ဌာနေသားတို့၏ ဖွံ့ ဖြိုးရေးအမြင်ကို မျက်ကွယ်ပြုသော စီးပွားရေးဇုန်
diz_admin
June 8, 2020ထိုင်းနိုင်ငံတောင်ပိုင်း၊ စံခလပြည် နယ်၊ ချာနာခရိုင်ရှိ အေးချမ်းလှသော တံငါရွာလေးမှ ကိုင်ရီးယာ ရာမည အမည်ရှိ အမျိုးသမီးငယ်လေးသည် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာထံသို့ မေလ ၁၂ ရက်က စာတစ်စောင် ရေးပို့ လိုက်သည်။ နိုင်ငံ့အကြီးအကဲ ဝန်ကြီးချုပ် တစ်ဦးထံသို့ စာရေးခြင်းကို ကိုင်ရီးယာ အိပ်မက်ပင် မမက်ခဲ့ဖူးပါ။ စာမပို့ခင် သူက အစိုးရ၏ အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းဟုဆိုသော တောင်ပိုင်းစီးပွား ရေးဇုန်အား ထိုင်သပိတ် ဆင်နွှဲ၍ ဆန့်ကျင် ဆန္ဒပြခဲ့သေးသည်။ တောင်ပိုင်းစီးပွားရေးဇုန် စီမံကိန်း ကြောင့် ထိခိုက်နစ်နာမှုများ ကြုံရတော့ မည့် စီရင်စု သုံးခုမှ ရာနှင့်ချီသော ကျေးရွာများ၏ အရေးကို ဝန်ကြီးချုပ် အာရုံစိုက်လာစေရန် ကိုင်ရီးယာ စာပို့ခဲ့ ခြင်းဖြစ်သည်။ စီမံကိန်းဖြစ်မြောက်ရေး အားပေးလှုံ့ဆော်နေသည့် […]