BREAKING
April 10, 2025

ကော့သောင်း

ကော့သောင်းရေပြင် မိုင် ၇၀ ပတ်လည်ခန့် ငါးဖမ်းခွင့် အကန့်အသတ်မရှိပိတ်၊ ရေလုပ်သားတို့ အကြပ်ရိုက်

diz_admin

January 28, 2020

မြန်မာနိုင်ငံတောင်ပိုင်းရှိ အဓိက ငါးဖမ်းကွက်များအနက် တစ်ခုဖြစ်သော ကော့သောင်းပင်လယ်ရေပြင် မိုင် ၇၀ ပတ်လည် (စတုရန်းမိုင် ၄၉၀၀) ခန့်တွင် ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းခွင့် အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၀ ဒီဂရီနှင့် ၁၁ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀ မှ ၉၈ ဒသမ ၃၀ ဒီဂရီ ကြား ငါးဖမ်းခွင့် ပိတ်လိုက်ကြောင်း ကော့သောင်းခရိုင်ငါးလုပ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကမ်းခြေအနီးမှ အနောက်ဘက်စူးစူး မိုင် ၇၀ ခန့်၊ ကရသူရိမြို့အနီး ကော့ရဲကြီးကျွန်းမှ အနောက်ဘက်စူးစူး မိုင် ၇၀ ခန့်အတွင်း ကမ်းဝေးလှေများ ငါးဖမ်းခွင့် ပိတ်လိုက်ခြင်း ဖြစ်သည်။ […]

ပင်လယ်ပြင်တွင် လှေသားက ပဲ့နင်းကို ဓားဖြင့် ထိုးသတ်

diz_admin

January 21, 2020

ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ် ပင်လယ်ပြင်တွင် လှေသားက ပဲ့နင်းကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ လှေသား ၁၆ ဦးပါသည့် ဝါလပ် ငါးဖမ်းလှေသည် လငန်းကျွန်း အရှေ့ ဘက် ရေမိုင် ၆ မိုင်ခန့်အကွာတွင် စက်ချို့ယွင်းသွားသည့် အတွက် အခြား လှေတစ်စီးကို အကူအညီတောင်းကာ မြိတ်မြို့သို့ ကြိုးဖြင့် ဆွဲလာကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ဆွဲလာစဉ် ဇန်နဝါရီလ ၁၀ ရက် နံနက်စောစောတွင် ပဲ့နင်းကြီးဖြစ်သူက အသက် ၄၁ နှစ်အရွယ် ညီဖြစ်သူ ပဲ့နင်း ငယ်ကို ပဲ့ကိုင်စေခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုအချိန်တွင် မြိတ်မြို့နေ အသက် ၃၇ နှစ်အရွယ်ရှိ လှေသားဖြစ်သူက ဓားမြှောင်ကိုင်ကာ ပဲ့နင်းခန်းအတွင်း […]

မတ်လအထိ ကျောင်းဖွင့်မည်ကို ဘုတ်ပြင်းမှ ဆရာအချို့ ဆန္ဒပြရန် စီစဉ်

diz_admin

January 21, 2020

မတ်လအထိ အခြေခံပညာကျောင်း များ ဖွင့်လှစ်မည်ဆိုသည့် ကိစ္စနှင့်ပတ်သက် ပြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရှိ ဆရာ၊ ဆရာမအချို့က ဆန္ဒထုတ် ဖော်ရန် စီစဉ်နေကြောင်း ဦးဆောင်နေသူ အချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၅ ရက်တွင် ဆန္ဒပြရန် ယာယီသတ်မှတ်ထားပြီး လက်ရှိတွင် ဆန္ဒထုတ်ဖော်မည့် ဦးဆောင်ကော်မတီ ကို အဖွဲ့ဝင် လေးဦးဖြင့်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဦးဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် မူလတန်းပြ ဦးကိုကိုအောင်က ပြောသည်။ “တချို့က ဆရာတွေကကျတော့ စိတ်ဝင်စားတယ်။ တချို့ကျောင်းတွေ ကျတော့ လုပ်လို့မဖြစ်ဘူးထင်တယ်ဆိုတဲ့ ဆရာမတွေလဲ ရှိပါတယ်။ တချို့ကျောင်း တွေမှာဆို နှစ်ယောက်ရှိရင် တစ်ယောက် လောက်ကတော့ စိတ်ဝင်စားမှုရှိတယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ဆန္ဒပြရာတွင်ပါမည့် ဆရာ၊ ဆရာများကို […]

ဘုတ်ပြင်းတွင် တောဆင်ရိုင်းတစ် ကောင်အသတ်ခံရ

diz_admin

January 21, 2020

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ်တွင်တောဆင်ရိုင်းတစ်ကောင်အ သတ်ခံရပြီးအမြီးဖြတ်ယူဆောင်သွား ကြောင်းဘုတ်ပြင်းမြို့နယ်၊ သစ်တော ဦးစီးဌာနနှင့် ဒေသခံများထံမှသိရသည်။ ပြည်ကြီးမဏ္ဍိုင်၊ ထောင်ငါးသိုင်း ကျေးရွာအုပ်စု၊ ဝါးဒင်းကျေးရွာအနီး၌ ဇန်နဝါရီ ၁၄ရက်ခန့်ကအသတ်ခံရသည် ဟုယူဆရပြီး၄ပေ ခန့်ရှိသည့်ဆင်အမြီး တစ်ချောင်းကိုဖြတ်ကာယူဆောင်သွားကြောင်းဘုတ်ပြင်း မြို့နယ်တောအုပ် ဦးလွင်ပိုင်စိုးက ပြောသည်။ အလျား၁၀ပေနှင့် အမြင့်၈ပေ၊ ခန့် မှန်း အသက်၂၀ကျော်ခန့် ရှိသည့်အဆိုပါ တောဆင်ရိုင်းသည် ဝါးဒင်းရွာအနီးကား လမ်းမနှင့် မနီးမဝေးတွင်သေဆုံးနေသည်ကို တွေ့ရပြီးဆင်၏ဘယ်ဘက်နံကြားနှင့် ဘယ်နားရွက်အောက်တွင်အဆိပ်လူးမြား ဒဏ်ရာ၂ချက်ကိုစစ်ဆေးတွေ့ရှိရကြောင်း တောအုပ်က ပြောပြသည်။ “အရေခွံခွာယူဖို့တော့ထင်တာပဲ။ လူသိသွားလို့အချိန်မရလိုက်ဘဲ အမြီးပဲ ယူသွားတဲ့သဘောလို့ယူဆတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်တွင်ဆင်ကိုမီးရှို့ကာ အကြွင်းအကျန်များကိုမြှုပ်ပြီး ပြည်ကြီး မဏ္ဍိုင်ရဲစခန်းတွင် သစ်တောဥပဒေပုဒ်မ ၄၁ က ဖြင့်အမှုဖွင့်ထားသည်ဟု တော အုပ်ဦးလွင်ပိုင်စိုး ထံမှသိရသည်။ “တရားခံမိဖို့လည်းချိတ်ဆက်ပြီးသတင်းစုံစမ်းနေပါတယ်”ဟု၎င်းက ပြောသည်။ လွန်ခဲ့သည့်၃ရက်ခန့်က […]

အိမ်တွင်းအကြမ်းဖက်မှု အများဆုံး

diz_admin

January 20, 2020

ထားဝယ်အမျိုးသမီးသမဂ္ဂထံ အကူ အညီတောင်းခံလာသည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုဖြစ်စဉ်များအနက် အိမ်တွင်းအကြမ်းဖက်မှုက အများဆုံး ဖြစ်ကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၁၄ လတာ ကာလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ် ခရိုင်တွင် အိမ်တွင်းအကြမ်းဖက်မှု ၉၂ မှု အကူအညီတောင်းခံလာကြာင်း ထားဝယ် အမျိုးသမီးသမဂ္ဂ၏ စာရင်းအရ သိရ သည်။ အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ လင်မယားစုံတွဲကြားနှင့် အတူနေ သမီးရည်းစားတို့အကြား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များအပေါ် ပုံသဏန်အမျိုးမျိုးဖြင့် စနစ်တကျ အကြိမ်ကြိမ်ကျူးလွန်ခြင်း ဖြစ်ပြီး ရာဇဝတ်မှုမြောက်ကြောင်း အမျိုး သမီးသမဂ္ဂက ထုတ်ပြန်ထားသည်။ “အိမ်တွင်းအကြမ်းဖက်မှုလို့ပြောရင် ယောက်ျားက မိန်းမကိုရိုက်တာတို့၊ ယောက်ျားက နောက်အိမ်ထောင်ပြုသွား တာပဲဖြစ်ဖြစ်၊ ကလေးစရိတ်မပေးဘဲနဲ့ အဲလိုမျိုးဟာတွေလည်းရှိတယ်” […]

