BREAKING
September 19, 2024

မွန်

မွန်ရှိ တိုင်းရင်းသားလူမျိုးများအကြောင်း သင်ကြားမည်

diz_admin

July 28, 2020

မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို ယခုပညာသင်နှစ်မှစကာ အစိုးရစာသင်ကျောင်းများတွင် သင်ကြားသွားမည်ဟု သိရသည်။ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုအကြောင်းကို ငယ်စဉ်ကတည်းက လေ့လာသိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် သင်ရိုးညွှန်းတမ်း ရေးဆွဲခဲ့ကာ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် စတင်သင်ကြားသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးထံမှ သိရသည်။ “သင်ရိုးညွှန်းတမ်းကတော့ အဓိက ကိုယ့်ရဲ့ဒေသက တိုင်းရင်းသားလူမျိုး တွေအကြောင်း ကိုယ့်ဒေသအကြောင်းတွေ ကိုယ့်ပြည်နယ်အကြောင်းကို ကလေးတွေကို ရုပ်ပုံလေးတွေနဲ့ သင်ပေးတာ ပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။ သင်ရိုးညွှန်းတမ်းတွင် မွန်၊ ကရင်၊ ဗအိုဝ်း၊ ဗမာတိုင်းရင်းသားလူမျိုးဆိုင်ရာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ အထိမ်းအမှတ်သင်္ကေတ၊ အခေါ်အဝေါ်များအပြင် မွန်ပြည်နယ်အကြောင်း အထင်ကရ နေရာများ၊ သဘာဝအရင်းအမြစ်၊ […]

MCL ဘိလပ်မြေစက်ရုံကုန်ထုတ်လုပ်မှု ရပ်တန့်

diz_admin

July 20, 2020

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) ကုန်ထုတ်လုပ်မှုများ ရပ်တန့် လိုက်ပြီဖြစ်ကြောင်း စက်ရုံ၏ ထုတ်ပြန်ချက်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရသည်။ ဘိလပ်မြေထုတ်လုပ်ရာမှာ အဓိကကျသည့် ကုန်ကြမ်းဖြစ်သော ထုံးကျောက်ကုန်ကြမ်း ပြတ်လပ်မှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး ကုန်ထုတ်လုပ်ငန်းများ ရပ်တန့်မည်ဖြစ်ကြောင်း မော်လမြိုင် ဘိလပ်မြေစက်ရုံ၏ ရှယ်ယာ အများဆုံးပိုင်သည့် SCG ကုမ္ပဏီ မြန်မာပြည်ရုံးခွဲ၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ကြေညာထားသည်။ ယင်းသို့ ပိတ်သိမ်းမည့်အကြောင်း တင်ပြသည့်စာကို မွန်ပြည်နယ်အစိုးရသို့ မိတ္တူပေးပို့ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ ကုန်ထုတ်လုပ်ငန်းများ ရပ်တန့်သွားသည့်အတွက် စက်ရုံရှိ […]

မွန်အမျိုးသားကျောင်းအချို့ ဖွင့်လှစ်

diz_admin

July 20, 2020

ရေးချောင်းဖျား၊ ရေဖြူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီအုပ်ချုပ်သည့်ဒေသတွင် ကိုဗစ်ရောဂါကူးစက်မှု အခြေအနေ ငြိမ်သက်နေသည့်အတွက် မွန်အမျိုးသားကျောင်း ၃၀ ကျော် ဖွင့်လှစ်ထားကြောင်း မွန်အမျိုးသားပညာရေးကော်မတီ (MNEC) မှ သိရသည်။ အထက်တန်းကျောင်းများကို ဇွန်လ ၁၅ ရက်နေ့က စဖွင့်ခဲ့ပြီး မူလတန်းနှင့် အလယ်တန်းများကိုလည်း ဖြည်းဖြည်းချင်း ဖွင့်လှစ်ခဲ့ကြောင်း မွန်အမျိုးသား ပညာရေးကော်မတီတာဝန်ခံ မင်းအောင်ဇေက ပြောသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသား ၁၀ဝ၀ဝ ကျော်နှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားသည့် မွန်စာပေသင်ကျောင်း ၉၂ ကျောင်းရှိကာ ကျောင်းသားဦးရေ ၁၄၀ဝ၀ ကျော်ရှိကာ ကျောင်းဆရာ ဆရာမ ၇၈၀ ခန့်တို့ဖြင့် ပညာသင်ကြားလျက်ရှိသည်ဟု မွန်အမျိုးသားပညာရေးကော်မတီမှ မိကရက်နွန်က ပြောသည်။ ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား […]

မြေပြင် မွန်လူဦးရေစာရင်းနှင့် လ.ဝ.က စာရင်း ကွာဟမှုကြောင့် တနင်္သာရီတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မရဖြစ်နေ

diz_admin

July 20, 2020

မြေပြင်စာရင်းအရ တနင်္သာရီတိုင်း ဒေသကြီးအတွင်း မွန်လူဦးရေ ခြောက်သောင်းကျော်ရှိသော်လည်း မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာမရသည်မှာ မွန်လူဦးရေစာရင်း မြေပြင်နှင့် လ.ဝ.က စာရင်း ကွာဟမှုကြောင့်ဖြစ်ကြောင်း သိရသည်။ မွန်တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ ရရှိရေးအတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ( ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းမကောက်ယူမီ) အချိန်ခန့်က မွန်လူဦးရေ စာရင်းကောက်ခံသည့်အဖွဲ့ တစ်ခုအား ဖွဲ့စည်းခဲ့ပြီး တိုင်းအတွင်း စာရင်းကောက်ယူခဲ့ရာ မွန်လူဦးရေ ခြောက်သောင်းကျော်ရရှိခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်မင်းနိုင်ထံမှ သိရသည်။ သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာန၏ စာရင်းအရ လေးသောင်းကျော်သာရှိကြောင်း မွန်ညီညွတ်ရေးပါတီ၏ မြိတ်မြို့နယ် ပြန်ကြားရေးမှူး နိုင်ချမ်းလွန်က ပြောပြ သည်။ “တချို့က အကြောင်းအမျိုးမျိုးကြောင့် (မှတ်ပုံတင်မှာ) ဗမာတွေဖြစ်‌နေတာ တစ်သောင်းလောက် ရှိတယ်” ဟု […]

ရေတံခွန် မသွားရ

diz_admin

July 13, 2020

မွန်ပြည်နယ်အတွင်း နေ့စဉ် လူထောင်နှင့်ချီ လာရောက်အပန်းဖြေနေသည့် ရေတံခွန်များကို ဇူလိုင်လ ပထမအပတ်မှစပြီး သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံအချို့ထံမှ သိရသည်။ ဇွန်လအကုန် ဇူလိုင်လဆန်းပိုင်းမှ စပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆောင်နိုင်ကြီးရေတံခွန်၊ ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်ရေတံခွန်ဟု လူသိများသည့် ကျောက် သင်္ဘောရေတံခွန်၊ ဆင်ရွာရေတံခွန်အပြင် အခြားသော သဘာဝရေတံခွန်၊ စမ်းချောင်းများသို့ ဒေသတွင်းသာမက အနယ်နယ် အရပ်ရပ်ကပါ နေ့စဉ် လူထောင်ချီ လာရောက် ရေကစားနေကြသည်။ လက်တလောဖြစ်ပွားနေသည့် ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေး မဖြစ်စေရန် ထုတ်ပြန်ထားသည့်အတွက် လူစည်ကားသည့် ရေတံခွန်များကို ယခုကဲ့သို့ လည်ပတ်ခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောသည်။ “နေ့စဉ် ရေကစားတဲ့သူတွေနဲ့ စည်ကားနေတယ်။ […]

မွန်ညီညွတ်ရေးပါတီ မဲဆန္ဒနယ် ငါးဆယ်ကျော် ဝင်ပြိုင်မည်

diz_admin

July 13, 2020

မွန်ညီညွတ်ရေးပါတီ (Mon Unity Party) သည် လာမည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ် ၅၅ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။ လက်ရှိတွင် မဲဆန္ဒနယ်နှင့် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက် တိတိကျကျ မသတ်မှတ်နိုင်သေးသော်လည်း အကြမ်းအားဖြင့် မွန်ပြည်နယ်တွင် မဲဆန္ဒနယ် ၃၂ ခု၊ ကရင်ပြည် နယ်တွင် ၁၃ ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၇ ခု၊ ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ၃ ခုခန့်ဝင်ရောက် ယှဉ်ပြိုင်သွားရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။ “ဝင်ပြိုင်မယ့် မဲဆန္ဒနယ်ကတော့ ခန့်မှန်းထားတာပေါ့နော်။ အတိအကျတော့ မဟုတ်သေးဘူး” ဟု […]