BREAKING
November 24, 2024

ကော့သောင်း

ဂက်စ်အိုးတင်လာသည့်ကား တိမ်းမှောက်၊ တစ်ဦးသေ အိမ်သုံးလုံးမီးလောင်

diz_admin

January 19, 2021

ကော့သောင်းမြို့တွင် ဒီဇင်ဘာလ ၁၅ ရက်က ဂက်စ်အိုးတင်လာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း ပွဲချင်းပြီးသေဆုံးကာ နေအိမ်သုံးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ကော့သောင်းမြို့၊ ရွေပြည်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပြောကြားသည်။ ၁၂ မိုင်ရပ်ကွက်ဘက်မှလာသည့် ဂက်စ်အိုးတင်ဆောင်လာသည့်ကားသည် ရွှေပြည်သာရပ်ကွက်အဝင် မြရည်ပုလဲလမ်းနှင့် သင်္ချိုင်းသွားလမ်းဆုံအရောက်တွင် ဘရိတ်ပေါက်ကာ တိမ်းမှောက် သွားခြင်းဖြစ်ကြောင်း ရွှေပြည်သာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောသည်။ ကနဦးကားထွက်စဉ်က ယာဉ်မောင်းနှင့် ကားပိုင်ရှင်တစ်ဦးပါလာပြီး ယာဉ်မောင်းမှာ အခြားရပ်ကွက်တစ်ခုတွင် ဆင်းနေခဲ့သဖြင့် ကားပိုင်ရှင် ကိုယ်တိုင် မောင်းလာစဉ် တိမ်းမှောက် သွားခြင်းဖြစ်ကြောင်း ဦးမြင့်အေးက ရှင်းပြသည်။ ကားတိမ်းမှောက်မှုကြောင့် ကားပိုင်ရှင်မှာ ပွဲချင်းပြီး ‌သေဆုံးခဲ့ပြီး ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် အနီးအနားရှိ တစ်ထပ်တိုက် သွပ်မိုး နေအိမ်နှစ်လုံးနှင့် ပျဉ်ထောင်အိမ်တစ်လုံးတို့ မီးလောင်းဆုံးရှုံးခဲ့ရသည်ဟုလည်းဆိုသည်။ “ကျန်တဲ့သူတွေကတော့ […]

ရနောင်းတွင်အချုပ်ကျ မြန်မာအလုပ်သမားတစ်ဦး သေဆုံး

diz_admin

January 15, 2021

ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေရုံးတွင် အချုပ်ကျနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးမှာ ဇန်နဝါရီလ ၅ ရက်နေ့က သေဆုံးသွားခဲ့သည်။ ရနောင်း လဝကရုံးရှိ ငါးထပ်တိုက် အဆောက်အအုံသည် အချုပ်သားများနှင့် အချုပ်နှင့် အကျဉ်းထောင်တို့မှ ပြန်လည်လွတ်မြောက်ခဲ့သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီ ထိန်းသိမ်းထားသည့် နေရာတစ်ခုဖြစ်သည်။ သေဆုံးခဲ့ရသည့် ရွှေ့ပြောင်းအလုပ်သမား အမျိုးသားအသက် ၃၂ နှစ်ရှိသူမှာ မကွေးတိုင်းဒေသကြီးနေသူဖြစ်ပြီး ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံသို့ ပြသရာမှ သေဆုံးခဲ့ဖြစ်ကြောင်း သိရသည်။ “ကိုဗစ်တော့မဟုတ်ဘူး။ သူ့ရောဂါ ကြောင့်လို့ပြောတယ်” ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကော့သောင်းရုံး တာဝန်ခံ ဦးမိုးဝေ က ပြောသည်။ မြန်မာများ ထိန်းသိမ်းခံရသည့်အချိန်တွင် လက်ကုန်ဖုန်းအသုံးပြုခွင့်မပြုခြင်း၊ ဖုန်းအားသိမ်းဆည်းခြင်းနှင့် မိသားစုဝင်တို့မှ လာရောက်တွေ့ဆုံပါက ဘတ်ငွေတစ်ရာပေးရခြင်း စသည့် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်။ […]

