BREAKING
April 2, 2025

နိုင်ငံတကာသတင်း

အသက် (၁၈)နှစ်အရွယ် လူဖြူကောင်လေးက လူမည်းရပ်ကွက်ကို သေနတ်ဖြင့်ဝင်ပစ်၍ ၁၀ ဦးသေဆုံး

diz_admin

May 15, 2022

အမေရိကန်ပြည်ထောင်စု နယူးယောက်တွင် အသက် (၁၈)နှစ်အရွယ် လူဖြူကောင်လေးက နယူးယောက်မြို့ လူမည်းများနေထိုင်ရာ ရပ်ကွက်သို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် လူ (၁၀)ဦး သေဆုံး ရပြီး လူမျိုးရေး မုန်းတီး တိုက်ခိုက်မှုဟု အာဏာပိုင်များက ဆိုသည်။ ဘက်ဖလိုးမြို့နယ် ဈေးဝယ်စင်တာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ပေတန်ဂန်ဒရွန် ဆိုသည့် အဆိုပါ လူငယ် အဖမ်းခံလိုက်ရသည်။ တရားခံဟု သတ်မှတ်ခံရသူသည် စနေနေ့လည်ခင်းက ဈေးဝယ်စင်တာထဲကို ဝင်ရောက်လာပြီး သေနတ်ထုတ်ကာ လိုက်ပစ်ခြင်း ဖြစ်သည်။ ၎င်းသည် သွားလာနေကြသူများကို လိုက်လံပစ်ခတ်နေစဉ် အွန်လိုင်းမှနေ၍ Live လွှင့်ခဲ့သေးသည်။ ရွံစရာလုပ်ရပ်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။ “ဒီဖြစ်ရပ်ကို ကျွန်တော်တို့က အမုန်းကြောင့်ဖြစ်တဲ့ ရာဇဝတ်မှုအဖြစ်ရယ်၊ လူမျိုးရေးအကြမ်းဖက် အစွန်းရောက် ဖြစ်စဉ်ရယ်အဖြစ် သတ်မှတ်စုံစမ်းနေပါတယ်” ဟု […]

အချိန်မဆိုင်းဘဲ NATO အဖွဲ့သို့ ဝင်မည်ဟု ဖင်လန် အစိုးရပြောဆို

diz_admin

May 12, 2022

ရုရှားက အိမ်နီးချင်းယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေမှုကြောင့် အခြားရုရှားအိမ်နီးချင်းဖြစ်သော ဖင်လန်နိုင်ငံကလည်း NATO စစ်အုပ်စုသို့ အမြန်ဆုံးဝင်ရတော့မည်ဟု ပြောကြားလိုက်သည်။ NATO စစ်စာချုပ် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် ဖင်လန်အစိုးရက ပါလီမန်၏ သဘောတူညီချက်ကို လာမည့် သီတင်းပတ်တွင် တောင်းခံရန် ရှိနေသည်။ ဖင်လန်နိုင်ငံသည် ရုရှားနှင့် နယ်နမိတ်ချင်း ၁၃၄၀ ကီလိုမီတာ ထိစပ်လျက်ရှိကာ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်သည့် သတင်းများကြောင့် ဖင်လန်တွင် NATO သို့ ဝင်ရန်အတွက် လူထုထောက်ခံမှုများ မြင့်တက်လျက်ရှိသည်။ ဖင်လန် က မဟာမိတ်ထဲသို့ ဝင်ရန် စီစဉ်နေခြင်းအပေါ် နွေးထွေးစွာ ကြိုဆိုပါကြောင်း NATO  ၏ အထွေထွေ အတွင်းရေးမှူး ဂျန်စ်စတော်တန်ဘာ့ဂ် က ပြောကြားသည်။ ဖင်လန် ဝင်ရောက်လာမည်ဆိုပါက ဝင်ခွင့်လုပ်ငန်းစဉ်သည် ချောမောမြန်ဆန်စေရမည် ဟု အဆိုပါ စစ်အုပ်စု ခေါင်းဆောင်က ကတိပြုသည်။ ရုရှားအစိုးရ ပြောခွင့်ရ အရာရှိဖြစ်သူ ဒီမီထရီပက်စကော့ က […]

မားကို့စ်သွေး အာဏာပြန်ရလာတာက ဖိလစ်ပိုင်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနေမလဲ

diz_admin

May 11, 2022

သမိုင်းဟာ ဖိလစ်ပိုင်မှာ လုံးဝကွက်တိကို တစ်ပတ်ပြန်လည်ပါပြီ။ လွန်ခဲ့တဲ့ (၃၆)နှစ်က လောဘကြီးအကျင့်ပျက်၊ ရက်စက် လို့ဆိုပြီး ပြည်သူက ဖြုတ်ချလိုက်တဲ့ အာဏာရ မိသားစုဟာ သမ္မတအိမ်တော်ကို နောက်တစ်ခေါက် ဝင်လာတာပါ။ အဘိုးကြီး မားကို့စ်ခေတ်က အလွဲသုံးစား ချိုးဖောက်ခဲ့တာတွေကို တာဝန်ခံခိုင်းဖို့အတွက် လှုပ်ရှားတောင်းဆိုနေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ အတွက်တော့ ထိုးနှက်ချက်ကြီးပါပဲ။ တိတ်ကာလက ဖြစ်ပျက်ခဲ့တာတွေအတွက် မားကို့စ် မိသားစုဟာ တခါမှ မတောင်းပန်ခဲ့သလို နိုင်ငံတော်ဘဏ္ဍာထဲက သူတို့ခိုးဝှက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ကိစ္စတွေမှာလည်း ပြန်ပေးဖို့ အရိပ်အယောင်တောင် မရှိခဲ့ပါဘူး။ ဖာဒီနန် ဘွန်ဘွန်း မားကို့စ်ဂျူနီယာ ဘယ်လိုများ လုပ်ခဲ့တာပါလိမ့်။ ဖိလစ်ပိုင်ပြည်သူ သန်း (၁၁၀) နဲ့ ကမ္ဘာ့ရေးရာတွေအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနိုင်မလဲ။ မိုးလုံးပြည့်မုသာဝါဒ ၁၉၈၆ ခုနှစ်မှာ မားကို့စ်အစိုးရကို […]

အညစ်အကြေးကျွေး၍ ရောဂါကုသည့် ဘာသာရေး ခေါင်းဆောင်ဆိုသူကို ထိုင်းရဲဖမ်းဆီး

diz_admin

May 10, 2022

အညစ်အကြေးများကျွေးပြီး ကျန်းမာရေးကုသပေးသည်ဟု နာမည်ကြီးနေသော ဘာသာရေးဂိုဏ်းအမည်ခံ အဖွဲ့တစ်ခုမှ ခေါင်းဆောင်ဖြစ်သူကို မေလ ၈ ရက်‌‌ေန့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။ ထိုင်းနိုင်ငံ ချိုင်ရဖုမ်ခရိုင်ရှိ ယင်းအဖွဲ့အစည်းမှ ခေါင်းဆောင်ဆိုသူမှာ အသက်၇၅နှစ်အရွယ် Thawee Nanra ဆိုသူဖြစ်ပြီး မိမိကိုယ်ကို လူသားများအတွက်ဘာမဆိုလုပ်ပေးနိုင်သော “ဖခင်” အဖြစ်ခံယူထားပြီး ယင်းနယ်တစ်ဝိုက်တွင် လူသိများကျော်ကြားသော ဘာသာရေးခေါင်းဆောင် တစ်ဦးဖြစ်သည်။ လူတချို့၏ပြောကြားချက်များအရ ထိုသူသည် ဘာသာရေးအရ ယုံကြည်သူများကို သူ၏ကျင်ငယ်ရေများ၊ မစင်များ၊အညစ်အကြေးများအား ကျန်းမာရေးအကြောင်းပြချက်ဖြင့် အတင်းအကျပ်စားသုံးစေခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ရေးသားဖော်ပြချက်အရသိရသည်။ ယင်းခေါင်းဆောင် ၏ လမ်းညွှန်ချက်ဖြင့် ခန္ဓာကိုယ်ရှိ အညစ်အကြေး၊အရည်များကို ယုံကြည်သူများအား စားသုံးစေကြောင်း ယင်းပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် ဆိုရှယ်မီဒီယာများမှ တစ်ဆင့် ထိုင်းအာဏာပိုင်များက သိရှိပြီး၎င်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  ထိုအဖြစ်အပျက်များသည် လူမှုကွန်ရက်စာမျက်နှာများတွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး #Father ဟူသော Hashtag ဖြင့် အညစ်အကြေးများစားသုံးခြင်းကို ဆန့်ကျင်ကြောင်း မေလ […]

