BREAKING
September 19, 2024

မွန်

မွန် မြို့နယ်အချို့တွင် သောက်သုံးရေပြတ်လပ်

Dawei Watch

May 2, 2024

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေ ပြတ်လပ်မှုဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် အကူအညီပေးနေသည့် ပရဟိတအဖွဲ့တို့ထံမှ သိရသည်။ မော်လမြိုင်၊ ဘီလူးကျွန်း၊ ပေါင်၊ ဘီးလင်း စသည့် မြို့နယ်တို့တွင် သောက်သုံးရေ ရှားပါးနေပြီး အထူးသဖြင့် ပင်လယ်နှင့် နီးသည့် နေရာတို့တွင် သောက်သုံးရေပြတ်လပ်မှု ဆိုးရွားစွာကြုံတွေ့နေကြရကြောင်း ၎င်းတို့က ပြောသည်။ “အဓိက ပင်လယ်ကမ်းစပ်ကရွာတွေ ရေလိုအပ်ချက်ရှိတယ်။ အဓိက သောက်ရေ ပြီးတော့ ချက်ပြုတ်ဖို့အတွက်ရေ လိုအပ်တယ်။ ပင်လယ်ကမ်းစပ်ဖြစ်တော့ သွားလာရေးကလည်း အခက်အခဲရှိကြတယ်။ ရေလှူတဲ့အဖွဲ့တွေကလည်း မရောက်” ဟု ရေလိုအပ်နေသည့် ရပ်ကွက်၊ ကျေးရွာတို့ကို အခမဲ့ လိုက်လံရေဖြန့်ဝေပေးနေသူတစ်ဦးက ဆိုသည်။ ရာသီဥတု အလွန်ပူပြင်းသည့်အတွက် ဧပြီလဆန်းပိုင်းမှစပြီး ရေတွင်းရေကန်များ ခန်းခြောက်လာသလို ရေတွင်းရေကန် တူးဖော်၍ မရသည့် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် […]

ကော့ဘိန်းရွာတွင် စစ်ကောင်စီတပ် ဝင်ပြီးနောက် ဒေသခံလေးဦး ပစ်သတ်ခံရ

Dawei Watch

April 30, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဒေသခံ လေးဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်တို့က ကော့ဘိန်းကျေးရွာထဲ သေနတ်ပစ်ခတ်ပြီး ဝင်ရောက်လာကြောင်း ဒေသခံတို့က ပြောသည်။ ရွာထဲ ဝင်ရောက်လာချိန်တွင် အသက် ၁၉နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ပစ်သတ်သွားသည့်အပြင် လမ်းတွင် ဆိုင်ကယ် ဖြင့် သွားလာနေသူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဆိုင်ကယ်ကိုလည်း ယူဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ် ရွာထဲသို့ ဝင်လာသည့်နေ့တွင် အသက် ၃၈နှစ်ဝန်းကျင် ဒေသခံတစ်ဦးဖြစ်သည့် နိုင်စိုက်ဂျီကိုလည်း စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းနောက် လေးရက်အကြာ ဧပြီလ ၂၈ ရက်တွင် နိုင်စိုက်ဂျီ၏ […]

ကျုံညှဲရွာပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးဖမ်းဆီးထားစဉ် ပစ်ခတ်မှုဖြစ်ပြီးသေဆုံးဟု မွန်နှင့်တနင်္သာရီတော်လှန်ရေးအင်အားစု များဆို

Dawei Watch

April 26, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကျုံညှဲရွာက အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူနှင့် ပြည်သူ့စစ်ဒုခေါင်းဆောင်ဖြစ်သူတို့သည် ဖမ်းဆီးခံထားရစဉ် လက်နက်လုထွက်ပြေးပြီး အပြန်အလှန်ပစ်ခတ်ရာမှ ၎င်းတို့ နှစ်ဦး သေဆုံးကြောင်း မွန်နှင့် တနင်္သာရီတော်လှန်ရေးမဟာမိတ်အင်အားစုများက ထုတ်ပြန်သည်။ ကျုံညှဲရွာက ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းပြီး အဖွဲ့ဝင် ငါးဦးကို ဧပြီလ ၂၃ရက်က စစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း အထက်ပါအင်အားစုများက ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။ အဖမ်းခံရသူများအနက် သုံးဦးမှာ သာမန်အဖွဲ့ဝင်များဖြစ်သဖြင့် ဖမ်းဆီးသည့်ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီး ပြည်သူ့စစ် ခေါင်းဆောင်နှစ်ဦးကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တရားစီရင်ရေးဌာနသို့ အပ်နှံရန် ထိန်းသိမ်းထားခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ထိန်းသိမ်းထားစဉ် ဧပြီလ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးသည် လက်နက်လုယူထွက်ပြေး သောကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ ၎င်းတို့နှစ်ဦး […]

မွန်ပြည်သစ်ပါတီ AD နှင့် MSFC တို့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

Dawei Watch

April 24, 2024

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ နိုင်ငံရေး၊ စစ်ရေး လူမှုကယ်ဆယ်ရေးအပါအဝင် အခြားကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ဖက်ပူးတွဲ ထုတ်ပြန်သည်။ NMSP-AD နှင့် MSFC တို့ ဧပြီလ ၂၂ ရက်က ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက်သွားကြရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။ ပထမအကြိမ် တွေ့ဆုံပွဲတွင် MSFC က ကောင်စီဝင် ၉ ဦး၊ NMSP-AD က နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ ၆ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း ဖော်ပြသည်။ နိုင်ငံရေး၊ စစ်ရေး၊ လူမှုကယ်ဆယ်ရေးအပါအဝင် အခြားကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းအကောင် အထည်ဖော်ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု နှစ်ဖက်သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။ ပူးပေါင်း […]

စစ်ကောင်စီ အင်အားတိုးချဲ့ထားသည့် ကျိုက်မရောမြို့နယ်တွင် နေ့စဉ်တိုက်ပွဲဖြစ်

Dawei Watch

April 23, 2024

စစ်ရေးပြင်းထန်နေသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲကို စစ်ကောင်စီက အင်အား အလုံအရင်းဖြင့် တိုးချဲ့ထားပြီး နေ့စဉ်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံနှင့် ဒေသတွင်းစစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတို့ထံမှ သိရသည်။ ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ခံရပြီးနောက် ရမ္မာဝတီလမ်းတစ်လျှောက်ရှိ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ပေါက် အစရှိသည့် ကျေးရွာများထဲသို့ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားသည့်အပြင် ဧပြီလ ၁၉ ရက်ကလည်း သံချပ်ကာ ကား များဖြင့် တရနာ၊ သံကလောင်ကျေးရွာဘက်သို့ စစ်ကြောင်း ထပ်မံဝင်ရောက်လာခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဒေသတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။ “တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ စစ်တပ်ကတော့ ရွာတွေထဲမှာ အခိုင်အမာ နေရာဝင်ယူထားတယ်။ နှစ်ဖက် စလုံးက ရှိနေတော့ တိုက်ပွဲက ဖြစ်နေမှာပဲ” […]

ကျိုက်မရောတွင် တိုက်ပွဲပြင်းထန်နေ

Dawei Watch

April 19, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအနီးတဝိုက်တွင် ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ သံချပ်ကာကားများဖြင့် တရနာ၊ သံကလောင်ကျေးရွာဘက်သို့ ထိုးစစ်ဆင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပူးပေါင်းတပ်တို့ကြား ယနေ့ နံနက် ၇ နာရီဝန်းကျင်က တိုက်ပွဲစတင်ဖြစ်ပွားကြောင်း ဒေသခံတို့က ဆိုသည်။ “မနက်ပိုင်းလောက်ကတည်းက ပစ်နေတာ။ တရနာ၊ သံကလောင် အဲဒီဘက်မှာဖြစ်နေတာ။ စစ်တပ်တွေက အဲဒီဘက်ကို ဝင်လာလို့ တိုက်ပွဲဖြစ်တာ။ လေယာဉ်နဲ့လည်း ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်နေသည့်အပြင် လက်နက်ကြီးများ ဖြင့်လည်း ဆက်တိုက်ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ […]