BREAKING
April 2, 2025

နိုင်ငံတကာသတင်း

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

diz_admin

June 19, 2022

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၁၁ ရက်နေ့ကနေ ဇွန်လ ၁၇ အထိတစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

ယခုလအတွင်း ထိုင်းက ပြန်လွှဲပေးသည့် မြန်မာလုပ်သား ၃၀၀ ဦးကျော်ရှိ

diz_admin

June 18, 2022

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ဇွန်လ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော် ရှိလာနေပြီဖြစ်ကြောင်း ဘန်‌ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။ ဇွန်လ ၈ ရက်နေ့က မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား အမျိုးသား ၉၆ ဦးနှင့် အမျိုးသမီး ၇၃ ဦး စုစုပေါင်း ၁၆၉ ဦးတို့အား လွှဲပြောင်းပေးခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။ ယင်းနောက် ဇွန်လ ၁၇ ရက်နေ့တွင် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား အမျိုးသား ၉၈ ဦးနှင့် အမျိုးသမီး ၅၇ ဦး စုစုပေါင်း ၁၅၅ ဦးတို့အား ထပ်မံလွှဲပြောင်းပေးကြောင်း သံအရာရှိရုံးက သတင်းထုတ်ပြန်ထားသည်။ ထို့ကြောင့် ယခုလအတွင်း ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာအလုပ်သမား ၃‌၂၄ […]

မလေးရှားတွင် ထားဝယ်သား လှေလုပ်သားတစ်ဦး လှေပေါ်တွင် လည်ပင်းထိခိုက်မှုကြောင့် သေဆုံး

diz_admin

June 18, 2022

မလေးရှားနိုင်ငံရှိ ငါးဖမ်းလှေပေါ်တွင် လုပ်ကိုင်နေသော ထားဝယ်သားတစ်ဦးသည် ငါးဖမ်းထွက်နေစဉ် ဇွန်လ ၁၅ရက်နေ့တွင် မတော်တဆဖြစ်ပြီး သေဆုံးသွားကြောင်း ယင်းနိုင်ငံရှိ ရွှေမြန်မာပရဟိတအသင်းထံမှ သိရသည်။ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ဆာဗာ့ဘရနမ်ခရိုင်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်စဉ် ပိုက်တင်ချပြုလုပ်သော ခွမ်းကြိုးပြတ်၍ လည်ပင်းအားရိုက်မိသောကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ သေဆုံးသူသည် ထားဝယ်မြို့နယ် ညောင်ဇင်ရွာသား အသက် ၄၃ အရွယ် ဦးအောင်နိုင်ဆိုသူဖြစ်ပြီး မလေးရှားသို့ ရောက်ရှိသည်မှာ ၇ရက်သာ ရှိသေးကြောင်း အဆိုပါအသင်းထံမှ သိရသည်။ “သူက အရင်က ထိုင်းမှာပဲ အလုပ်လုပ်တာ။ အခုမလေးရှားမှာ သွားလုပ်တာ မကြာသေးဘူး။ အခုလိုဆုံးသွားတာ တကယ်စိတ်မကောင်းဘူး” ဟု မလေးရှားတွင် အလုပ်လုပ်နေသော ညောင်ဇင်ရွာသားတစ်ဦးက ပြောသည်။ အဆိုပါသေဆုံးမှုနှင့် ပက်သက်၍ အမှုလိုက်ရဲအရာရှိနှင့် မိသားစုများမှ ရွှေမြန်မာပရဟိတလူမှုကူညီရေးအသင်းသို့ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

June 17, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch (ဇွန် ၁၁-၁၇) ဆွီဒင်နှင့် ဖင်လန်တို့ နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်နိုင်မည့်အချိန် မသေချာသေး ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်ရန် လုပ်ငန်းစဉ်များ ခန့်မှန်းသည်ထက် ပိုရှုပ်ထွေးနေသဖြင့် အဖွဲ့ဝင်ဖြစ်မည့်အချိန် မသေချာသေးကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ်က ဇွန်လ ၁၃ ရက်နေ့တွင်ပြောကြားခဲ့သည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန်အတွက် မေလ ၁၈ ရက်နေ့တွင်လျှောက်ထားခဲ့ပြီး လုပ်ငန်းစဥ်များအရ အဖွဲ့ဝင်နိုင်ငံ ၃၀ စလုံး တပြေးညီသဘောတူညီမှသာ အဖွဲ့ဝင်အသစ်အဖြစ် လက်ခံနိုင်မည်ဖြစ်သည်။ Ref: Voice of America တရုတ်နိုင်ငံတွင် အမျိုးသမီးများအား ကိုယ်ထိလက်ရောက်ကျူးလွန်သူ ၉ ဦးကို ဖမ်းဆီးထား တရုတ်နိုင်ငံ […]

အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၂၈ဦးကို ဘတ်တစ်သန်းကျော်လျော်ကြေးပေးရန် ထိုင်းတရားရုံးအမိန့်ချ

diz_admin

June 16, 2022

ထိုင်းနိုင်ငံတွင် ကိုဗစ်ကာလအတွင်း လျော်ကြေးမရဘဲ အလုပ်ဖြုတ်ခံရသည် မြန်မာအလုပ်သမား ၂၈ဦးကို ဘတ် ၁ဒသမ ၃သန်းကျော် လျော်ကြေးပေးရန် တရားရုံးက အမိန့်ချလိုက်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ထံမှ သိရသည်။ ၂ နှစ်ကြာ တရားရင်ဆိုင်ပြီးနောက် ဇွန်လ ၁၅ရက်နေ့တွင် အလုပ်သမားတရားရုံးက ယင်းသို့အမိန့်ချလိုက်ခြင်း ဖြစ်သည်။ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် တရားဝင် လာရောက်လုပ်ကိုင်သည့် မြန်မာ အလုပ်သမား ၂၈ ဦးကို ထိုင်းအလုပ်ရှင်က လျော်ကြေးမပေးဘဲ ၂၀၂၀ ခုနှစ်တွင် အလုပ်ဖြုတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ မြန်မာအလုပ်သမားများအရေးကူညီပေးခဲ့သည့် MWRN ထံမှ သိရသည်။ ထို့ကြောင့် ထိုင်းအလုပ်သမားကာကွယ်‌စောင့်ရှောက်ရေးရုံးသို့ အသနားခံစာတင်သွင်းရာ MOU စာချုပ်သက်တမ်း ကာလအရ နစ်နာကြေးခံစားခွင့်မရှိဟု ဆုံးဖြတ်သဖြင့် […]

မြန်မာသို့ လက်နက်ရောင်းချသူအပါအဝင် လက်နက်မှောင်ခိုအဖွဲ့များကို ဖမ်းမိကြောင်း ထိုင်းရဲပြော

diz_admin

June 15, 2022

မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေသူအပါအဝင် လက်နက်မှောင်ခိုအဖွဲ့များကို ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၁၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံ မှုခင်းနှိမ်နှင်းရေးအဖွဲ့ (Crime Suppression Division) က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံရှိ ခရိုင် ၅ ခုတွင် တရားမဝင် လက်‌နက်အရောင်းအဝယ်ပြုလုပ်နေသော ကွင်းဆက်အဖွဲ့အစည်းများကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းဖမ်းဆီးစဉ်တွင် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချသူကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဆိုသည်။ တရားမဝင် လက်နက်‌မှောင်ခိုဈေးကွက်ကို Mr. Danupol အမည်ရှိ ထိုင်းရွာသူကြီးတစ်ဦးက ဆောက်ရွက်နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ ရောင်းချနေသူလည်းဖြစ်ကြောင်း ထိုင်းစုံစမ်းထောက်လှမ်းရေးဗဟိုဌာန (CIB) မှ ဒုတိယရဲချုပ် Jirabhop Bhuridej က ပြောဆိုသည်။ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေသော အသက် ၃၂ နှစ်အရွယ် ဒါနူပေါလ် (Danupol) […]

ထိုင်းတွင် တရားမဝင်မြန်မာလုပ်သား တစ်ရာကျော် အဖမ်းခံရ

diz_admin

June 14, 2022

ထိုင်းနိုင်ငံ ကမ်းဖဲင်ဖက် (Kamphaeng Phet) ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၂၉ ဦးကို ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ရွာသားများ၏ တိုင်ကြားချက်ကြောင့် ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။ ဘန်ကောက်သို့သွားရန် ကြိုပို့ကားကို တောတွင်းတစ်နေရာတွင် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ် ဖမ်းဆီးရခံသော မြန်မာအလုပ်သမားများ တွင် အမျိုးသား ၉၃ ဦး၊ အမျိုးသမီး ၃၆ ဦးပါဝင်ပြီး ထိုင်းနိုင်ငံသား လမ်းပြတစ်ဦးကိုပါ ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ၎င်းတို့သည် တာခ့်ခရိုင်ကို ဖြတ်ကျော်လာပြီးနောက် ဘန်ကောက်သို့သွားရန် ကားဖြင့်လာခေါ်မည့် ပွဲစားကို စောင့်နေကြခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများက ထွက်ဆိုကြသည်ဟု ဆိုသည်။ ထိုခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၂၀၀၀ ပေးရမည်ဖြစ်သော်လည်း ဘန်ကောက်ရောက်မှ […]

ထိုင်ဝမ်အရေးအတွက် အမေရိကန်နဲ့ တရုတ် စစ်ဖြစ်တော့မလား

diz_admin

June 14, 2022

ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတက တရုတ်ကို သတိပေးလိုက်ပြီး သီတင်းပတ်တွေ ကြာသွားပြီးတဲ့နောက် တရုတ်အစိုးရဘက် ကလည်း အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ပြန် ကန့်ကွက်လိုက်ပါတယ်။ ပြီးတော့ ထိုင်ဝမ် လွတ်လပ်ရေးအတွက် လုပ်ဆောင်လာတာ မှန်သမျှတွေကို ချေမှုန်းပစ်မယ်လို့ ကြုံးဝါးလိုက်ပါတယ်။ တနင်္ဂနွေနေ့မှာ တရုတ်ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖုန်ဟီ က အမေရိကန်ဟာ ထိုင်ဝမ်လွတ်လပ်ရေး ကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲလိုက်ပြီး ဒီလိုလုပ်ရပ်တွေဟာ ထိုင်ဝမ်ကိစ္စ သူတို့ပေးထားတဲ့ ကတိကဝတ် တွေကို ချိုးဖောက်ပြီး တရုတ်အရေးကို ကြားဝင်စွက်ဖက်နေတာလို့ ပြောကြားပါသေးတယ်။ “ဒီမှာ ရှင်းရှင်းလင်းလင်း ပြောထားချင်တာက၊ ထိုင်ဝမ် ကို တရုတ်ကနေ ခွဲထွက်ဖို့ လုပ်ဆောင်မယ်ဆို တိုက်ခိုက် ဖို့အတွက် နှောင့်နှေးနေမှာ မဟုတ်ပါဘူး။  အဆုံးအထိ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ […]