BREAKING
September 19, 2024

မွန်

မွန် သဘင်လုပ်သား ၁၅၀ဝ ကျော် စားဝတ်နေရေးအခက်အခဲဖြစ်

diz_admin

August 10, 2020

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်အတွင်းရှိ ဇာတ်သဘင်လုပ်သား ၁၅၀ဝ ကျော် စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည်နယ်သဘင်အစည်းအရုံးနှင့် သဘင်လုပ်သားများထံမှ သိရသည်။ ဇာတ်သဘင်များ ရပ်နားထားရသည့်အတွက် ဇာတ်ဆရာများက သဘင်လုပ်သားများအား လုပ်အားခ မရှင်းပေးနိုင်ခြင်းကြောင့် သဘင်လုပ်သား ၁၅၀ဝ ကျော်အနေနှင့် ထိုကဲ့သို့ ကြုံနေရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်သဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌက ပြောသည်။ ကွမ်းသမားနှင့် ကိုဗစ် “သဘင်သမားဆိုတာ စပေါ်ငွေနဲ့ စရန်ငွေကို မျှော်စားရတာ။ အခု အလုပ်မရှိတော့ စပေါ်ငွေမရဘူး။ ဒီတော့ စားဝတ်နေရေး အိမ်ငှားခနဲ့ ကျောင်းဖွင့်လာပြီ ဆိုရင် သဘင်သမားတွေအတွက် ခက်ခဲတယ်” ဟု ဒုတိယဥက္ကဋ္ဌ ဦးစံလင်းက ပြောသည်။ မွန်ပြည်နယ်အတွင်း မြန်မာဇာတ်သဘင်နှင့် မွန်ဇာတ်သဘင် စုစုပေါင်း ၄၁ ဖွဲ့ရှိပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန် မတ်လမှစတင်ကာ […]

မြန်မာနိုင်ငံတောင်ပိုင်းမှ ပြည်သူ ၃၀ ရာခိုင်နှုန်းခန့် မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိ

diz_admin

August 4, 2020

မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ၃၀ ရာခိုင်နှုန်းခန့်သော မဲဆန္ဒရှင်တို့အနေနှင့် မဲပေးခွင့်ဆုံးရှုံးရဖွယ်ရှိနေသည်ဟု လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ်ထံမှ သိရသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အထူးသဖြင့် မွန်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ဒေသရှိ ပြည်သူ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ရှိမနေကြခြင်း ဖြစ်သည်။ ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ တိုင်းရင်းသားပြည်သူလူထုများ လယ်ဝယ်တွင် မှတ်ပုံတင်မရှိပါက ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးသည် အလိုလိုဆုံးရှုံးနေမည်ဖြစ်သည့်အပြင် လာမည့် ရွေးကောက်ပွဲတွင်လည်း မဲပေးပိုင်ခွင့် ဆုံးရှုံးကြရမည့်အခြေအနေရှိနေသည်ဟု အစီရင်ခံက ပြောဆိုထားသည်။ “နောက် သူတို့မှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်တာမျိုး အခွင့်အလမ်းမရကြတာလည်း ရှိပါတယ်” ဟု လွတ်လပ်တရားမျှတသည့် ၂၀၂၀ […]

မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းစာရင်း အမျိုးသမီး ၁၆ ဦး အထိပါဝင်

diz_admin

August 4, 2020

နိုဝင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၆ ဦးအထိ ပါဝင်သည်ဟု ပါတီက ထုတ်ပြန်ထားသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ပြိုင်မည့်အနက်မှ အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက် ထိုမျှပမာဏပါဝင်ခြင်း ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ဝန်းကျင် ဖြစ်သည်။ မွန်ညီညွတ်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို ဗဟိုအလုပ်မှုဆောင်တွင် အတည်ပြုပြီး ဇူလိုင်လ ၂၆ ရက်နေ့က တရားဝင်ထုတ်ပြန်ထား သည်။ အရွေးခံမည့် အမျိုးသမီးကိုယ်စား လှယ်လောင်းများသည် ပြည်သူ့လွှတ်တော် ၁ ဦး၊ အမျိုးသားလွှတ်တော် ၇ ဦး နှင့် ပြည်နယ်လွှတ်တော် ၈ ဦးတို့ဖြစ်သည်။ မဲစာရင်းအပေါ် မွန်လူထု စိတ်ဝင်စားမှုနည်း […]