ကော့သောင်းတွင် ထိန်းသိမ်းထားသည့် ဘင်္ဂါလီများကို နေရပ်ပြန်ပို့

diz_admin

January 15, 2020

ကော့သောင်းမြို့ ဇာဒက်ကြီးကျွန်း တွင် ထိန်းသိမ်းထားသည့် လှေစီးဒုက္ခသည် ဘင်္ဂါလီများကို ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။ ဘင်္ဂါလီ ၁၇၂ ဦးကို တပ်မတော် ထောက်ပံ့ရေးရေယာဉ်(၆၁၇)ဖြင့် ဇန်နဝါရီ လ ၈ ရက်က စစ်တွေဘက်သို့ လိုက်ပါ ပို့ဆောင်ခဲ့ပြီး စစ်တွေဘက်မှ တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ နေရပ် သို့ ပို့ဆောင်မည်ဟု သိရကြောင်း ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။ “ထိန်းသိမ်းထားတဲ့ ဇာဒက်ကြီး ကျွန်းနေရာက ထွက်သွားပြီဗျ။ ၁၇၂ ဦး။ သွားတာတော့ စစ်တွေဘက်ကို ဦးတည်သွားတယ်။ အဲဒီကိုရောက်တော့မှ ပဲ အဲဒီက တာဝန်ရှိသူတွေနဲ့ ချိတ်ဆက် […]

အမျိုးသမီးနှစ်ဦး၏ ဆံပင်ဆွဲသည့် အမျိုးသားကို ဖမ်းဆီး

diz_admin

January 15, 2020

ကော့သောင်းမြို့တွင် ဇန်နဝါရီလ ၇ ရက်ညနေပိုင်းတွင် ဆေးဆိုင်အတွင်း ဝင်လာပြီး အမျိုးသမီးနှစ်ဦး၏ ဆံပင်ဆွဲ သည့် အမျိုးသားကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ပိတောက်ရွှေဝါရပ်ကွက်၊ ဗိုလ်ချုပ် လမ်းရှိ ဆေးဆိုင်တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်က ဆေးခန်း အတွင်း ဖုန်းဝင်ယူနေစဉ် အမျိုးသား တစ်ဦးရောက်ရှိလာပြီး လက်ကိုဆွဲခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့လက်ဆွဲသဖြင့် အမျိုးသမီး ငယ်က အော်ဟစ်ရာ မအော်ရန်နှင့် ၎င်း နောက်သို့လိုက်ရန် ပြောပြီး ဆိုင်အပြင် ထွက်စဉ် အမျိုးသမီးငယ်၏ သူငယ်ချင်း ရောက်လာကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ အမျိုးသမီးငယ်၏ သူငယ်ချင်း အမျိုးသမီးက အဆိုပါ အမျိုးသားအား တွန်းရာ အမျိုးသမီးငယ်ကို လွှတ်လိုက် […]

“ ပသျှူးမို့လို့ နေရာ မပေးဘူး ”

diz_admin

January 8, 2020

မြန်မာနိုင်ငံတောင်ပိုင်းရှိ ပသျှူးလူမျိုးများ ခွဲခြားဆက်ဆံခံနေရသည် ပသျှူးထမင်းကြော်သည် နိုင်ငံကျော်သည်။ ပသျှူးလူမျိုးတွင်မူ နိုင်ငံကျော်သူ မရှိပါ။ ထူးချွန်ထင်ရှားသူဖြစ်ရန် သူတို့အတွက် အခက်အခဲ များစွာရှိနေကြောင်း ပသျှူးလူမျိုးတချို့က ဖွင့်ဟကြသည်။ ထင်ရှားသည့် ဘောလုံးအားကစားသမားတစ်ဦး ဖြစ်လိုသည်ဆိုသော ကော့သောင်းဆယ်မိုင်ရွာမှ အသက် ၂၀ ကျော်အရွယ် ပသျှူးလူငယ်တစ်ဦးကလည်း ဝါသနာပါရာလမ်းကို လျှောက်လှမ်း ခွင့်ရရန် အဟန့်အတားများ ရှိနေကြောင်း ဖွင့်ဟသည်။ ယင်းအဟန့်အတားမှာ ပသျှူးလူမျိုး ဖြစ်နေခြင်းက စသည်ဟု ထိုလူငယ်ကပြောသည်။ “ပသျှူးမို့လို့ နေရာ မပေးဘူး။ (ဘောလုံးကန်ဖို့) မြို့နယ်ရွေးပြီးမှ အကြောင်းအမျိုးမျိုးပြပြီး ချန်ခဲ့ခံရတယ်။ ကိုယ့်ရဲ့အရည်အချင်းတွေ ပြသခွင့် ဆုံးရှုံးနေတယ်။ မှတ်ပုံတင်မရှိလို့ မကစားရတာ လည်းရှိတယ်”ဟု ၎င်းလူငယ်က ပြောသည်။ အားကစားတွင် အရည်အချင်းရှိသည့် ပသျှူးလူငယ်များစွာရှိသော်လည်း သူ့ကဲ့သို့ပင် ချန်လှပ်ခံနေကြရကြောင်း ထိုလူငယ်က ပြောသည်။ […]