BREAKING
March 3, 2025

ကော့သောင်း

ဆိုင်ကယ်ဖြင့် စိတ်ကြွဆေး သယ်လာသည့် အမျိုးသမီးတစ်ဦးကို ဖမ်းမိ

diz_admin

January 6, 2020

ကော့သောင်းမြို့နယ်တွင် ဆိုင်ကယ် ဖြင့် စိတ်ကြွဆေးသယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ ၂၉ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရဲတပ်ဖွဲ့က ပုလုံးတုံတုံးကျေးရွာအဝင်လမ်းတွင် မူးယစ်ဆေးသတင်းအရ စောင့်ဆိုင်းနေစဉ် ကော့သောင်းမြို့ဘက်မှ ပုလုံးတုံတုံး ကျေးရွာဘက်သို့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးမောင်း နှင်လာသည့် နံပါတ်မပါသည့် ဆိုင်ကယ် တစ်စီးကို ရပ်တန့် စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့စစ်ဆေးရာ ဆိုင်ကယ်အရှေ့တွင် တင်ထားသည့် ပလပ်စတစ်အိတ် အတွင်းမှ WY စိတ်ကြွဆေး ၁၉၀ ပြား ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ကြွ ဆေးပြားသယ်ဆောင်လာသည့် အမျိုးသမီး ကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် […]

အရက်အတူသောက်ပြီး အရက်ပုလင်းရိုက်ခွဲရာမှ ဓားထိုးမှုဖြစ်

diz_admin

January 6, 2020

ဘုတ်ပြင်းမြို့နယ်တွင် အရက်အတူ သောက်ပြီး အရက်ပုလင်းခွံရိုက်ခွဲသည့် ကိစ္စဖြင့် စကားများရာမှ ဓားထိုးမှုဖြစ်ပွား ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကြိမ်နီတောင်ကျေးရွာတွင် ဒီဇင်ဘာ လ ၃၁ ရက်ညနေက အရက်အတူသောက် နေသည့် အသက် ၃၀ အရွယ် အမျိုးသား က အရက်ပုလင်းခွံကို ရိုက်ခွဲသည့် ကိစ္စဖြင့် စကားများရာမှ အသက် ၃၄ နှစ်အရွယ် အမျိုးသားက ဓားဖြင့်ထိုးခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဓားဖြင့် လည်ပင်းကို ထိုးရာတွင် လည်ပင်းတွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့် ထိုးသည့် အမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ- ၃၂၆ ဖြင့် ဘုတ်ပြင်းမြို့မရဲစခန်း တွင် အမှုဖွင့်ထားကြောင်း […]