BREAKING
November 24, 2024

ကော့သောင်း

ကော့သောင်းတွင် ၁၅ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၂၁ ဦးအထိရှိလာ

diz_admin

August 18, 2022

ကော့သောင်းမြို့တွင် ၁၅ ရက်အတွင်း ( ဩဂုတ်လ ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ) ကိုဗစ်နိုင်တီးရောဂါပိုး တွေ့ရှိသူ ၂၁ ဦးအထိရှိခဲ့ကြောင်း ကော့သောင်းမြို့ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့သူ ၂၁ ဦးအနက် ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့က ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးကျော်အနက် အမျိုးသား ၁၂ ဦးတွင် ကိုဗစ်နိုင်တီးရောဂါပိုး တွေ့ရှိခဲ့သည်။ ထို့ပြင် ဩဂုတ်လ ၁၇ ရက်နေ့တွင်လည်း ကိုဗစ်ပိုးတွေ့သူ ၉ ဦးရှိကြောင်း ကော့သောင်းမြို့ ကျန်းမာရေးဦးစီးဌာန၏ လူမှုကွန်ရက်စာမျက်နာပေါ်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူ ၉ ဦးအနက် ၈ ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၏ လူမှုကွန်ရက် စာမျက်နာပေါ်တွင် […]

ကော့သောင်းတွင် လှေမီးလောင်မှု သေဆုံးသူ ငါးဦးအထိရှိလာ

diz_admin

August 9, 2022

ကော့သောင်းမြို့တွင် ဝါတန်းလှေသုံးစီးမီးလောင်မှုကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်သူအချို့က ပြောသည်။ ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် မီးလောင်ခြင်းဖြစ်ပြီး သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရသူ လေးဦး ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းအား ညနေ ၅ နာရီတွင် ရပ်နားခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယနေ့ ဩဂုတ်လ ၉ ရက်တွင် ဆက်လက်ရှာဖွေရာ နောက်ထပ်အမျိုးသားအလောင်း လေးလောင်းကို ထပ်မံရှာတွေ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဒီ‌နေ့တွေ့တဲ့ အလောင်းတွေက ပထမဆုံးမီးလောင်တဲ့လှေထဲမှာ ရှာတွေ့တာပါ။ မီးလောင်ပြီးတော့ ရေထဲကျသွားတာနေမယ်။ ဒီနေ့ ရေငုပ်ပြီးလိုက်ရှာတော့မှ ရေအောက်မှ အလောင်းတွေ ထပ်တွေ့ရတာပါ” ဟု ၎င်းကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောသည်။ ထို့ကြောင့် လှေမီးလောင်မှုတွင် အမျိုးသား ငါးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့ […]

ကော့သောင်း ဝါတန်းလှေမီးလောင်မှု ဒဏ်ရာရသူ နှစ်ဦးထပ်တိုး၊ စုစုပေါင်းလေးဦးဒဏ်ရာရပြီး တစ်ဦးသေဆုံး

diz_admin

August 8, 2022

ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက် ဝါတန်းလှေသုံးစီး မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ နှစ်ဦးထပ်တိုးလာကြောင်း ရှာဖွေကယ်ဆယ်ရေးသမားအချို့ထံမှ သိရသည်။ ယနေ့ (ဩဂုတ် ၈) ညနေပိုင်း ၄ နာရီအချိန် မေးမြန်းချိန်က တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သိရှိရပြီး နောက်ပိုင်းဆက်လက်ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ရာ နောက်ထပ် ဒဏ်ရာရရှိသူနှစ်ဦး ထပ်မံတွေ့ရှိ ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ သေဆုံးသူမှာ အေးရိပ်ငြိမ်းရပ်ကွက်နေ အသက် ၃၀ ကျော်အရွယ် ကိုဇော်လင်းထွန်းဆိုသူဖြစ်ပြီး ရွှေမင်းဝံရပ်ကွက်နေ ဦးအောင်ကျော်မိုး၊ အေးရိပ်ငြိမ်းရပ်ကွက်နေ အသက် ၃၀ ဝန်းကျင်အရွယ် ကိုပိုင်စိုးတို့မှာ မီးလောင်ဒဏ်ရာ အပြင်း အထန်ရရှိထားကာ အသက်အန္တာရယ် စိုးရိမ်ရကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့က ပြောသည်။ ယင်းအပြင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်နေ ကိုမိုးဆွေနှင့် သရက်ချောင်းမြို့ခံ (အမည်မသိ) အမျိုးသားတစ်ဦး တွင်လည်း […]

