂၇ သည် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာဖြစ်ကြောင်း ဧပြီလ ၁၀ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သည်။ ဆေးရုံမှ ဆင်းပြီးနောက် နေအိမ်ခြေချုပ်အနေဖြင့် နှစ်ပတ်ဆက်လက်နေ ထိုင်ရမည်ဖြစ်ပြီး ၎င်းနောက် လိုအပ်ပါက စစ်ဆေးမှုထပ်မံပြုလုပ်သွားမည်ဟု မော်လမြိုင်ဆေးရုံအုပ်က ပြောသည်။“လူနာကလည်း ငယ်တဲ့အတွက် ကိုယ်ခံအားကောင်းတာပေါ့နော်။ အခြားရောဂါ ဥပမာ နှလုံးတို့၊ အဆုတ်တို့ အဲလိုမျိုး ရောဂါမရှိတော့ ကုရတာ ထိရောက်တာပေါ့နော်” မော်လမြိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောသည်။ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် […]

ရေဖြူတွင် မိုင်းနင်းမိမှုထပ်ဖြစ်၊ ဒေသခံတစ်ဦး ခြေထောက်တစ်ဖက်ပြတ်

diz_admin

May 11, 2020

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားသည်ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ အလယ်စခန်းကျေးရွာမှ ၃ မိုင်ခန့်ဝေးသည့် ဒေသအခေါ် ကြောင်လျှာကွင်း ဒေသတွင် မေလ ၄ ရက်နေ့ မွန်းလွဲတစ်နာရီအချိန်ခန့်က ခြံမှပြန်လာသည့် ဟံဂံရွာခံ နိုင်ထွန်းဆိုသူသည် လမ်းပေါ် တွင် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားသည်ဟု သိရသည်။ “မိုင်းနင်းမိတဲ့လူက ဟံဂံက ဒီမှာ (အလယ်စခန်း) ခြံလာလုပ်နေကြတယ်။ ခြံကနေအပြန် လူသွားလမ်းပေါ်မှာပဲ နင်းမိတယ်။ အဲနေရာတစ်ဝိုက်မှာပဲ ၂၀၁၉ တုန်းကလည်း တစ်ကြိမ် မိုင်းနင်းမိတာ ရှိခဲ့တယ်” ဟု အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြောသည်။ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်းက ဒေသခံတို့ […]

မလတ်တောင် ပြိုမှုကြောင့် နေအိမ်ပျက်စီးသွားသူများကို နေအိမ်ပေးအပ်

diz_admin

May 5, 2020

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မလတ်တောင်ပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားသူများကို ပြည်နယ်အစိုးရက မတ်လ ၂၈ ရက်က နေအိမ်အသစ် ပေးအပ်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် သဲဖြူကုန်းကျေးရွာ၌ မလတ်တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ်များ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူရာနှင့်ချီလည်း သေဆုံးသွားခဲ့သည်။ နေအိမ်ပျက်စီးသွားသည့် မိသားစုများအတွက် ပြည်နယ်အစိုးရက တောင်ပြိုမှုဖြစ်ခဲ့သည့်နေရာမှ ရန်ကုန်သွားသည့်ဘက် သဲဖြူကုန်းကျေးရွာဘောလုံးကွင်းမရောက်ခင် အောက်ဘက်ခြမ်းရှိ စားကျက်မြေနေရာပေါ်တွင်အကွက်ဖော်ပြီး နေအိမ်အသစ်တည်ဆောက်ပေးခဲ့သည်။ “အိုးအိမ်ဆုံးရှုံးသွားတဲ့ အခြေအနေကို ကျေးရွာတာဝန်ခံနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကနေ စာရင်းကောက် ခိုင်းတယ်။ စာရင်းတက်လာတာက အကုန်လုံး ၂၃ အိမ်ပေါ့”ဟု မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးထွန်းမင်းအောင် က ပြောသည်။ ပြည်နယ်အစိုးရက တည်ဆောက်ပေးထားသည့် နေအိမ် ၂၃ လုံးအနက် […]

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်စပ်ဂိတ်မှ ထိုင်းပြန်များ ဝင်ခွင့်ပြုတော့မည် မဟုတ်

diz_admin

May 5, 2020

မွန်ပြည်သစ်ပါတီက ၎င်းတို့ ထိန်းချုပ်ထားသည့် ဘုရားသုံးဆူဒေသ နယ်စပ်ဂိတ်ဝင်ပေါက်များမှတဆင့် ဧပြီလ ၃၀ ရက်နောက်ပိုင်း ထိုင်းနိုင်ငံမှပြန်လာကြမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဝင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရ သည်။ လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် နေရပ်ပြန်လာကြရန်နှင့် ဧပြီလ ၃၀ ရက်နောက်ပိုင်း ပြန်လာသူများအနေဖြင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ပြန်လာခြင်းကိုခွင့်ပြုတော့မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုရုံးချုပ်က ဧပြီလ ၂၅ ရက်က စာထုတ်ညွှန်ကြားထားသည်။ “မွန်ပြည်သစ်ပါတီအနေနဲ့ နယ်စပ်ဂျပန်ရေတွင်း၊ ကြံတောဂိတ်ကို ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြတ်ပြတ်သားသား ပိတ်သွားမှာဖြစ်ပါတယ်”ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူနယ်စပ်ဂိတ်မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်ခြင်းကို အစိုးရဘက်ကပိတ်ပင်ထားသော်လည်း အချို့ရွှေ့ပြောင်းအလုပ်သမားတို့က ပွဲစားအကူအညီဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်ထားသည့် ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းနှင့် […]

မွန်ပြည်နယ် မြို့နယ်အားလုံးနီးပါး သောက်သုံးရေ အခက်အခဲဖြစ်နေ

diz_admin

April 28, 2020

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ဆယ်မြို့နယ်စလုံးနီးပါးတို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း ရေလိုက်လံဖြန့်ဝေပေးနေသူများနှင့် ဒေသခံများထံမှ သိရသည်။ မတ်လဆန်းမှစကာ ပင်လယ်နှင့်နီးသည့် မြို့နယ်အချို့တို့တွင် ရေပြတ်လပ်မှု စတင်ဖြစ်ပွားခဲ့ပြီး ဧပြီလတတိယပတ်တွင် မြို့နယ် ၁၀ မြို့နယ်လုံးရှိ ကျေးရွာအများစုတို့တွင် ရေပြတ်လပ်ကာ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ဒီနှစ်ကတော့ ရေတော်တော်လေးကို ခမ်းကုန်တယ်။ ခါတိုင်းနှစ်တွေ ရေခမ်းတယ်ပြောပေမယ့် ကိုယ့်ရေတွင်းနဲ့ ကိုယ့်အိမ်နဲ့ သုံးလို့လောက်တဲ့ အနေအထားရှိတယ်။ ဒီနှစ်ကတော့ မရဘူး။ သင်္ကြန်ပြီးတော့ ရေက လုံးဝမရှိတော့ဘူး” ဟု မုဒုံမြို့နယ်မှ ကိုထွန်းလင်းက ပြော သည်။ ပြည်နယ်အတွင်းရှိ မုဒုံ၊ သံဖြူ ဇရပ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို အစရှိသည့် မြို့နယ်အတွင်းရှိ ကျေးရွာအများစုတို့တွင် […]

အသွားအလာကန့်သတ် စောင့်ကြည့်ထားသူ ၈၅၀ဝ ကျော်ရှိ

diz_admin

April 9, 2020

မွန်ပြည်နယ်အတွင် အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ထားသူ ၈၅၀ဝ ဦးကျော်ရှိကြောင်း မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ မွန်ပြည်နယ်အနှံ့ နေရာပေါင်း ၃၅၀ ကျော်တွင် စောင့်ကြည့်နေရာအများဆုံးမှာ မော်လမြိုင်တက္ကသိုလ်တွင်ဖြစ်ပြီး ဦးရေတစ်ထောင်ခန့် ရှိသည်။ အဆိုပါ ၈၅၀ဝ ဦးကျော်တွင် အခြားတိုင်းနှင့် ပြည်နယ်မှပြည်တော်ပြန်များလည်း ပါဝင်ကြောင်း သိရသည်။ ပြည်ထောင်စုအစိုးရ၏ ညွန်ကြားချက်ဖြင့် ထိုင်းနိုင်ငံမှ ပြန်ဝင်လာသည့် တိုင်းနှင့် ပြည်နယ်အသီးသီးမှ ပြည်တော်ပြန်အချို့ကိုလည်း လက်ခံခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။ ဧပြီလ ၃ ရက်စာရင်းအရ တစ်ပြည်နယ်လုံးတွင် ဆေးရုံတွင်စောင်ကြည့် လူနာ ၃ ဦး၊ ဆေးရုံတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသူ ၆၀ ဦး နီးပါးရှိကြောင်း အထက်ပါ ဌာနမှသိရသည်။