ကော့သောင်းတွင် ဇနီးမောင်နှံ ရန်ဖြစ်ရာမှဓားထိုးမှုဖြစ်ပြီး ဇနီးဖြစ်သူသေဆုံး
Dawei Watch
March 27, 2024ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ ၃၁ မိုင်တွင် မတ်လ ၂၆ ရက် မွန်းလွဲပိုင်းက ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွာပြီး အသက် ၄၀ ကျော်အရွယ်ရှိ ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ ဆွေမျိုးတော်စပ်သူ၏ အသုဘအိမ်တွင် ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့်ထိုးခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “မိန်းမဖြစ်သူက အသုဘ စဖြစ်ကတည်းက အသုဘအိမ်မှာပဲ နေတာတဲ့။ (ရန်) မဖြစ်ခင်ညမှာ သူ့ယောက်ျား လိုက်လာအိပ်ပြီး မနက်မိုးလင်းတော့ ရန်ဖြစ်ကြတယ်လို့ သိရတယ်” ဟု အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။ သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ယင်းနေ့ ညနေပိုင်းတွင်ပင် ကော့သောင်းမြို့ ၂မိုင်ဆေးရုံသို့ ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့က ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ […]