ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးရမိသော မြန်မာလုပ်သားများ လူသတ်မှုဖြင့် စစ်ဆေးမည်
diz_admin
June 2, 2022ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားများကို ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးရမိပြီး လူသတ်မှုနှင့်သက်ဆိုင်ခြင်းရှိမရှိ စတင်စစ်ဆေးသွားမည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်လိုက်သည်။ စွန်ခရာခရိုင် ဟတ်ယိုင်မြို့အနီး ဂေါက်ကွင်းလမ်းနဘေး တောထဲတွင် မြေမြှုပ်ထားသော အသက် ၄၀ အရွယ် Mr. Maddol Binson အမည်ရှိ လျှပ်စစ်ဝန်ထမ်းတစ်ဦး၏ အလောင်းကို ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့သည်။ သေဆုံးသူ၏ လက်နှင့်ခြေထောက်ကို ချည်နှောင်ခံထားရပြီး ခေါင်းရိုက်ခံရသော ဒဏ်ရာဖြင့် သေဆုံးလျက်ရှိနေကာ သူ့ဆိုင်ကယ်ကို ရေအိုင်ထဲစွန့်ပစ်ထားကြောင်း ထိုင်းအာဏာပိုင်များကဆိုသည်။ အနီးအနားတွင် ခိုက်ရန်ဖြစ်ပွားမှုအခြေအနေ လက္ခဏာများလည်း တွေ့ရှိရသည်ဟုဆိုသည်။ ထိုင်းရဲတပ်ဖွဲ့များက အနီးပတ်ဝန်းကျင်သို့ ညပိုင်းတွင် စစ်ဆေးသောအခါ အလောင်းနှင့် ၇ ကီလိုမီတာအကွာတွင် ပစ်ကပ်ကားတစ်စီးသည် အရှိန်မထိန်းနိုင်ပဲ သစ်ပင်ကို ဝင်တိုက်လျက်အနေအထားဖြင့် တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ […]