BREAKING
November 24, 2024

ကော့သောင်း

ကော့သောင်းလျှပ်စစ်တင်ဒါ ကုမ္ပဏီသုံးခု ဈေးနှုန်းတူ

diz_admin

November 24, 2020

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါဖွင့်ရာတွင် လျှပ်စစ်တစ်ယူနစ်အဆိုပြုဈေးနှုန်းတွင် ကုမ္ပဏီသုံးခုမှာ တူညီနေသည်။ အဆိုပါ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရေးတင်ဒါ၏ ကုမ္ပဏီ (Profile) နှင့် Technical (နည်းပညာပိုင်း) အတွက် အမှတ်ပေး ယှဉ်ပြိုင်သည့် တင်ဒါဖွင့် ဖောက်ခြင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဈေးနှုန်းအဆိုပြုခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။ အဆိုပါတင်ဒါကို ကုမ္ပဏီ ခြောက်ခုက ဝင်ရောက်ယှဉ်ပြိုင်ရာ သုံးခုသာ တင်ဒါအောင်မှတ်ရရှိခဲ့သည်။ လက်ရှိ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် KDDPC ကုမ္ပဏီ၊ ဖိုးသီးချို ကုမ္ပဏီနှင့် Siam Energy Seven ကုမ္ပဏီ တို့ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသုံးခု၏ လျှပ်စစ် တစ်ယူနစ်ဈေးနှုန်း အဆိုပြုချိန်တွင် KDDPC ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၃၈ ဒသမ ဝ၈ […]

NLDကို မဲမပေးဘဲ အစိုးရ၏ ထောက်ပံ့ကြေးကိုယူသည်ဟု ရေးသားသူကို အမှုဖွင့်

diz_admin

November 24, 2020

နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသည့် ကိုဗစ်ထောက်ပံ့ငွေနှင့်ပတ်သက်၍ လူမူကွန်ရက်ပေါ်တွင် ဓာတ်ပုံနှင့်တကွ စာရေးသားသည့်အတွက် ရေးသားသူအား အရေးခံရသည့် ကာယကံရှင် ကြံ့ခိုင်ရေးပါတီဝင်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲစခန်းနှင့် ၎င်းတို့ထံမှသိရသည်။ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာ အုပ်စု၊ တောင်ငယ်ကျေးရွာနေ NLD ဝန်းရံသူ ဒေါ်နှင်းနှင်းမော်အား တစ်ရွာတည်းနေ ကြံ့ခိုင်ရေးပါတီဝင် ဒေါ်ထားထားအေးက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ တောင်ငယ်ကျေးရွာတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က ကိုဗစ်ထောက်ပံ့ကြေး ပေးအပ်ခဲ့ရာ ကြံ့ခိုင်ရေးပါတီဝင် ဒေါ်ထားထားအေးက သွားရောက်ထုတ်ယူခဲ့စဉ် ၎င်းအား ဓာတ်ပုံရိုက်ခဲ့ပြီး “ဆန္ဒမဲပေးရင်သာ အမေစုပါတီ NLDကိုမဲပေးဖို့ တွန့်ဆုတ်နေကြတာ၊ အမေစုအစိုးရ ထောက်ပံ့ငွေကိုကျတော့ ထိပ်ဆုံးကပေါ့၊ လက်မတွန်ကြသူများ” ဟူသော စာသားများအား “သိန်းသွေး” အကောင့်ဖြင့် ဒေါ်နှင်းနှင်းမော်မှ ရေးသားခဲ့သည့်အတွက် […]

