BREAKING
September 19, 2024

မွန်

မွန်ညီညွတ်ရေးပါတီ ပြည်နယ်နှင့် တိုင်း ၅ ခုအထိ ရွေးကောက်ပွဲ ဝင်ပြိုင်မည်

diz_admin

June 30, 2020

မွန်ညီညွတ်ရေးပါတီက ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်း ၅ ခုအထိ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားသည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။ မွန်ပါတီများသည် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်သာ ဝင်ရောက်ယှဉ်ပြိုင်မှုရှိခဲ့ကြသော်လည်း ယခု လာမည့်ရွေးကောက်ပွဲတွင်မူ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ “ပဲခူးနဲ့ ရန်ကုန်မှာလည်း မဲဆန္ဒနယ်တစ်နေရာ ဒါမှမဟုတ် နှစ်နေရာ ဝင်ပြိုင်ဖို့ ရှိတယ်။ ဘယ်မြို့နယ်လဲဆိုတာကတော့ မရွေးချယ်ရသေးဘူး” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။ မွန်ညီညွတ်ရေးပါတီသည် လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မြို့နယ် ၉ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၄ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် […]

ဂျပန်စစ်ကျန်ပစ္စည်းတူးထားသည့် နေရာတွင် လူ ၄ ဦး သေဆုံးမှုဖြစ်

diz_admin

June 22, 2020

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကဝါကျေးရွာအုပ်စုအတွင်းရှိ ဒုတိယကမ္ဘာစစ်ကာလက ဂျပန်စစ်စခန်းအဖြစ် အသုံးပြုခဲ့သည့် မိန်ဘလာတောင် (ဂျပန်တောင်ဟုလည်းခေါ်သည်) တွင် စစ်ကျန်ပစ္စည်းရှာဖွေရန် တူးဖော်ထားသည့်နေရာတွင် မိန်းကလေး ၃ ဦးနှင့် အမျိုးသမီးကြီး ၁ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့ ည ၆ နာရီအချိန်ခန့်က ဝဲကဝါကျေးရွာအုပ်စု အောင်ကုသိုလ်ရပ် ဓမ္မကရုဏာဘုန်းကြီးကျောင်း၌ ကပ္ပိယအဖြစ်နေထိုင်သူ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၂ ဦး၊ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့သည် ဘုရားရှစ်ခိုးချိန် ပြန်ရောက်မလာသည့်အတွက် လိုက်လံ ရှာဖွေရာမှ ထိုဂျပန်စစ်ကျန်ပစ္စည်းများ တူးဖော်ထားသည့် ရေကန်ကဲ့သို့ဖြစ်နေသည့် မြေကျင်းနေရာတွင် သေဆုံးလျက်ရှာဖွေတွေ့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ […]

မြေမြှုပ်မိုင်းကိစ္စ မဖြေရှင်းနိုင်သေး

diz_admin

June 21, 2020

မွန်ပြည်နယ် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဒေသတို့တွင် မကြာခဏဖြစ်ပွားနေသည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုကိစ္စကို ယခုအချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။ မွန်ပြည်သစ်ပါတီအနေဖြင့် မြေမြှုပ်မိုင်းကိစ္စ ဖြေရှင်းနိုင်ရန်အတွက် မဟာမိတ်အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့်သော်လည်းကောင်း၊ အစိုးရ၊ တပ်မတော်တာဝန်ရှိသူများနှင့်သော်လည်းကောင်း ဆွေးနွေးညှိနှိုင်းနေသော်လည်း ယခုအချိန်ထိ အဖြေတစ်စုံတစ်ရာမရသေးကြောင်း ပြောသည်။ “ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ကျွန်တော်တို့မဟာမိတ် KNUနှင့် အစိုးရတာဝန်ရှိသူ တပ်မတော်တာဝန်ရှိ သူနဲ့ရော ဆွေးနွေးတယ်။ ဆွေးနွေးသော်လည်း ယခုအချိန်ထိ အဖြေတစ်စုံတစ်ရာ မပေါ်သေးဘူးပေါ့နော်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ ဆွေးနွေးညှိနှိုင်းမှု အသေးစိတ်နှင့် မည့်သည့်အတွက်ကြောင့် မပြေလည် သေးသည်ကိုမူ ထုတ်ဖော်မပြောပေ။ မွန်ပြည်သစ်ပါတီအနေဖြင့် မြေမြှုပ်မိုင်းကိစ္စကို ရှေ့ဆက်ပြီး ဖြေရှင်းနိုင်ရန် နည်းလမ်းရှာနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ […]

မွန်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်းကျော်

diz_admin

June 15, 2020

မွန်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် မေလအကုန်ထိ ပြုစုထားသည့်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းကျော်အထိရှိလာကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ အဆိုပါ မဲစာရင်းတွင် မသန်စွမ်းမဲစာရင်းပါဝင်ပြီး တပ်မတော်သားနှင့် အတူနေမိသားစုဝင်တို့၏ မဲစာရင်းများမပါဝင်သေးကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။ တပ်မတော်သားနှင့် အတူနေမိသားစုဝင်များ မဲစာရင်းကို လက်ရှိတွင် ကောက်ယူနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်တွင်းမဲရုံအပါအဝင် မဲရုံပေါင်း ၉၅၈ ရုံ နှင့် ယာယီမဲရုံ ၅ ရုံ ထားရှိရန်လျာထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ၂၀၁၅ ရွေးကောက်ပွဲကျင်းပစဉ်က မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိ ၁၅ သိန်း ၃ သောင်းကျော် ရှိခဲ့သည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသ အချို့တွင် စားသောက်ကုန်ပြတ်

diz_admin

June 15, 2020

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသရှိ ပြည်သူလူထု ၃ ပုံ ၁ ပုံခန့်သည် စားသောက်ကုန်ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်ရန်ခက်ခဲခြင်းကူးစက်ရောဂါကာလကြာလာခြင်းကြောင့် ရေရှည်အတွက် အဓိကစားသောက်ကုန်များပြတ်လပ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသတွင် ကျေးရွာပေါင်း ၆၀ ရွာခန့်တွင် လူဦးရေ ၉၀ဝဝဝ နီးပါးရှိသည်။ ယင်းတို့အနက် လူဦးရေ ၃ ပုံ ၁ ပုံခန့်သည် စားသောက်ကုန်ပြတ်လပ်သည့် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။ မွန်ပြည်သစ်ပါတီအနေနှင့် ပြည်သူများလိုအပ်နေသည့် အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် အစိုးရထံတင်ပြထားကြောင်း နိုင်ဗညားလယ်က ဆိုသည်။ မွန်ပြည်သစ်ပါတီ ထိန်ချုပ်နယ်မြေဒေသရှိ ပြည်သူများသည် Covid-19 ကူးစက်ရောဂါကိုအန္တရာယ်အပြင် မိုးရာသီကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအန္တရာယ်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေရသည့် […]

မွန်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂ ဦးအထိ ရှိလာ

diz_admin

June 15, 2020

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၁၆၄ ဦးရှိပြီး သေဆုံးသူ ၂ ဦးထိ ရှိလာသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထံမှ သိရသည်။ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၆ ရက်အထိစာရင်းအရ ပြည်နယ်အတွင်း ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုအခြေအနေ ဖြစ်သည်။ သေဆုံးသူ ၂ ဦးမှာ ဆယ်လသားနှင့် ၈ နှစ်အရွယ် ကလေးဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။ သွေးလွန်တုပ်ကွေးအဖြစ်အများဆုံး မြို့နယ်သည် မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့ဖြစ်ပြီး သေဆုံးကလေး ၂ ဦးသည် ပေါင်မြို့နယ်မှ ဖြစ်သည်။ “သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးက ပြည်သူတွေပါမှ။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေချည်းပဲ လုပ်လို့မရဘူး။ အိမ်တိုင်းအိမ်တိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ် ကို နားလည်သဘောပေါက်ပြီး ကိုယ့်အိမ်မှာ ဖုံး၊ […]