ကော့သောင်းလေယာဉ်ကွင်း မြေယာလျော်ကြေး ငွေကျပ်သိန်းပေါင်း လေးသောင်းကျော် လျာထား

diz_admin

January 14, 2021

ကော့သောင်းလေယာဉ်ကွင်းတိုးချဲ့မည့် ဧရိယာအတွင်း ပါဝင်နေသည့် နေအိမ်အဆောက်အအုံ၊ သီးနှံနှင့် မြေယာ လျော်ကြေးအတွက် ငွေကျပ်သိန်းပေါင်း လေးသောင်းကျော် လျာထားကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ နိုင်ငံတကာအဆင့်မီလေဆိပ်အဖြစ် တိုးချဲ့ရာတွင် သိမ်းဆည်းရမည့် မြေယာ၊ အဆောက်အအုံ၊ သီးနှံများအပေါ် လျော်ကြေးပေးရန် ပြီးခဲ့သည့် နှစ်ကတည်းကပင် စာရင်းကောက်ယူထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ဆိုသည်။ မြေယာလျော်ကြေးအတွက် ဒေသန္တရပေါက်ဈေး သတ်မှတ်ချက်များဖြင့် တွက်ချက်ပေးလျော်မည်ဖြစ်ပြီး အဆောက်အအုံ လျော်ကြေးကို စည်ပင် သာယာရေးနှင့် လမ်းဦးစီးဌာနတို့က တွက်ချက်ထားကြောင်း ၎င်းက ပြောသည်။ သီးနှံလျော်ကြေးအတွက်ကိုမူ စိုက်ပျိုးရေးဦးစီးဌာန၏ သတ်မှတ်ချက်များဖြင့် ပေးလျော်ရန် တွက်ချက်ထားသည်ဟု ဆိုသည်။ “(စာရင်းတွေကို) ကောက်ထားတာက မနှစ်လောက်ကတည်းက လိုက်ကောက်ထားတာ” ဟု ဦးဇော်လင်းထွန်း က ပြောသည်။ ဒေသခံတွေ ပွင့်လင်းမြင်သာစွာ ပြောဆိုပြီး […]

ကော့သောင်း-ရနောင်း ရေပြင် လုံခြုံရေးတိုးမြှင့်

diz_admin

January 13, 2021

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်းနယ်စပ် ရေပြင်လုံခြုံရေး တိုးမြှင့်ခြင်းကို ထိုင်းဘက်မှ ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ဆောင်ရွက်ခဲ့ကြောင်း မြိတ်- ပရာကျွတ် မောင်နှမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ဦးအောင်ကြည်မြင့်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင်နှင့် ထိုင်းနိုင်ငံ ပရာကျွတ်မြို့ စင်ခွန်းနယ်စပ် ဂိတ်တို့အကြား မြိတ်-ပရာကျွတ်မောင်နှမ မြို့တော် ဆက်ဆံရေးမှူး တစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများမှာ တရား မဝင်လမ်းကြောင်းမှ ထပ်မံဝင်ရောက် လာနိုင်သည့်အတွက် ရေပြင်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ခြင်းဖြစ်သည်။ လုံခြုံရေးတိုးမြှင့်‌ဆောင်ရွက်ရာတွင် ထိုင်းဘုရင့်တပ်မတော် (တပ်မတော်ရေ) စစ်တိုင်းအမှတ် ၃ သည် ရနောင်း- ကော့သောင်းနယ်စပ်ရေပြင်လုံခြုံရေးကို Navy SEALs အထူးတပ်ဖွဲ့များ အားဖြည့်ပြီး တင်းကျပ်စွာ ကြပ်မတ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ဦးအောင်ကြည်မြင့်က ဆိုသည်။ အဆိုပါ […]

တရားမဝင် မြန်မာရော်ဘာလှေကို ထိုင်းဖမ်းဆီး

diz_admin

January 7, 2021

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်းနယ်စပ်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က ရော်ဘာများတင်ဆောင်လာသည့် မြန်မာ ပဲ့ချိတ်သုံးစီးအား ထိုင်းတာဝန်ရှိသူတို့က ဖမ်းဆီးခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းရှိ ထိုင်းရေပိုင်နက်ထဲတွင်းသို့ ဝင်ရောက် လာသည့် မြန်မာပဲ့ချိတ်လှေ သုံးစီးအား ထိုင်းကမ်းခြေစောင့်စစ်ရေယာဉ်က တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ တရားမဝင် တင်ဆောင်လာသည့် ရော်ဘာသုံးတန်အား တွေ့ရှိခဲ့ကြောင်း ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ပဲ့ချိတ်လှေပေါ်တို့ရှိ မြန်မာနိုင်ငံသားခုနှစ်ဦးတို့နှင့် ရော်ဘာများအား ရနောင်းခရိုင် အကောက်အခွန် ဦးစီးဌာန သို့လွှဲပြောင်းပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်နေကြောင်း ဦးအောင်ကြည်မြင့် က ပြောပြသည်။ ရော်ဘာများအား ထိုင်းနိုင်ငံတွင် ဈေးကောင်းရသဖြင့် တရားမဝင်နည်း လမ်းတို့ဖြင့် တင်ပို့ရောင်းချမှုများ ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တီးကူး စက်ရောဂါပိုး ဒုတိယလှိုင်းစတင်ချိန်မှ စပြီး […]

