မြေး မမွေးပေးသဖြင့် အိန္ဒိယပင်စင်စားစုံတွဲက သားနဲ့ချွေးမကို တရားစွဲ
diz_admin
May 19, 2022တစ်နှစ်အတွင်း မြေး မမွေးပေးပါက ၎င်းတို့ကို ရူပီးသန်းငါးဆယ် (အမေရိကန်ဒေါ်လာ၆ဒသမ၇၅သန်း) လျော်ကြေးပေးရန် ပင်စင်စားအိန္ဒိယစုံတွဲက သားနှင့်ချွေးမ ကို တရားစွဲလိုက်ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အသက် (၆၁) နှစ်အရွယ် အစိုးရဝန်ထမ်းအငြိမ်းစား မစ္စတာ ဆန်ဂျစ်ရန်ဂျန်ပရာဆပ် နှင့် ဇနီးဖြစ်သူ ဆာဒါနာပရာဆပ် တို့က အဆိုပါကိစ္စသည် ၎င်းတို့၏ ခံစားချက်ဖြစ်ပြီးတော့ မစောင့်နိုင်တော့ဘူးဟု ပြောကြသည်။ လေယာဉ်မောင်းတစ်ဦးဖြစ်သော ၎င်းတို့၏ သားဖြစ်သူသည် လွန်ခဲ့သည့် (၆)နှစ်က လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ “မြေးယောင်္ကျားလေး ဒါမှမဟုတ် မြေးမလေး တစ်ယောက်လောက် တစ်နှစ်အတွင်း လိုချင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် လျော်ကြေးလိုချင်ပါတယ်။ ကျွန်တော့် တစ်သက်လုံးဝင်ငွေတွေကို သားရဲ့ ပညာရေးမှာ သုံးခဲ့ရတာပါ” ဟု ပရာဆပ် က သတင်းထောက်များကို ပြောကြားခဲ့သည်။ ပရာဆပ်သည် သားဖြစ်သူကို […]