မွန်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂ ဦးအထိ ရှိလာ
diz_admin
June 15, 2020မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၁၆၄ ဦးရှိပြီး သေဆုံးသူ ၂ ဦးထိ ရှိလာသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထံမှ သိရသည်။ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၆ ရက်အထိစာရင်းအရ ပြည်နယ်အတွင်း ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုအခြေအနေ ဖြစ်သည်။ သေဆုံးသူ ၂ ဦးမှာ ဆယ်လသားနှင့် ၈ နှစ်အရွယ် ကလေးဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။ သွေးလွန်တုပ်ကွေးအဖြစ်အများဆုံး မြို့နယ်သည် မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့ဖြစ်ပြီး သေဆုံးကလေး ၂ ဦးသည် ပေါင်မြို့နယ်မှ ဖြစ်သည်။ “သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးက ပြည်သူတွေပါမှ။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေချည်းပဲ လုပ်လို့မရဘူး။ အိမ်တိုင်းအိမ်တိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ် ကို နားလည်သဘောပေါက်ပြီး ကိုယ့်အိမ်မှာ ဖုံး၊ […]