သီရိလင်္ကာတွင် သမ္မတ၊ အစိုးရအဖွဲ့ဝင်များနှင့် အမတ်များ၏ နေအိမ်များကို မီးရှို့

diz_admin

May 10, 2022

ဒေါသထွက်နေကြသော လူအုပ်ကြီးများက အာဏာရ သမ္မတ နှင့် ဝန်ကြီးချုပ် ရာဂျာပတ်စာ ညီအစ်ကို ပိုင်သော နေအိမ်များ၊ အာဏာရပါတီ အမတ်များပိုင်သော နေအိမ်များကို မီးတင်ရှို့နေကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ သီရိလင်္ကာရှိ အစိုးရနုတ်ထွက်ပေးရေး ဆန္ဒပြသူများကို အစိုးရလိုလားသူများက တိုက်ခိုက်ခဲ့ပြီးနောက် လူအုပ်ကြီးများက အစိုးရအဖွဲ့၏ နေအိမ်များကို မီးရှို့မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စီးပွါးရေး အကျပ်အတည်းအား အစိုးရ၏ စီမံခန့်ခွဲပုံကို မကြိုက်သဖြင့် ဝန်ကြီးချုပ် မဟင်ဒါရာဂျာပတ်စာ နုတ်ထွက်ရန် တောင်းဆိုနေသော လူထုဆန္ဒပြပွဲများ အတွင်း ယင်းသို့ အဓိကရုဏ်းများ ဖြစ်ပွါးလာခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်အတွင်းမှာ ရှိနေသော နေအိမ်ကို ဆန္ဒပြသူများက ဝင်ရောက်လာကြခြင်း ဖြစ်သည်။ ယမန်နေ့ကတည်းက လူ (၇)ဦးသေဆုံးပြီးဖြစ်ကာ (၁၉၀) ကျော် ဒဏ်ရာရရှိသွားကြသည်။ အာဏာပိုင်များက […]

ဂျပန်-ရုရှား စစ်‌ရေးတင်းမာမှု သုံးသပ်ချက်

diz_admin

April 28, 2022

“တုန့်ပြန်မှုတွေ ချက်ခြင်းလုပ်ပစ်မယ်” လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အီဂေါမိုဂူလော့ဗ် က ပြောလိုက်တယ်။ရုရှား ပိုင်နက်နယ်မြေနားမှာ အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တိုးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး ရုရှားအစိုးရက  ဂျပန်အစိုးရကို သတိပေးလိုက်တာပါ။ ရုရှားနယ်မြေနားမှာ အမေရိကန်-ဂျပန် ရေကြောင်းစစ်ဆင်ရေး လေ့ကျင့်တာတွေ အရှိန်မြင့်လာတာကြောင့် တင်းမာမှုတွေ မြင့်တက်လာမယ်လို့ ဒုဝန်ကြီးက ပြည်တွင်းမီဒီယာတစ်ခုကို ပြောလိုက်တယ်။ ဂျပန်က ယူကရိန်းဘက်ကနေ ထောက်ခံတာ၊ NATO နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်တာတို့ လုပ်နေတာမို့ ဂျပန်အပေါ် ဒေါသထွက်နေတဲ့ ရုရှားအစိုးရဟာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ဆီကနေ သိမ်းထားတဲ့ ကျွန်းများ ပိုင်ဆိုင်မှုအရေး ကာလရှည် အငြင်းပွါးနေတဲ့ ပြဿနာကို ပြန်မွှေလာတယ်။  “ဂျပန်ဘက်က ဒီလိုမျိုးလုပ်တဲ့ လုပ်ရပ်ဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ရပ်လို့ မြင်ပါတယ်” ဆိုပြီး ရုရှားဒုဝန်ကြီးက ပြောခဲ့တယ်။ […]

ဗြိတိန်တွင် အိုမီခရွန်မျိုးကွဲသစ် ကူးစက်ခံရသူ တစ်ထောင်ကျော်အထိရောက်ရှိ

diz_admin

April 24, 2022

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများစွာနှင့် ရုန်းကန်ရင်ဆိုင်နေရသည့် ဗြိတိန်နိုင်ငံတွင် အိုမီခရွန်မျိုးစိတ်ကွဲ အသစ်တစ်ခုကို တွေ့ရှိထားပြီ ကူးစက်ခံရသူ တစ်ထောင်ကျော်အထိ ရောက်ရှိလာပြီဖြစ်သည်။ ရောဂါကူးစက်ပျံ့နှံ့မှုမှာ ယခင်ကာလများက ကျဆင်းနေခဲ့ပြီး ကိုဗစ်ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ပေးခဲ့ခြင်းကြောင့်လည်း လူများစွာမှာ လွတ်လပ်စွာပင် သွားလာလှုပ်ရှားနေခဲ့သည်။ ယခုမူ ပို၍ပျံ့နှံ့ကူးစက်လွယ်နိုင်သော မျိုးရိုးဗီဇပြောင်းလဲလာသည့် ကိုဗစ်ဗိုင်းရပ်စ်မျိုးစိတ်ကွဲကို တွေ့ရှိထားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း သတိပေးလာသည်။ အမျိုးသား စာရင်းအင်းဌာန၏ အဆိုအရ ဗြိတိန်တွင် ပြီးခဲ့သော ရက်သတ္တပတ်စာရင်းအရ လူပေါင်း ၄ ဒသမ ၉ သန်းအထိ ကိုဗစ်ကပ်ကာလအတွင်း စံချိန်တင် ကူးစက်ခံခဲ့ရသည်ဟု သိရသည်။ မျိုးစိတ်ကွဲအသစ်အကြောင်း သိထားသမျှ XE မျိုးစိတ်ကွဲမှာ အိုမီခရွန်မျိုးစိတ်ကွဲ နှစ်ခုဖြစ်သည့် BA.1 နှင့် BA.2 တို့ မျိုးရိုးဗီဇ ပေါင်းစပ်ပါဝင်သော မျိုးစိတ်ကွဲဟု ဆိုနိုင်သည်။ ပြီးခဲ့သည့် အပတ်က ထုတ်ပြန်သော အစီရင်ခံစာတစ်ခုတွင် အိုမီခရွန်မျိုးစိတ်ကွဲနှစ်ခု ပြန်လည်ပေါင်းစပ်ကာ ထွက်ပေါ်လာသော […]

ဌာနေသားတို့၏ ဖွံ့ ဖြိုးရေးအမြင်ကို မျက်ကွယ်ပြုသော စီးပွားရေးဇုန်

diz_admin

June 8, 2020

ထိုင်းနိုင်ငံတောင်ပိုင်း၊ စံခလပြည် နယ်၊ ချာနာခရိုင်ရှိ အေးချမ်းလှသော တံငါရွာလေးမှ ကိုင်ရီးယာ ရာမည အမည်ရှိ အမျိုးသမီးငယ်လေးသည် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာထံသို့ မေလ ၁၂ ရက်က စာတစ်စောင် ရေးပို့ လိုက်သည်။ နိုင်ငံ့အကြီးအကဲ ဝန်ကြီးချုပ် တစ်ဦးထံသို့ စာရေးခြင်းကို ကိုင်ရီးယာ အိပ်မက်ပင် မမက်ခဲ့ဖူးပါ။ စာမပို့ခင် သူက အစိုးရ၏ အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းဟုဆိုသော တောင်ပိုင်းစီးပွား ရေးဇုန်အား ထိုင်သပိတ် ဆင်နွှဲ၍ ဆန့်ကျင် ဆန္ဒပြခဲ့သေးသည်။ တောင်ပိုင်းစီးပွားရေးဇုန် စီမံကိန်း ကြောင့် ထိခိုက်နစ်နာမှုများ ကြုံရတော့ မည့် စီရင်စု သုံးခုမှ ရာနှင့်ချီသော ကျေးရွာများ၏ အရေးကို ဝန်ကြီးချုပ် အာရုံစိုက်လာစေရန် ကိုင်ရီးယာ စာပို့ခဲ့ ခြင်းဖြစ်သည်။ စီမံကိန်းဖြစ်မြောက်ရေး အားပေးလှုံ့ဆော်နေသည့် […]