BREAKING
September 19, 2024

မွန်

သဘာဝဘေးအတွက် ဘတ်ဂျက် လိုအပ်ချက်ရှိနေဟုဆို

diz_admin

July 6, 2020

မွန်ပြည်နယ်တွင် သဘာဝဘေးအတွက် ဘတ်ဂျက်ကို Covid-19 ကူးစက်ရောဂါကာလတွင်သုံးထားရသည့်အတွက် ဘတ်ဂျက် လိုအပ်ချက်ရှိနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။ ယမန်နှစ်က သဘာဝဘေးအတွက် ဘတ်ဂျက် ကျပ်သိန်းတစ်သောင်း ရှိခဲ့သော်လည်း ယခုနှစ်အတွက် လက်ရှိတွင် မွန်ပြည်နယ်အစိုးရ၌ သဘာဘေးဘတ်ဂျက် ကျပ်သိန်း ၅၀ဝ၀ ခန့်သာရှိသည်ဟု ၎င်းက ဆက်ပြောသည်။ “တော်တော်များများမှာ Shelter တွေ လိုက်ဆောက်နေတယ်။ ဘီလူးကျွန်း ကျိုက်မရော မော်လမြိုင်စသဖြင့် shelter တွေ လိုက်ဆောက်နေတယ်။ အဓိကက စားနပ်ရိက္ခာအတွက် အဓိက ဖြည့်ရမယ့် အခြေအနေမှာ ရှိတယ်။ အဲဒီအတွက် ဘတ်ဂျက်ကလည်း ကိုဗစ်မှာသုံးထားတာ နည်းနည်းများတော့ အဲဒီအတွက်ကို ပြန်ရှာ နေရတာပေါ့နော်” ဟု ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။ သဘာဝဘေးအတွက် ဘတ်ဂျက် […]

မွန်ရှိ အိမ်ထောင်စု ၇၃၀ဝ၀ ကျော်ကို ငွေကြေး စတင်ထောက်ပံ့၊ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော်လည်း ပါဝင်

diz_admin

July 6, 2020

မွန်ပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၇၃၀ဝ၀ ကျော်ကို ဒုတိယအသုတ်အနေဖြင့် ဇွန်လ ၃၀ ရက်မှစပြီး ငွေကြေး ထောက်ပံ့မှု ပေးနေသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ ဃသလငိ-၁၉ ကူးစက်ရောဂါကာလ အခက်အခဲရှိသည့် အခြေခံလူတန်းစား များအတွင် ဒုတိယအသုတ်ထောက်ပံ့မှုတွင် အိမ်ထောင်စုတစ်စုလျှင် ကျပ် ၁၅၀ဝ၀ နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရမှ သိရ သည်။ “ပြည်ထောင်စုဘတ်ဂျက်ကပဲ အခု တစ်ခါပေးတာက စီမံဘဏ္ဍာဝန်ကြီးဌာနက ဘတ်ဂျက်” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ပြောသည်။ ပြည်နယ်အတွင်းရှိ အခြေခံလူတန်းစားများအား ထောက်ပံ့မည့် ငွေကြေးများကို ပြည်နယ်အစိုးရမှ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ ဇွန်လ ၂၉ ရက်နေ့က လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟုလည်း […]

အတ္ထရံမြစ်ရေ သန့်စင်စီမံကိန်း ပြီးပါက မြို့ပေါ်ရပ်ကွက် ၈၀ ရာခိုင်နှုန်းထိ ရေသန့်ရမည်

diz_admin

July 6, 2020

အတ္ထရံမြစ်ရေသန့်စင်စီမံကိန်း ပြီးစီးသွားပါက မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက် ၈၀ ရာခိုင်နှုန်းခန့်ထိ ရေသန့်ဖြန့်ဝေပေးနိုင်မည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ် ရေးဝန်ကြီးက ပြောသည်။ မြို့ပေါ်ရပ်ကွက် ရေရှားပါးမှု မဖြစ်ပေါ်စေရေးနှင့် သန့်ရှင်းသောရေ အသုံးပြုနိုင်ရေးအတွက် အတ္ထရံမြစ်ရေ သန့်စင်သည့် စီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစကာ ဆောင်ရွက်ခဲ့ သည်။ စီမံကိန်းစတင်စဉ်က မြို့ပေါ် ၁၄ ရပ်ကွက်အတွက် ရေဂါလံ ၄ သန်း အထိသာ ထုတ်ရန် စီစဉ်ခဲ့သော်လည်း မြို့ပေါ် ရေလိုအပ်ချက်အရ ရပ်ကွက် ၁၆ ရပ်ကွက်အတွက် ရေဂါလံ ၆ သန်းထိ တိုးထုတ်ရန် ဆောင်ရွက်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာ ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။ “အစတုန်းက ဆွဲထားတဲ့စီမံကိန်းက ၁၄ […]