မလိဝမ်းနှင့် သြကြီး ရှေးဟောင်းယဉ်ကျေးမှုဇုန် သတ်မှတ်နိုင်ရန် စီစဉ်

diz_admin

January 6, 2021

ကော့သောင်းမြို့နယ် မလိဝမ်းနှင့် သြကြီးဒေသအား ရှေးဟောင်းယဉ်ကျေးမှု ကာကွယ်ရေးဇုန် သတ်မှတ်နိုင်ရန် ဆောင်ရွက်မည့် အစီအစဉ်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ) ထံမှ သိရသည်။ မလိဝမ်းနှင့် သြကြီးဒေသသည် ထိုင်းမြန်မာ နှစ်နိုင်ငံကို ပိုင်းခြားထားသည့် ပါချန်မြစ်ကမ်းဘေးတွင် တည်ရှိ သည်။ ယင်းဒေသသည် ဘီစီ ၂ ရာစုခန့် က တရုတ်နှင့် ဥရောပနိုင်ငံတို့အကြား ပိုးကုန်သည်များ ကူးသန်းရောင်းဝယ် မှုပြုကြသည့် ကုန်သွယ်ရေးလမ်းမကြီးတွင်ပါဝင်သည့် နေရာတစ်ခုဖြစ်ကြောင်း ပြင်သစ် အမျိုးသား သိပ္ပံနည်းကျသုတေသနစင်တာ အစီရင်ခံစာတွင် ဖော်ပြထား သည်။ ပြင်သစ် အမျိုးသား သိပ္ပံနည်းကျ သုတေသန စင်တာနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံဘက်ရှိ မလိဝမ်းနှင့် သြကြီးဒေသအား ၂၀၁၈ ခုနှစ်မှ စပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ […]

ထိုင်းစက္ကူစက်ရုံရှိ ပေါင်းကန်အတွင်း မြန်မာသုံးဦး အောက်ဆီဂျင်ပြတ် သေဆုံး

diz_admin

January 6, 2021

ထိုင်းနိုင်ငံအရှေ့ပိုင်း ချချင်းစောင် ခရိုင်၊ ချချင်းစောင်မြို့ရှိ စက္ကူစက်ရုံတွင် စက္ကူမျှင်ရည်များပေါင်းကန်အတွင်း အောက်ဆီဂျင်ပြတ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့က မြန်မာအလုပ်သမားသုံးဦးသေဆုံးခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ စက္ကူမျှင်ရည်များပေါင်းကန်အတွင်း သို့ပြုတ်ကျသွားသည့် ရေပိုက်ချောင်းတစ်ချောင်းအား အသက် နှစ်ဆယ်အရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦးက ဆင်းကောက်ခဲ့ရာ မေ့မျောသွားခဲ့သဖြင့် ကျန်အလုပ်သမားနှစ်ဦးက ဆင်းကယ်ခဲ့ရာ သုံးဦးစလုံး မေ့မျောသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အလုပ်သမားသုံးဦးအား ထပ်မံဆင်းကယ်သူတစ်ဦးတွင် အသက်ရှူမဝသည့် ဝေဒနာခံစားခဲ့ရသဖြင့် ချချင်စောင်ခရိုင်ရှိ ဖွတ်ဌစိုထွန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ မြန်မာအမျိုးသား အလုပ်သမားသုံးဦးမှာ ကန်အတွင်း သေဆုံးနေခဲ့ကြောင်း ထိုင်းနိုင်ငံရှိ Siam Rath သတင်းစာ၏ အွန်လိုင်းစာမျက်ပေါ်တွင် ရေးသား ဖော်ပြထားသည်။ အဆိုပါစက္ကူစက်ရုံရှိ စက္ကူမျှင်ရည်များပေါင်းကန်သည် Open Type ဖြစ်ပြီး […]

မြန်မာငါးလှေများ ရနောင်းသို့ တင်ပို့ရောင်းချခွင့် စည်းကမ်းချက်အချို့ သတ်မှတ်ပြီး ဆက်လက်ခွင့်ပြု

diz_admin

December 29, 2020

လတ်တလောဖြစ်ပေါ်နေရသည့် ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင် ငါးဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုကြောင့် မြန်မာငါးလှေများ ရနောင်းဆိပ်ကမ်းသို့ တင်ပို့ရောင်းချခွင့်အား စည်းကမ်းချက်အချို့သတ်မှတ် ပြီး ဆက်လက်ခွင့်ပြုခဲ့ကြောင်း မြိတ်-ပရာကျွတ်မောင်နှမမြို့ ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ မဟာချိုင်ငါးဈေးကြီးတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသူ ၇၀ဝ ဦးခန့်ရှိခဲ့ပြီး မြန်မာဘက်ရှိ ကိုဗစ် ပိုးကူးစက်မှုအခြေအနေတို့အား ခြုံငုံသုံးသပ်ကာ နယ်စပ်ဂိတ်များ ဖွင့်၊ မဖွင့်ကို ရနောင်းခရိုင် တာဝန်ရှိသူများ၊ ရနောင်း ခရိုင်ကုန်သည်ကြီးများအသင်း၊ ရနောင်း ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးဂိုဒေါင် ပိုင်ရှင်များပါဝင်သည့် အစည်းအဝေးကို ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးတွင် လက်ရှိ ရနောင်းခရိုင်၏ စီးပွားရေးသည် ရေလုပ်ငန်းနှင့် နှစ်ရှည်သီးနှံစိုက်ပျိုးရေးကို အားထားနေရသဖြင့် ရေလုပ်ငန်းကဏ္ဍကို စည်းကမ်းချက်အချို့သတ်မှတ်ကာ ဆက်လက် […]