ကော့သောင်းတွင် ဝါတန်းလှေသုံးစီးမီးလောင်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

diz_admin

August 8, 2022

ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက် ရွှေဝက်ဝံတံတားတွင် ရပ်ထားသည့် ဝါတန်းငါးဖမ်းလှေသုံးစီး ယနေ့ (ဩဂုတ် ၈) နံနက် ၁၀ နာရီခန့်ကစပြီး မီးလောင်ကျွမ်းကြောင်း စုံစမ်းသိရှိရသည်။ ယင်းမီးလောင်မှုကြောင့် အလောင်းတစ်လောင်းနှင့် ဒဏ်ရာရသူနှစ်ဦးကို ရှာဖွေတွေ့ရှိထားပြီး ဆက်လက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ယနေ့ ညနေ ၄ နာရီခန့်တွင် ပြောဆိုသည်။ “မီးက ထိန်းနိုင်သွားပြီ။ မီးလောင်တဲ့ ဝါတန်းသုံးစီးမှာ တစ်စီးကတော့ ပြာကျသွားပြီ။ ထိခိုက်မှုကတော့ အခုလောလောဆယ် အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရတဲ့သူနှစ်ဦးက ရနေပြီ။ ဆက်ပြီးတော့ ရှာဖွေကယ်‌ဆယ်ရေး လုပ်နေသေးတယ်” ဟု ၎င်းက ပြောဆိုသည်။ လတ်တလော အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သောကြောင့် သေဆုံး ထိခိုက်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်အခြေအနေကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။ မီးလောင်ရသည့်အကြောင်းအရင်ကိုလည်း သေသေချာချာမသိရသေးပေ။ ဒေသခံ […]

မောတောင်နယ်စပ်ဂိတ် ဩဂုတ် ၁ရက်နေ့ ပြန်ဖွင့်မည်ဟုဆို

diz_admin

July 30, 2022

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင်-စင်းခွန်ဂိတ်ကို လာမည့်ရက်ပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကုန်သည်၊ အေးဂျင့်များနှင့် ကုန်ကားမောင်းသူများထံမှ သိရသည်။ မောတောင်နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဧပြီလမှစတင်ကာ လေးလကြာပိတ်ထားခြင်းပြီး လာမည့် ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီး ဩဂုတ်လ ၂ရက်နေ့တွင် ကုန်သွယ်ခွင့်ရမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဩဂုတ်လ ၂ ရက်နေ့ကစပြီး ကုန်ပစ္စည်းတွေ ပြန်တင်ပို့ခွင့်ရပါပြီ။ လူအဝင်အထွက်ကိစ္စကတော့ ထိုင်းဖက်က ပြန်ပြီး အကြောင်းပြန်မယ်လို့ ပြောပါတယ်” ဟု မောတောင်ဂိတ်မှတစ်ဆင့် ထိုင်းဘက်သို့ ရေထွက်ကုန်ပစ္စည်း တင်ပို့နေ သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ နယ်စပ်ဂိတ် တာဝန်ရှိသူများထံမှ သိရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိုင်းနိုင်ငံ စင်းခွန်နယ်စပ်ကုန်သွယ်ရေးဂိတ်၏ လက်ရှိကိုဗစ် 19 စည်းမျဉ်းစည်းကမ်းနှင့် ကြေညာချက်များအရ ကုန်သွယ်မှုကိစ္စရပ်များကို တနင်္လာနေ့မှ […]