မဲစာရင်းအပေါ် မွန်လူထု စိတ်ဝင်စားမှုနည်း

diz_admin

August 4, 2020

မွန်ပြည်နယ်တစ်ခုလုံး၏ အခြေခံ မဲဆန္ဒရှင်များစာရင်းကို ဇူလိုင်လ ၂၅ ရက် နေ့က စတင်ကြေညာထားပြီး မဲစာရင်းအပေါ် မွန်လူထုတို့၏ စိတ်ဝင်စားမှု နည်းပါးသည်ဟု သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ထံမှ သိရသည်။ မဲစာရင်းကြေညာသည့်နေ့နှင့် ဒုတိယနေ့၊ တတိယနေ့တို့တွင်လည်း လာရောက်ကြည့်ရှုသူ နည်းပါးကြောင်း ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တစ်ခု ဖြစ်သည့် သီရိမင်္ဂလာရပ်ကွက်တွင် မဲစာရင်းအား တသီးတသန့် လာရောက်ကြည့်ရှုခြင်းထက် အခြားအကြောင်းကိစ္စတို့နှင့် တွဲဖက်၍ လမ်းကြုံအားဖြင့်သာ ဝင်ရောက်ကြည့်ရှုကြလေ့ရှိသည်ဟု ပြောသည်။ “လူတွေက မဲစာရင်းကြည့်ဖို့ထက် ဝမ်းစာက အရေးကြီးတော့ အလုပ်ပဲ သွားကြတာလေ။ လာမကြည့်ကြဘူး” ဟု သီရိမင်္ဂလာရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြော သည်။ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်တွင်လည်း […]

မွန်ပါတီတွင် ကိုယ်စားလှယ်လောင်း လျှောက်ထားမှု အမျိုးသမီး အလွန်နည်း

diz_admin

July 28, 2020

မွန်ညီညွတ်ရေးပါတီတွင် ကိုယ်စားလှယ်လောင်း လျှောက်လာသည့်စာရင်းတွင် အမျိုးသမီးအရေအတွက် အလွန်နည်းသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောကြားသည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု လျှောက်လာသည့် ကိုယ်စားလှယ်လောင်း ၈၀ ကျော်အနက် အမျိုးသမီး ၁၀ ဦးခန့်သာ ပါဝင်လာသည်ဟု ၎င်းက ပြောသည်။ “ကျွန်တော်တို့ကတော့ ဖိတ်ခေါ် ထားတာပဲလေ။ အရည်အချင်းတူရင် အမျိုးသမီးကို ဦးစားပေးမယ်ဆိုတာ” ဟု နိုင်စံတင်က ပြောသည်။ မွန်ရှိ တိုင်းရင်းသားလူမျိုးများအကြောင်း သင်ကြားမည် မွန်ညီညွတ်ရေးပါတီအနေနှင့် ပါတီတွင်း အမျိုးသမီးပါဝင်မှုကို အကန့်အသတ်မရှိ လမ်းဖွင့်ပေးထားသည့်အပြင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အမျိုးသမီးကို ဦးစားပေးမည်ဆိုသည့် မူဝါဒ ချမှတ်ထားသည်။ မြို့နယ်အဆင့်တွင် ကိုယ်စားလှယ်လောင်း လျှောက်ထားသည့်အနက် အမျိုးသမီးပါဝင်မှု ၂၅ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်းအကြားတွင် […]

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် ဝန်းကျင်ရှိဒေသခံ ၂၀ဝ၀ ကျော် မှတ်ပုံတင် မရှိ

diz_admin

July 28, 2020

မှတ်ပုံတင် ပျောက်သွားသူ၊ ပျက်စီးသွားသူနှင့် အသက် ၁၈ နှစ်ပြည့်သူများအပါအဝင် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိသည့် ရေးချောင်းဖျားဒေသမှ ဒေသခံပြည်သူ ၂၀ဝ၀ ကျော် မှတ်ပုံတင်မရှိသေးကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ မွန်ပြည်သစ်ပါတီအနေဖြင့် ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဒေသခံပြည်သူများ မှတ်ပုံတင်ရရှိနိုင်ရေးအတွက် ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်း ဆွေးနွေးထားပြီး ကွင်းဆင်းပြုလုပ်ပေး ရန် သဘောတူထားသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံက ပြောသည်။ “ရွေးကောက်ပွဲ မတိုင်ခင်တော့ လုပ်ဖြစ်မယ်” ဟု နိုင်ဗညားလယ်က ပြောသည်။ ဗဟိုဌာနချုပ်ဒေသတစ်ဝိုက်တွင် ဝင်ထွက်သွားလာခွင့် အပြည့်အဝ ဖွင့်မပေးထားသဖြင့် မှတ်ပုံတင်ကို ယင်းသို့ ညှိနှိုင်းလုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။ မွန်ပြည်သစ်ပါတီထိန်းချုပ်မှု အောက်ရှိ သထုံခရိုင် မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်နှင့် ဘုရားသုံးဆူဒေသတွင်မူ မှတ်ပုံတင်ပြုလုပ်ခြင်းနှင့် […]