တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
April 12, 2025မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီလ ၆ ရက်မှ ဧပြီလ ၁၂ ရက်အထိ အင်းတော်နဲ့ ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေသိမ်းယူ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နဲ့ ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းယူလိုက်ပါတယ်။ စစ်ကိုင်းနဲ့ ကချင်အစပ်က ဗျူဟာကျတဲ့ အင်းတော်မြို့ကို ကချင်တပ် KIA၊ ကျောင်းသားတပ် ABSDFနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ပြီး ၈ လ လောက်အကြာ ဧပြီလ ၇ရက်မှာ သိမ်းယူနိုင်ခဲ့တာပါ။ မြို့မှာ အခိုင်အမာ ဆောက်ထားတဲ့ စစ်ကောင်စီ တပ်မ ၇၇ ရှေ့တန်းဌာနချုပ် ဂျပန်လှိုဏ်ဂူနဲ့ ဘုရားကုန်းတွေကို သိမ်းယူခဲ့တာပါ။ စခန်းစွန့် ထွက်ပြေးတဲ့ တပ်မ ၇၇ တပ်မမှူးအပါအဝင် […]