ကော့သောင်းလေယာဉ်ကွင်းတွင် ဒေသခံမဟုတ်သည့် ခရီးသည်များထံမှ ကျပ်သိန်းချီငွေညှစ်
Dawei Watch
July 28, 2024ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့်လာရောက်သည့် အခြားမြို့ရွာမှဒေသခံများမှာ လေယာဉ်ကွင်းတွင် ကျပ်သိန်းချီငွေညှစ်ခံနေရကြောင်း ခရီးသည်အချို့က ပြောဆိုသည်။ လမ်းရှင်းကြေးပုံစံမျိုးဖြင့် တစ်ဦးလျှင် ကျပ်တစ်သိန်းငါးသောင်း၊ သုံးသိန်း စသဖြင့်ပေးနေရကြောင်း ကိုယ်တိုင်ငွေညှစ်ခံလိုက်ရသူများက Dawei Watch သို့ပြောဆိုသည်။ ဇူလိုင်လ ၂၇ ရက်နေ့က လေကြောင်းခရီးဖြင့် ကော့သောင်းမြို့သို့ သွားရောက်ခဲ့သည့် ထားဝယ်မြို့နယ်မှ အမျိုးသားတစ်ဦးကလည်း မှတ်ပုံတင်သိမ်းထားပြီး ပြန်ထုတ်မပေးသဖြင့် ကျပ်တစ်သိန်း ငါးသောင်းဖြင့် ရွေးခဲ့ရကြောင်း ပြောဆိုသည်။ “မှတ်ပုံတင်ထုတ်မပေးဘဲ ဟိုရစ်၊ ဒီရစ်၊ ဟိုမေး၊ ဒီမေးမေးနေတာ။ ဘယ်သွားမှာလဲ၊ ဘယ်နေရာလဲ စုံနေတာပဲ။ ပိုက်ဆံပေးလိုက်မှပဲ နားအေးတော့တယ်” ဟု ၎င်းကဆိုသည်။ အလားတူ ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားမည့်သူများမှာလည်း မိမိကိုယ်တိုင် လေယာဉ်လက်မှတ်ဝယ်မရဘဲ ပွဲစားမှတစ်ဆင့် လက်မှတ်ဝယ်နေရကြောင်းဆိုသည်။ လေယာဉ်လက်မှတ်ဖိုးတွင် ကော့သောင်းလေယာဉ်ကွင်းအတွင်း လမ်းရှင်းစာရိတ်ပါ ထည့်သွင်းထားကြောင်း ကိုယ်တိုင်ကြုံဖူးသူတို့က […]