တနင်္သာရီတိုင်းတွင် လေးလအတွင်း ကိုဗစ်လူနာ ငါးရာကျော်တွေ့
diz_admin
June 18, 2021တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလမှ ဇွန်လဆန်းအထိ လေးလကျော်ကာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ငါးရာကျော်ရှိပြီဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် တိုင်းအတွင်း ဆေးရုံတက်ရောက်ကုသနေသည့် လူနာ ၁၂၈ ဦးရှိပြီး မနေ့ကတစ်ရက်တည်းတွင် ပိုးတွေ့လူနာသစ် ၂၂ ဦးတွေ့ရှိကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာအေးသိန်းက ကိုပြောသည်။ “ဒီရောဂါဖြစ်တာက နည်းနည်းလည်းကြာနေပြီ၊ အခုက တစ်ယောက်ဖြစ်ပြီး တစ်အိမ်လုံးနီးပါးဖြစ်လာတဲ့ သာဓကတွေအများဖြစ်လာတယ်ပေါ့၊ အဲဒါတွေကလည်း (ကိုဗစ်) စည်းကမ်းလေးတွေကိုမလိုက်နာတာလည်း ပါတာပေါ့၊ အဓိကတော့ ပေါ့လာတာပေါ့” ဟု ဒေါက်တာအေးသိန်းက ပြောသည်။ စားသောက်ဆိုင်နှင့် ဈေးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို လိုက်နာမှုအားနည်းလာခြင်းကြောင့် ပိုးတွေ့လူနာများရှိလာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တွင် ပိုးတွေ့သူပိုများပြီး အဝေးပြေးခရီးသည်များတွင် အများဆုံးတွေ့ရသည်ဟု ၎င်းက ဆိုသည်။ “အခုကတော့ […]