မသန်စွမ်းအရေးလှုပ်ရှားသူ ကော့သောင်းဒေသခံတစ်ဦး အဖမ်းခံရပြီး အကျဉ်းထောင်ပို့

diz_admin

July 12, 2022

ကော့သောင်းဒေသခံ မသန်စွမ်းအရေးလှုပ်ရှားသူ ကိုထွန်းဝင်းအောင်ဆိုသူ ဇူလိုင်လ ၁၀ ရက် ညက အဖမ်းခံလိုက်ရကြောင်း ၎င်း၏မိတ်ဆွေတစ်ဦးက ပြောသည်။ အဖမ်းခံရပြီး နောက်တစ်ရက်မှာပင် စစ်ကြောရေးမှတစ်ဆင့် ကော့သောင်းအကျဉ်းထောင်ပို့လိုက်ကြောင်း ၎င်းက ဆိုသည်။ ကိုထွန်းဝင်းအောင်မှာ စစ်အာဏာသိမ်းပြီးနောက် တိမ်းရှောင်နေရသူတစ်ဦးဖြစ်ပြီး သူ့အား မည်သည့်နေရာတွင် မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။ “ဘယ်ပုဒ်မ တပ်တာလဲတော့ မသိရသေးဘူး။ သူတို့တပ်ချင်တဲ့ ပုဒ်မတပ်မှာတော့ သေချာတယ်” ဟု ကိုထွန်းဝင်းအောင်၏ မိတ်ဆွေက ဆက်လက်ပြောဆိုသည်။ ကိုထွန်းဝင်းအောင်သည် မသန်စွမ်တစ်ဦးဖြစ်ပြီး ဒေသအတွင်းရှိ ဘဝတူမသန်စွမ်းအရေးကို ဦးဆောင်လှုပ်ရှားသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ကော့သောင်းဘက်မှ ထိုင်းသို့ တရားမဝင် ဝင်ရောက်သောမြန်မာလုပ်သား ၅၈ ဦး ဖမ်းဆီးခံရ

diz_admin

July 11, 2022

ကောင်းသောင်းဘက်မှ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်နှင့် ရနောင်းခရိုင်တို့ကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော မြန်မာအလုပ်သမား ၅၈ ဦးအား ဇူလိုင်လ ၁ဝရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ များက ထုတ်ပြန်ထားသည်။ ချွန်ဖွန်ခရိုင် ထာ့စဲဒေသတွင် ပစ်ကပ်ကား သုံးစီးဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၂၉ ဦးကို ထိုင်းတပ်မတော်အမှတ် (၄၄) က ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။ အထောက်အထားမဲ့ မြန်မာအလုပ်သမားများပါလာသော ကားသုံးစီးသည် ရနောင်းခရိုင် ကရာဘူရီဒေသမှ တဆင့် ချွန်ဖွန်ခရိုင်သို့ တစ်ဦးလျှင် ဘတ် ၃၀၀၀ ယူကာ ပို့ဆောင်နေစဉ်တွင် ရွာသားများက သတင်းပေးတိုင်ကြားသဖြင့် ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့မှာ ကော့သောင်း-ရနောင်းလမ်းကြောင်းမှတစ်ဆင့် တရားမဝင် ဝင်လာကြသူများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမား ၂၉ ဦးတွင် […]

ကော့သောင်းမှ ထိုင်းသို့ လာသည့်စက်လှေ နစ်မြုပ်

diz_admin

June 27, 2022

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေထွက်ကုန်ပစ္စည်း ပို့ဆောင်လာရန်လာသည့် စက်လှေ လှိုင်းထန် မှုကြောင့် တိမ်းမှောက်သွားပြီး လှေပေါ်ပါလာသည့် မြန်မာနှစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းတပ်မတော်တော်က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံ ရနောင်းခရိုင် ကော့ဖီးကျွန်းအနီးတွင် မြန်မာလှေတစ်စီး ဇွန်လ ၂၆ရက်နေ့က လေပြင်းတိုက်ကာ လှိုင်းထန်မှုကြောင့် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မြန်မာနိုင်ငံ ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေထွက်ပစ္စည်း လာပို့သော စက်လှေဖြစ်သည်ဟု ဖော်ပြထားသည်။ လှေနစ်မြှုပ်သွားချိန် မြန်မာလှေလုပ်သားနှစ်ဦးက ရေပေါ်တွင် မျောနေကာ အော်ဟစ်အကူ အညီတောင်းခံနေချိန် ကင်းလှည့်နေသည့် ထိုင်းစစ်သားများက တွေ့ရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့နောက် စစ်သားများက speed boat ဖြင့် သွားရောက်ကယ်တင်ခဲ့ကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်သည်။   သို့သော် မြန်မာနှစ်ဦးမှာ […]