ထိုင်း-မြန်မာနယ်စပ် ဆိပ်ဖူးရွာတွင် အမျိုးသားတစ်ဦးပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးနေဟု ကော့သောင်းပကဖပြော
Dawei Watch
October 11, 2024ထိုင်း-မြန်မာနယ်စပ် ကော့သောင်းခရိုင် ဆိပ်ဖူးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည့်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ဆိပ်ဖူးရွာတွင်နေထိုင်သည့် ခရစ်ယာန်သင်းအုပ်ဆရာ အသက် ၄၀ ဝန်းကျင်အရွယ် ဦးဇော်ဇော်သည် အောက်တိုဘာလ ၉ရက်နေ့ နံနက်က ၎င်း၏ခြံသို့ ဆိုင်ကယ်ဖြင့်သွားစဉ် ပရက်ခွလမ်းကွေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မိသားစုနှင့် နီးစပ်သူများက ဆိုသည်။ ထိုသို့ ပစ်ခတ်ခံခဲ့ရသည့်အတွက် ဝဲလက်ပြင်ဖောက်ထွက်ဒဏ်ရာ အပါအဝင် ရင်ညွန့်နှင့် နောက်ကျောတို့တွင် စုစုပေါင်း ကျည်ဆန်သုံးချက်ထိမှန် ဒဏ်ရာရကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။ လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဦးဇော်ဇော် ပစ်သတ်ခံရသည့်ဖြစ်စဉ်တွင် အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးနေကြောင်း […]