စိတ်ကြွဆေးပြား ၄၀ဝ နီးပါး ဖမ်းမိ၊ ကွင်းဆက်အမျိုးသမီးတစ်ဦး ထွက်ပြေးနေဆဲ

diz_admin

November 18, 2020

ကော့သောင်းမြို့နယ်တွင် စိတ်ကြွ ဆေးပြား ၄၀ဝ နီးပါးဖမ်းမိခဲ့ပြီး အမှုနှင့် ဆက်စပ်သည့် အမျိုးသမီးတစ်ဦး ထွက်ပြေးနေဆဲဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မာရမ်းနယ်မြေရဲစခန်းတွင် အမှု ဖွင့်ထားသည့် အခြားအမှုမှ မသင်္ကာ တရားခံတစ်ဦးဖြစ်သူ အသက် ၃၃ နှစ်အရွယ်အမျိုးသားကို လုံးဖော-အေးချမ်းသာလမ်းရှိ လုံးဖောတောင် ထိပ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က စောင့်ဆိုင်းနေစဉ် အခြားအမျိုးသားတစ်ဦးမောင်းနှင်ပြီး မသင်္ကာသူလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ မသင်္ကာသူလွယ်ထားသည့် ဘေးလွယ်အိတ်ကိုရှာဖွေရာ WY စိတ်ကြွဆေး ၃၉၀ ပြား တွေ့ရပြီး အဆိုပါ အမျိုးသားကို စစ်မေးရာ ယင်းမူးယစ်ဆေးများကို လုံးဖောရွာနေ အမျိုးသမီးတစ်ဦးထံမှ ဝယ်ယူခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။ ယင်းအမျိုးသမီး၏ နေအိမ်ကို သွားရောက်ရှာဖွေရာ အဆိုပါအမျိုးသမီးမှာ တိမ်းရှောင်နေပြီး […]

ကော့သောင်းပင်လယ်တွင်ပေါ်နေသည့် ကျောက်ငါးမျိုးစိတ်များကို ဓာတ်ခွဲခန်းသို့ပေးပို့ထား

diz_admin

November 17, 2020

ကော့သောင်းခရိုင်၊ ပင်လယ်တွင် ပေါ်လာနေသည့် ကျောက်ငါးမျိုးစိတ်များကို ဓာတ်ခွဲခန်းသို့ ပေးပို့ထားကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာန က သိရသည်။ ကော့သောင်းခရိုင် ညောင်ဝီးကျွန်း၊ ဘိုချိုကျွန်းနှင့် လန်ပိကျွန်းများ အနီးတဝိုက်ရှိ ပင်လယ်ရေပြင်တွင် ကျောက်ငါးမျိုးစိတ်များကို မသေမရှင် အနေအထားဖြင့် ရေပေါ် ပေါလောပေါ်နေသည်ကို စက်တင်ဘာလဆန်းခန့်က ဒေသခံရွာသားများနှင့် ဒေသခံရေလုပ်သားအချို့က စတင်တွေ့ရှိလာကြခြင်းဖြစ်သည်။ အဆိုပါ ကျောက်ငါးမျိုးစိတ်များကို နိုဝင်ဘာလ ၆ ရက်က ရန်ကုန်ငါး လုပ်ငန်းဦးစီးဌာန၊ ငါးရောဂါဌာနစု ဓာတ်ခွဲခန်းသို့ ကျောက်ငါးမျိုးစိတ်နှစ် ကောင်ကို ဓာတ်ခွဲစစ်ဆေးရန် ပေးပို့ထားပြီး လက်ရှိအချိန်ထိ အဖြေမသိရသေးဟု အထက်ပါဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က ပြောသည်။ “ရေနမူနာက မပို့ရသေးဘူး။ ရေငုပ်သမားရှာနေတာနဲ့ ဘာနဲ့ ဒီနေ့မှ ရေက ရတယ်။ ပင်လယ်ပြင်ရေအောက်ကြမ်းပြင်က ရေကိုယူပြီး ဓာတ်ခွဲခန်းပို့မှာပေါ့။ ရေထဲမှာ ဘယ်လို […]

ကော့သောင်း လျှပ်စစ်တင်ဒါဖွင့်ပွဲ

diz_admin

November 17, 2020

ကော့သောင်းမြို့နယ်၊ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါဖွင့်ပွဲကို ထားဝယ်မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။ အဆိုပါလုပ်ငန်းအတွက် လက်ရှိ ထားဝယ်နှင့် မြိတ်တွင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့်ရထားသည့် Petro&Trans ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ခြောက်ခုဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ Southern Coastline Group၊ ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ၊ KDDPC၊ Petro &Trans၊ Astro Worldနှင့် Siam Energy Seven ကုမ္ပဏီတို့ဖြစ်သည်။ လက်ရှိတင်ဒါဖွင့်ပွဲမှာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်တင်ဒါဖွင့်စဥ်က ဝင်ပြိုင်သည့်ကုမ္ပဏီများမှာ သတ်မှတ်ချက်အချို့ မပြည့်မီသည့်အတွက် ဖျက်သိမ်းခဲ့သည်။ မည်သည့်ကုမ္ပဏီက တင်ဒါအောင်မည်ဆိုသည်ကိုမူ လတ်တလောတွင် သိရဦးမည်မဟုတ်သေးပေ။

ဘုတ်ပြင်းတွင် လူ ၂၀ဝ ကျော် မဲစာရင်းမပါဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ရွာသားများပြော

diz_admin

November 14, 2020

ဘုတ်ပြင်းမြို့နယ်၊ ရွေဂဲညိုကျေးရွာတွင် နိုဝင်ဘာလ နောက်ဆုံးကပ်သည့် မဲစာရင်း၌ လူ ၂၀ဝ ကျော်မှာ အမည်ပါလာခဲ့ခြင်း မရှိကြောင်း ရွာသားများနှင့် ဘုတ်ပြင်းမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မျိုးဝင်းက ပြောသည်။ မဲစာရင်းတွင် အမည်မပါသူများသည် ပုံစံ(၃) ဖြင့် နောက်ဆုံးလျှောက်ထား ကြသူများဖြစ်ပြီး နောက်တိုးလျှောက်သူ ၂၉၆ ဦးအနက် ၉၁ ဦးသာ စာရင်းတွင် ပါလာသည်ဟု ရွာသားများက ဆိုသည်။ ရွာသားများမှ နာမည်မပါသူများ စာရင်းကို ရွာအတွင်းလိုက်လံ ကောက်ခံခဲ့ကြပြီး ပုံစံ(၃)ဖြင့် နောက်တိုးလျှောက်ကာ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရွေဂဲညိုကျေးရွာအုပ်စု၊ ရပ်ကျေးရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပေးအပ်ခဲ့ကြောင်း စာရင်းကောက်သူ ရွာသားများက ပြောပြသည်။ ဘုတ်ပြင်းမြို့နယ်၊ မနိုးလုံးကျေးရွာအုပ်စု၊ ခဲချောင်းကျေးရွာ မဲရုံအမှတ်(၃)တွင် NLD ပါတီ […]

ကိုဗစ်ကာလအတွင်း ကော့သောင်း နယ်စပ်မှတစ်ဆင့် နေရပ်ပြန်သူ သုံးထောင်နီးပါးရှိ

diz_admin

November 14, 2020

ကိုဗစ်-၁၉ ကူးစက်မှုများရှိနေသည့် ကာလအတွင်း ကော့သောင်းနယ်စပ်မှ တစ်ဆင့် နေရပ်သို့ ပြန်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ သုံးထောင် နီးပါးခန့်ရှိကြောင်း Foundation for Education and Development(FED) ၏ ရုံးတာဝန်ခံ ဦးမိုးဝေထံမှ သိရသည်။ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ရှင်း(FED) သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကိုဗစ်ကာလအတွင်း နေရပ်ပြန်နိုင်ရေးအတွက် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် မြန်မာဘက်ရှိ သက်ဆိုင်ရာဌာနတို့အား ချိတ်ဆက်ကာ နေရပ်ပြန်စာရင်း များပြုစုခြင်း၊ ကိုဗစ်နှင့်ပတ်သက်သည့် အသုံးအဆောင်များ၊ ခရီးသွားလာမှု ခက်ခဲသူများနှင့် အစားအသောက်အခက် အခဲရှိသူတို့အား ကူညီပံ့ပိုးပေးခြင်းတို့အား ဆောင်ရွက်နေကြောင်း သိရသည်။ ကော့သောင်းမင်္ဂလာဈေး ယခုနှစ်ကုန်တွင် စဆောက်မည် ကိုဗစ်ကာလအတွင်း နေရပ်ပြန် မြန်မာရွေ့ပြောင်းအလုပ်သမား နှစ်ထောင် ဦးကျော်နှင့် အချုပ်၊ […]

ဘုတ်ပြင်းမြို့နယ်၊ မနိုးလုံးကျေးရွာအုပ်စု၊ ခဲချောင်းကျေးရွာ မဲရုံအမှတ်(၃)တွင် NLD ပါတီ အနိုင်ရရှိ

diz_admin

November 8, 2020

ကြိုတင်မဲ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလွှတ်တော် NLD ၆၂ NLD ၁၈၄ NLD ၁၉၅ NLD ၁၈၉ NLD ၉၈ USDP ၂၆ USDP ၇၄ USDP ၇၃ USDP ၆၉ USDP ၂၃ UBP ၁ UBP ၇ UBP ၁၀ UBP ၇ UBP ၃ ပယ်မဲ ၈ ပယ်မဲ ၄၃ ပယ်မဲ ၃၀ ပယ်မဲ ၂၈ ပယ်မဲ ၂၉ ခိုင်ဇင်သော်/ Dawei Watch