မွန်ပြည်သစ်ထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော် ထောက်ပံ့မှု ရရှိရန် တင်ပြထား

diz_admin

July 1, 2020

Covid-19 ကူးစက်ရောဂါကာလအတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စု ၃၀ဝ၀ ကျော် နိုင်ငံတော်မှ ဒုတိယအကြိမ် ထောက်ပံ့မှုရရှိရန် တင်ပြထားသည် မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ နိုင်ငံတော်မှ ဒုတိယအကြိမ် ထောက်ပံ့မည့်အစီအစဉ်တွင် မွန်ပြည်နယ်မှ အိမ်ထောင်စု ၇ သောင်းကျော် ထောက်ပံ့မှုရရှိရန် တင်ပြထားပြီး အဆိုပါ အိမ်ထောင်စုများတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော် ပါဝင်သည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့က ပြောသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ နိုင်ငံတော်မှ ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် လာမည့် ရက်သတ္တ ပတ် ၂ ပတ်အတွင်း ထောက်ပံ့ပေးသွားနိုင်ရန် စီစဉ်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတရုံး က ဇွန်လ ၁၉ ရက်နေ့က […]

မုဒုံတွင် ကျပ်သိန်းတစ်သောင်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

diz_admin

June 30, 2020

မွန်ပြည်နယ် မုဒုံမြို့တွင် ကျပ်သိန်း တစ်သောင်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါး တစ်သိန်းလေးသောင်း (၁၄၀ဝဝဝ) ပြားခန့် ဖမ်ဆီးရမိကြောင်း မုဒုံမြို့မ ရဲစခန်းထံမှ သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် မွန်ပြည်နယ် မှုခင်းအကူဌာနစုမှ ရဲအုပ် ဇော်ထိုက် ဦးစီးသည့် ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ မုဒုံမြို့ မြို့မ (၁) ရက်ကွက် မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမပေါ် သိန်းကမ္ဘာမိုတယ်ရှေ့၌ စောင့်ဆိုင်းနေစဉ် သံဖြူဇရပ်ဘက်မှ မုဒုံဘက်သို့လာသော ကုန်တင်ကားတစ်စီးပေါ်မှ အထုပ်ကြီးတစ်ထုပ်အား ထမ်း၍ဆင်းလာသော ကြိုတင်သတင်း ရရှိထားသူ မုဒုံမြို့နေ အောင်အောင် (၃၉) နှစ်ဆိုသူအား စစ်ဆေးရှာဖွေခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ စစ်ဆေးရှာဖွေရာ၌ လက်ဆွဲပီနံ အိတ်အတွင်း အထုပ်များဖြင့် ထုပ်ပိုးထားသော WY+R […]

မွန် NLDပါတီ ကိုယ်စားပြု အစိုးရအဖွဲ့ဝင်နှင့် ကိုယ်စားလှယ် အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင်မည်

diz_admin

June 30, 2020

မွန်ပြည်နယ်တွင် NLDပါတီ ကိုယ်စားပြု အစိုးရအဖွဲ့ဝင်နှင့် ကိုယ်စားလှယ် အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင်ရန် အဆိုပြုလွှာတင်ထားကြောင်း သိရသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၁၂ ဦးရှိပြီး NLDပါတီ ကိုယ်စားပြု ၁၀ ဦး၊ မွန်ညီညွတ်ရေးပါတီမှ ၁ ဦးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၁ ဦးတို့ ပါဝင်သည်။ လာမည့်ရွေးကောက်ပွဲတွင် NLDပါတီမှ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၁၀ ဦးထဲအနက်မှ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးမှအပ ကျန် ၉ ဦးစလုံး ဝင်ပြိုင်ရန် အဆိုပြုလွှာတင်ထားသည်ဟု မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောသည်။ “ကိုထွန်ဌေးတော့ မပြိုင်ဘူး။ ကျန်တဲ့ ဝန်ကြီးအားလုံး ဝင်ပြိုင်မယ်။ အဆို ပြုလွှာတွေက […]